မြန်မာပြည်တွင်မက ကမ္ဘာမှာပါ ဂင်းနစ်စံချိန်တင်တော့မည့်
———–*———–*———-*———*———
ကျောက်ဆည်မြို့နယ် သံရွာအုပ်စု သံနောက်ရွာမှာတည်ရှိတဲ့ လက်ပံပင်ကြီးကို ဒီနေ့ပဲ လာရောက်တိုင်းထွာသွားပါတယ်။
ရန်ကုန်မှာ တည်ရှိတဲ့ သစ်ပုတ်ပင်ကြီးရဲ့ ပင်စည်ဟာ ၅၆ပေပဲတည်ရှိပြီး၊ ကျွန်တော်တို့သံရွာနယ်မှာ ရှိတဲ့ လက်ပံပင်ကြီးကတော့၇၉ ပေ ၁၀လက်မ ရှိပါတယ်။ လက်ရှိအမြင့်ပေ ၂၉၀ရှိပါတယ်။
အရင်တချိန်တုန်းက ယခုလက်ပံပင်ကြီးကို ကမ္ဘာလှည့်ခရီးသည်တွေ တအံ့တသြနဲ့ဓာတ်ပုံတွေရိုက်ကြတာရှိပါတယ်။
ကျွန်တော်တို့နယ်သူ/သားတွေက တော့မထူးဆန်း ဒီလိုအပင်တွေနယ်မှာများစွာရှိတာကိုး နောက်ပြီး အခုပင်ဟာတောင်ကြီးမြို့ တတ်ရာလမ်းဘေးမှာတည်ရှိနေလေတော့ ပိုပြီးတင့်တယ်သွားတာပေါ့ဗျာ။
လာလည်ကြပါ မိတ်ဆွေတို့ရေ …သံရွာနယ်မှာ အထင်ကရနေရာတွေများစွာရှိနေပါသေးတယ်။
ကိုဂျော့
credit