News

Mask မတပ်တဲ့ဈေးသည်တွေဆီကနေ ဈေးမဝယ်ကြဖို့ အစိုးရသတိပေး

ဒီဇင်ဘာ(၁၁)ရက်၊ ၂၀၂၀။

ကိုဗစ်ကာကွယ်ရေးစည်းကမ်းမလိုက်နာတဲ့ ဈေးသည်တွေရဲ့ဆိုင်ကနေ ပစ္စည်းနဲ့ အစားအသောက်တွေ မဝယ်ကြဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မွန်းလွဲပိုင်းမှာ သတိပေးလိုက်ပါတယ်။

သတိပေးချက်နဲ့အတူ နှာခေါင်းစည်းနဲ့ Face Shield မတပ်ထားတဲ့ ဈေးဆိုင်ပိုင်ရှင်တွေရဲ့ ဓာတ်ပုံတချို့ကိုလည်း ဖော်ပြခဲ့ပါတယ်။

အဲဒီလိုအကာအကွယ်တွေ မတပ်ထားတဲ့အတွက် ဈေးရောင်းသူတွေမှာ ကိုဗစ်ကပ်ရောဂါပိုးရှိရင် ဝယ်တဲ့သူတွေဆီကို ကူးစက်ပျံ့နှံ့စေမယ်လို့ ဆိုပါတယ်။
ဈေးဝယ်သူတွေအနေနဲ့လည်း ကိုယ်တိုင် Mask ကို စနစ်တကျတပ်ဆင်ဖို့တိုက်တွန်းထားပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာဈေးတာဝန်ခံတွေ တာဝန်ရှိသူတွေအနေနဲ့ Mask နဲ့ Face Shield စနစ်တကျမတပ်ထားတဲ့ ဈေးသည်တွေကို ဈေးရောင်းချခွင့် လုံးဝမပေးဖို့လည်း နှိုးဆော်ထားပါတယ်။

ဒီဇင်ဘာလ(၁၀)ရက်နေ့အထိတော့ မြန်မာနိုင်ငံမှာကိုဗစ်လူနာ (၁၀၄၄၈၇) ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ (၈၂၈၁၃) ယောက်နဲ့ သေဆုံးသူ(၂၂၀၁)ယောက်ရှိနေပါတယ်။

Photo : MOHS

#Covid19 #Mask #Myanmar #AP