News

“မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဆင်းဖမ်းတဲ့ ကြက်ဝိုင်း…..ဆိုင်ကယ် (၂၈)စီး ဖမ်းမိ”

မြို့သစ် ဒီဇင်ဘာ ၁၂

ဒေသတွင်းတည်ငြိမ်ရေးအတွက် မြို့သစ်မြို့နယ် ၊ တပ်ကုန်းအုပ်စု ၊ ပေကံကုန်းကျေးရွာမှ ကြက်တိုက်လောင်းကစားဝိုင်းကို ဒီဇင်ဘာ ၁၂ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့်ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဒေသတွင်းတည်ငြိမ်ရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ကိုယ်တိုင်သတင်းရရှိ၍ ဦးဆောင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကြက် တိုက်လောင်းကစားသမားများမှာ ဆိုင်ကယ် ၂၈ စီးကို မောင်းချိန်မရ၍ ထားခဲ့ပြီး လူလွတ်ထွက်ပြေးခဲ့ကြသည်။

တရာခံပေါ်နိုင်ရေး တွန်းအားပေးဆောင် ရွက် သွားမည်ဟု သိရှိရပြီး ကျန်ရှိဆိုင်ကယ်များကို သက်သေများရှေ့မှောက်တွင် သိမ်းဆည်း၍ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားလျက်ရှိသည်။

အောင်ကျော်(မြို့သစ်)

#Magway Highlight