ဗဟုသုတ

ကျွန်တော် အလုပ်မနားရဲဘူး…..ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော်မှာစုထားတဲ့ငွေ မရှိလို့ပဲ

ကျွန်တော် အလုပ်မနားရဲဘူး…..ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော်မှာစုထားတဲ့ငွေ မရှိလို့ပဲ

ကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူးဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လုပ်လက်စအလုပ်တွေ မပြီးသေးလို့ပဲ

ကျွန်တော် အပျင်းမကြီးရဲဘူးဘာကြောင့်လည်း ဆိုတော့ကျွန်တော်ထက်သာတဲ့ သူတွေတောင်ကြိုးစား နေကြဆဲလို့ပါ

ကျွန်တော်မှာ ရွေးစရာလမ်းတွေအများကြီးဒါပေမယ့် ရွေးပြီးသား လမ်းကိုတော့ဘယ်တော့မှ မပစ်ဘူးဘယ်သူဘယ်လောက်ပဲကျွန်တော်ကို မကောင်းဘူးပြောပြောအချိန်တန်တော့ သူ့ဘာသာသူနားလည်သွားပါလိမ့်မယ်

စိတ်ထဲမှာ လာထည့်ထားနစရော မလိုပါဘူးကိုယ်ဘယ်သူ့ အပေါ်မှာမှအကြွေးမတင်ရင် တော်ပါပြီ

စိတ်အေးအေးထားတက်အောင် ကြိုးစားပါလူ့ ဘဝဆိုတာ အတက်ရှိသလိုအဆင်းလဲ ရှိတတ်ပါတယ်သူများတွေကို လိုက်ပြီးကဲ့ရဲ့နစရောလဲ မလိုပါဘူးဘဝကပေးတဲ့ သင်္ခန်းစာတွေကိုကြေညှက်လေလေကိုယ်က ကံကောင်းလေလေပါပဲ

လူ့လောကကြီးမှာ ဘယ်အလုပ်မှမပင်ပန်းဘူးဆိုတာ မရှိပါဘူးမရှုပ်ထွေးတဲ့ မိသားစုအသိုင်းဝိုင်း ဆိုတာလည်း မရှိပါဘူးကျွန်တော်ရွေးချယ်တဲ့ လမ်းကတော့လုံးလ ဝီရိယ ဇွဲ ဆိုတဲ့ လမ်းကိုပါပဲကျွန်တော် ဘယ်သူ့ကိုမှမနာလို မဖြစ်ပါဘူး

ဒီအခြေအနေထိရောက်ဖို့ဘယ်လောက်ထိ နေ့မနား ညမနားလုပ်ခဲ့လဲ ဆိုတာပဲမေးကြည့်လိုက်ပါလူတိုင်း လူတိုင်း လည်းလွတ်လပ်မှုကိုလိုချင်ကြ မှာပါပဲအလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူ ကို တောင်မေးကြည့် လိုက်ပါသူတို့လည်း သူတို့အပူနဲ့ သူတို့ပါပစ္စည်း ဥစ္စာ ကိုယ်ပိုင် လုပ်ငန်းနဲ့ကိုယ့်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆိုတန်ဖိုးရှိအောင် သုံးပါ

ဒါကြောင့် ဘယ်သူ့ကိုမှမနာလိုစရာ အကြောင်းမရှိဘူးလူ့ဘဝက တိုတိုလေးပါဘာမှ ပြိုင်စရာမရှိပါဘူးကိုယ်ဘယ်လောက် ကုသိုလ်တွေ လုပ်ပြီးပြီးလဲ ဆိုတာပြန်ဆန်းစစ်ကြည့်လိုက်ပါသင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ

လူတိုင်းလူတိုင်းဟာ သူလိုကိုယ်လိုပဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်သဘောထား ကြီးကြီးထားပါမောင်နှစ်မလို ဆက်ဆံပါအားပေးအပြုံးလေးတွေ ပေးပါဒီလို ဆိုရင်တော့ လောကကြီးကပျော်စရာကြီးပါ

👉Change your way , and change your life

လေးစားလျက်ပြန်၍

မျှဝေပေးခြင်းသာ