Covid 19 myanmar

မန္တလေး၌ တောင်းရမ်းစားသောက်သူတစ်ဦး လမ်းဘေးလဲကျနေသဖြင့် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့၊

မောင်မင်းမော် ၊ ဒီဇင်ဘာ – ၁၁

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်တံတား အရှေ့ဘက် ၇၈လမ်းအနီးရှိ စတိုးဆိုင် ရှေ့တွင် တောင်းရမ်းစားသောက်သူ အမျိုးသားတစ်ဦး လဲကျနေသည်ကို တွေ့ရှိသဖြင့် COVID-19 ရောဂါပိုး ကူးစက်ခံရခြင်း ဟုတ်၊မဟုတ် စစ်ဆေးခဲ့ရာ Positive (ပိုးတွေ့) အဖြေထွက်ကြောင်း မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သတင်းရရှိသည်။

ဒီဇင်ဘာ(၁၀)ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး လမ်းဘေး လဲကျနေသည်ကို တွေ့ရှိသဖြင့် လူမှုကူညီရေးအသင်း ကားဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ကာ စစ်ဆေးရာမှ COVID-19 ရောဂါပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း၊ ၎င်းသည် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်၌ နေထိုင်သူ ဖြစ်ပြီး ဘဏ်၊ စတိုးဆိုင်များ ရှေ့၌ တောင်းရမ်းစားသောက်နေသူ ဖြစ်ကြောင်း၊ ချမ်းမြသာစည်မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်၊ ဒု- မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောသည်။

“အဆင်မပြေလို့ တောင်းစားတဲ့သူပေါ့။ ဟိုလို ကော်ရှူတဲ့ ကလေးတွေလိုတော့ မဟုတ်ဘူးပေါ့။ မိသားစုနဲ့ ကျူးကျော်အိမ် ရှိတယ်တဲ့” ဟု ဦးစိုးဇေယျာထွန်းက ပြောသည်။

အထက်ပါ ပိုးတွေ့ရှိသူ အမျိုးသားအား သက်ဆိုင်ရာ COVID-19 ကုသရေး ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်သူ မိသားဝင်များအပါအဝင် (၁၅)ဦးကို ကွာရန်တင်း ပို့ထားသည်ဟု ၎င်းက ပြောသည်။

COVID-19 ရောဂါပိုး တွေ့ရှိသည့် အဆိုပါ အမျိုးသားသည် အသက်(၆၀)ဝန်းကျင်းအရွယ် ဖြစ်ပြီး တောင်းရမ်းနေစဉ် လဲကျသွားရာမှ အားမရှိသဖြင့် ပြန်မထနိုင်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းအမျိုးသားကို ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည့် တဝမေတ္တာ အောက်ဆီဂျင် လူမှုကယ်ဆယ်ရေးအသင်းနှင့် အဖြူရောင် မန္တလာ လူမှုကူညီရေးအသင်း တာဝန်ရှိသူများက ပြောသည်။

“အသက်ရှူကြပ်တဲ့ ပုံစံမျိုးပေါ့။ သတိတော့ရတယ်။ လဲလျက်အတိုင်းပဲ အားမရှိတော့ မထနိုင်တာပေါ့” ဟု အဖြူရောင်မန္တလာ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်ဇင်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၂၁)ရက်ကလည်း ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော် တံတားအနီး သံလမ်းဘေးတွင် သေဆုံးနေသည့် အသက်(၁၅)နှစ်အရွယ် တောင်ရမ်းစားသောက်သူ လူငယ်တစ်ဦး၏ တွေ့ရှိခဲ့ပြီး အလောင်းကို စစ်ဆေးရာ COVID-19 ရောဂါပိုး ကူးစက်ဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သေးသည်။

ချမ်းမြသာစည်မြို့နယ် အပါအဝင် မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်မှုနှင့် သေဆုံးမှု မြင့်တက်လျှက် ရှိသည်။

ဒီဇင်ဘာ(၁၀)ရက်အထိ ချမ်းမြသာစည်မြို့နယ်အတွင်း COVID-19 အတည်ပြုလူနာ (၇၃၄)ဦး ရှိကာ ၎င်းတို့အနက် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းသူ (၄၁၆)ဦး၊ ဆေးရုံတက်ရောက်နေဆဲ (၃၀၉)ဦးနှင့် သေဆုံးသူ (၉)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

မန္တလေးခရိုင်အတွင်း လူ(၁၀၀၀)လျှင် ငါးဦးနှုန်းခန့် COVID-19 ကူးစက်ဖြစ်ပွားလျှက် ရှိကြောင်း အထက်ပါ ကော်မတီက ခန့်မှန်းထားသည်။

လမ်းဘေးလဲကျနေသူကို ဆေးရုံသို့ ပို့ဆောင်စဉ်/ Photo – အဖြူရောင် မန္တလာ လူမှုကယ်ဆယ်ရေးအဖွဲ့

https://www.facebook.com/mandalayindepthnews

#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #ကူးစက် #ကိုဗစ်

မန္တလေး၌ တောင်းရမ်းစားသောက်သူတစ်ဦး လမ်းဘေးလဲကျနေသဖြင့် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့၊

မောင်မင်းမော် ၊ ဒီဇင်ဘာ – ၁၁

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်တံတား အရှေ့ဘက် ၇၈လမ်းအနီးရှိ စတိုးဆိုင် ရှေ့တွင် တောင်းရမ်းစားသောက်သူ အမျိုးသားတစ်ဦး လဲကျနေသည်ကို တွေ့ရှိသဖြင့် COVID-19 ရောဂါပိုး ကူးစက်ခံရခြင်း ဟုတ်၊မဟုတ် စစ်ဆေးခဲ့ရာ Positive (ပိုးတွေ့) အဖြေထွက်ကြောင်း မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သတင်းရရှိသည်။

ဒီဇင်ဘာ(၁၀)ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး လမ်းဘေး လဲကျနေသည်ကို တွေ့ရှိသဖြင့် လူမှုကူညီရေးအသင်း ကားဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ကာ စစ်ဆေးရာမှ COVID-19 ရောဂါပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း၊ ၎င်းသည် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်၌ နေထိုင်သူ ဖြစ်ပြီး ဘဏ်၊ စတိုးဆိုင်များ ရှေ့၌ တောင်းရမ်းစားသောက်နေသူ ဖြစ်‌ကြောင်း၊ ချမ်းမြသာစည်မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်၊ ဒု- မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောသည်။

“အဆင်မပြေလို့ တောင်းစားတဲ့သူပေါ့။ ဟိုလို ကော်ရှူတဲ့ ကလေးတွေလို‌တော့ မဟုတ်ဘူး‌ပေါ့။ မိသားစုနဲ့ ကျူးကျော်အိမ် ရှိတယ်တဲ့” ဟု ဦးစိုးဇေယျာထွန်းက ပြောသည်။

အထက်ပါ ပိုးတွေ့ရှိသူ အမျိုးသားအား သက်ဆိုင်ရာ COVID-19 ကုသရေး ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်သူ မိသားဝင်များအပါအဝင် (၁၅)ဦးကို ကွာရန်တင်း ပို့ထားသည်ဟု ၎င်းက ပြောသည်။

COVID-19 ရောဂါပိုး တွေ့ရှိသည့် အဆိုပါ အမျိုးသားသည် အသက်(၆၀)ဝန်းကျင်းအရွယ် ဖြစ်ပြီး တောင်းရမ်းနေစဉ် လဲကျသွားရာမှ အားမရှိသဖြင့် ပြန်မထနိုင်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းအမျိုးသားကို ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည့် တဝမေတ္တာ အောက်ဆီဂျင် လူမှုကယ်ဆယ်ရေးအသင်းနှင့် အဖြူရောင် မန္တလာ လူမှုကူညီရေးအသင်း တာဝန်ရှိသူများက ပြောသည်။

“အသက်ရှူကြပ်တဲ့ ပုံစံမျိုးပေါ့။ သတိတော့ရတယ်။ လဲလျက်အတိုင်းပဲ အားမရှိတော့ မထနိုင်တာပေါ့” ဟု အဖြူရောင်မန္တလာ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်ဇင်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၂၁)ရက်ကလည်း ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော် တံတားအနီး သံလမ်းဘေးတွင် သေဆုံးနေသည့် အသက်(၁၅)နှစ်အရွယ် တောင်ရမ်းစားသောက်သူ လူငယ်တစ်ဦး၏ တွေ့ရှိခဲ့ပြီး အလောင်းကို စစ်ဆေးရာ COVID-19 ရောဂါပိုး ကူးစက်ဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သေးသည်။

ချမ်းမြသာစည်မြို့နယ် အပါအ၀င် မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်မှုနှင့် သေဆုံးမှု မြင့်တက်လျှက် ရှိသည်။