ရှားပါးအဖြူရောင် သစ်ကုလားအုတ် ကမ္ဘာပေါ်မှာ တကောင်ထဲသာ_ကျန်ရှိ
ကမ္ဘာမှာ တကောင်ထဲ ရှိတော့တယ်လို့ ထင်ရတဲ့ သစ်ကုလားအုပ်ကို ခြေရာခံစံနစ် ပါဝင်တဲ့ ကရိယာတပ်ဆင်ကင်ညာအရှေ့မြောက် ဒေသမှာရှိတဲ့ သီးသန့်တနေရာမှာ ထားရှိတဲ့ ကမ္ဘာပေါ်မှာ တကောင်ထဲသာ ရှိတော့တယ်လို့ သိထားတဲ့အဖြူရောင် သစ်ကုလားအုတ်ကို ကျူးကျော်ဝင်ရောက် ခိုးယူမဲ့သူများရဲ့ ဘေးအန္တရာယ်မှ တားဆီးကာကွယ်ဖို့အတွက်GPS ခြေရာခံကရိယာ တပ်ဆင်ပေးခဲ့တယ် လို့သဘာဝပတ်ဝန်းကျင် ချစ်ခင်မြတ်နိုးသူများကပြောဆိုပါတယ်။.
တကောင်ထဲ သွားလာနေတဲ့ သစ်ကုလားအုပ်ထီးရဲ့လှုပ်ရှားမှုတွေကို အချိန်နဲ့အမျှ ဖမ်းယူပြီး ပြန်ကြားပို့ဆောင်ပေးနေတာကိုတောစောင့် အမှုထမ်းတွေက ရုပ်မြင်သံကြား ဖန်သားပြင်က တဆင့်စောင့်ကြည့် နိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ချစ်ခင်မြတ်နိုးသူများ အုပ်စုက ပြောပါတယ်။
ဒီသစ်ကုလားအုပ်ဟာ Leucism လို့ ခေါ်တဲ့ အရေပြားပေါ်မှာ အရောင်ဖြစ်ပေါ်မှု ဆုံးရှုံးသွားစေတဲ့ ရှားပါးတဲ့မျိုးရိုးဗီဇအခြေအနေတခု ဖြစ်ပေါ်နေပါတယ်။မတ်လတုန်းက တရားမဝင် ကျူးကျော်ဝင်ရောက်ပြီး တိရာစ္ဆာန်တွေကို ခိုးယူဖမ်းဆီးသူတွေက သူ့မိသားစုဝင် နှစ်ဦးကိုဖမ်းဆီးသတ်ဖြတ် သွားခဲ့ကြပြီး နောက်မှာ ဒီသစ်ကုလားအုတ်ဟာ သူနဲ့မျိုးတူတွေထဲမှာ တကောင်ထဲကျန်ရစ်တဲ့အကောင် ဖြစ်မယ်လို့ ယူဆထားကြပါတယ်။
သူ့လို အလားတူ အဖြူရောင်ရှိတဲ့ သစ်ကုလားအုပ်အမတကောင် နဲ့ ၇ လသားအရွယ် သစ်ကုလားအုတ် ငယ်လေးတကောင် ကြုံတွေ့ခဲ့ရတဲ့ ကံကြမ္မာလို မျိုး
သူ့ကိုလဲ မုဆိုးတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံရမှာကို တောခေါင်းတွေက စိုးရိမ်နေကြ ပါတယ်။သူတို့ဟာ ကင်ညာနိုင်ငံရဲ့ အရှေ့မြောက်ဘက် ဂါရစ်ဆာ စီရင်စုမှာရှိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာအတွင်းမှာ သစ်ကုလားအုတ် အသေကောင် ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ကြပြီးနောက်လောလောဆယ် အဲဒီနေရာမှာ သစ်ကုလားအုတ်အထီး တကောင်ထဲကျန်ရစ်ပြီး နေထိုင်နေပါတယ်။
ရှားပါးတဲ့ သစ်ကုလားအုတ်ဖြူတွေ ကင်ညာမှာ တိရာစ္ဆာန် မုဆိုးတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံနေရပြီး အစ်ရှက်ဘီနီ ဟီရိုလာ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရေး လူမှုအဖွဲ့အစည်းကအဲ့ဒီဧရိယာ ဝန်းကျင်မှာရှိတဲ့ တောရိုင်းတိရာစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်နေပြီးနိုဝင်ဘာလ ၈ရက်နေ့ကသစ်ကုလားအုတ်ရဲ့ ဦးချိုတွေမှာ ခြေရာခံကရိယာ တပ်ဆင်ပေးခဲ့တယ်လို့ ပြောပါတယ်။
အကျိုးအမြတ် မရည်ရွယ်ထားတဲ့ ဒီစေတနာ့ဝန်ထမ်း အဖွဲ့ဟာ ရှားပါးတဲ့ တိရာစ္ဆာန်တွေကို မုဆိုးတွေက ကျူးကျော်ဝင်ရောက် ဖမ်းဆီးသတ်ဖြတ် နေတာကနေ ကာကွယ်ပေးဖို့ တိရာစ္ဆာန်တွေ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အချိန်နဲ့အမျှ ပြန်လည်သတင်းပို့ပေးနိုင်တဲ့ခြေရာခံစက်တွေကို ကုလားအုတ်တွေရဲ့ ကိုယ်ပေါ်မှာ တပ်ဆင်ပေးထားတယ်လို့ ပြောပါတယ်။
အရှေ့အာဖရိက တိုင်းပြည်မှာရှိတဲ့ အဓိကကျတဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တခုဖြစ်တဲ့ တောရိုင်းတိရာစ္ဆာန် ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့ကတကောင်ထဲကျန်ရစ်တော့တဲ့ ကုလားအုတ်ဖြူလို ရှားပါးတိရာစ္ဆာန်မျိုးကို ကာကွယ်စောင့်ရှောက်ရာမှာ ပါဝင်ကူညီရတဲ့အတွက် ဝမ်းသာပျော်ရွှင် မိတယ်လို့ ပြောပါတယ်။
အိမ်နီးချင်း တန်ဇန်နီးယား နိုင်ငံမှာ တခါတွေ့မြင်ခဲ့ရပြီးနောက်၂လအကြာမှာ ကင်ညာနိုင်ငံမှာ ရှားပါးတဲ့ကုလားအုတ်ဖြူတွေကို၂၀၁၆ခုနှစ်မတ်လတုန်းက ပဌမဆုံးအကြိမ် စတင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။နောက်တနှစ်အကြာမှာ ကင်ညာနိုင်ငံ ဂါရစ်ဆာ စီရင်စုမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မိခင် ကုလားအုတ်ဖြူတကောင် နဲ့ သားပေါက်တကောင်ကို တွေ့ရှိပြီး ကင်မရာနဲ့ ဓာတ်ပုံရိုက်ယူ မှတ်တမ်းတင် နိုင်ခဲ့တာကြောင့်သတင်းစာတွေပေါ်မှာ ခေါင်းစီးစာလုံးတွေ နဲ့ နောက်တကြိမ် ပြန်လည် တွေ့မြင်ကြရပါတယ်။
ကုလားအုတ်တွေအတွက် အာဖရိက ၁၅နိုင်ငံကျော်ဟာ သူတို့ရဲ့နေရပ်ဇာတိတွေ ဖြစ်ကြပြီး ၊သူတို့ဟာ ကမ္ဘာ့ခြေတံအရှည်ဆုံး သတ္တဝါများဖြစ်ကြပါတယ်။သူတို့ရဲ့အရေခွံ၊ အသား နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လိုချင်ကြတာ ကြောင့် သူတို့ဟာ တိရာစ္ဆာန်မုဆိုးတွေရဲ့အမဲလိုက် သတ်ဖြတ်တာကို ခံနေကြရပါတယ်။
တရားမဝင် ကျူးကျော်ဝင်ရောက် ဖမ်းဆီးသတ်ဖြတ်ခြင်းတွေနဲ့ တောရိုင်းတိရာစ္ဆာန်မှောင်ခိုကုန်ကူးခြင်း တွေကြောင့်လွန်ခဲ့တဲ့ နှစ်၃၀ အတွင်းမှာသစ်ကုလားအုတ် ကောင်ရေ ၄၀ရာခိုင်နှုန်းလောက်အထိကျဆင်း ပျောက်ကွယ်သွားခဲ့ရတယ်လို့ အာဖရိက တောရိုင်းတိရာစ္ဆာန်ဖောင်ဒေးရှင်း(AWF)က ပြောဆိုထားပါတယ်။
သဘာဝပတ်ဝန်းကျင်ရဲ့ အနီရောင်စာရင်း ထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံတကာအဖွဲ့အစည်း (IUCN) က ကုလားအုတ်တွေဟာ မျိုးသုန်းပျောက်ကွယ် မသွားအောင်ခုခံကာကွယ်နိုင်ဖို့ အားနည်းတဲ့ မျိုးစိတ်တခုအဖြစ်သတ်မှတ်ထားပြီး၊ တကမ္ဘာလုံးမှာ ကောင်ရေ ၆၈၂၉၃ လောက်သာ ရှိတော့တယ်လို့တွက်ချက်ခန့်မှန်းထားပါတယ်။
(အနီရောင်စာရင်း ဆိုသည်မှာမျိုးသုန်း ပျောက်ကွယ်လုနီးပါးဖြစ်နေသောတိရာစ္ဆာန်များကို ပြုစုထားသောစာရင်း
ဖြစ်ပါသည်။ ဘာသာပြန်သူ)
Ref:Sea Turtle (Environmental Conservation Organization) Yangon Nation