News

သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံနှစ်ဦးပေါင်း ရွေးကောက်ပွဲအသုံးစရိတ်

သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံနှစ်ဦးပေါင်း ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁ဝဝမပြည့်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးပေါင်း ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁ဝဝမပြည့်ကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးခွဲများကသိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ၈ရက်ကကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကော့မှူး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တို့တွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရွေးကောက်ပွဲ အသုံးစရိတ်နှင့်ပတ်သက်ပြီး “သက်မှတ်တဲ့ ခေါင်းစဉ်အောက်ကနေ သုံးစွဲတာ ဒေါ်အောင်ဆန်းစုကြည် အသုံးစရိတ်က ကျပ် ၆၃သိန်းဝန်းကျင်ရှိပါတယ်။ ကျွန်တော်တို့ခရိုင်မှာအများဆုံးက သိန်း၈ဝပါ။ ဒါကလည်း တဦးစနှစ်ဦးစပါ”ဟု တောင်ပိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ ဥက္ကဌ ဦးသိန်းလှိုင်ကပြောသည်။

ယင်းအပြင် ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် သမ္မတဦးဝင်းမြင့်၏ ရွေးကောက်ပွဲအသုံးစရိတ်မှာ ကျပ်သိန်း၃၀ ဝန်းကျင်သာရှိကြောင်း အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှသိရသည်။

ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အရပ်ရပ်တွင် ကိုယ်စားလှယ်‌လောင်းပေါင်း ၅၆၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အနိုင်ရရှိသူ၊ ရှုံးနှိမ့်ခဲ့သူ ကိုယ်စားလှယ်များအားလုံး ဒီဇင်ဘာ ၁၅ရက်နောက်ဆုံးထားပြီး ကောက်ပွဲကုန်ကျစရိတ်ကိုတင်သွင်းရမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းတဦး၏ ရွေးကောက်ပွဲအသုံးစရိတ်ကို ကျပ်သိန်း၁ဝဝထက်မပိုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသည်။

#TCM

#newswatch

#Credit