News

“စိုးရိမ် ထိန်လန့်ဖွယ် ရလာဒ်ကြောင့် ဩစတေးလျရဲ့ ကိုဗစ်ကာကွယ်ဆေး တီထွင်စမ်းသပ်မှုကို ရပ်လိုက်ရ”

University of Queensland ရဲ့ ကိုဗစ်ကာကွယ်ဆေးစမ်းသပ်နေသူများမှာ false HIV အဖြေပြတဲ့အတွက် တီထွင်စမ်းသပ်နေမှုကို #အပြီးအပိုင်ရပ်တန့်လိုက်ပါပြီ။

ဒါ့ကြောင့် ဩစတေးလျအစိုးရဟာ ပြည်ပကကာကွယ်ဆေးတွေကို ပိုမိုဝယ်ယူဖို့ ပြင်ဆင်နေပါတယ်။

အဲ့ဒီကာကွယ်ဆေးဟာ အခုမှ Phase 1 စမ်းသပ်မှုအဆင့်ပဲရှိသေးတာပါ။

ကိုဗစ်ကာကွယ်ဆေးနဲ့ #ခုခံစွမ်းအားကျရောဂါ HIV positive ပြတဲ့ကိစ္စကိုပြောကြတာရှိဖူးပါတယ်။ ရေးမယ်ရေးမယ်နဲ့မရေးခဲ့ဖြစ်ပါ။

အခုကာကွယ်ဆေးမှာ HIV ပရိုတိန်း ပမာဏနည်းနည်းကို “molecular clamp” အနေနဲ့သုံးထားတဲ့အတွက် ကာကွယ်ဆေးထိုးထားသူများမှာ #ခုခံစွမ်းအားကျရောဂါပိုးသွားစစ်ရင် Positive လို့အဖြေမှားထွက်နိုင်ပါတယ်။

ဩစတေးလျရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ရလဒ်ကောင်းတွေရနေပေမယ့်လည်း HIV ရောဂါစစ်ဆေးမှုမှာ Positive တွေပြကုန်နိုင်တဲ့အတွက် …

▪️HIV ရောဂါစစ်ဆေးမှုမှာ ရှုပ်ထွေးမှုတွေရှိလာနိုင်ပါတယ်။

▪️ကာကွယ်ဆေးထိုးထားသူတွေမှာလည်း HIV positive လာပြရင် ဒွိဟတွေဖြစ်ပြီး ကာကွယ်ဆေးအပေါ် ယုံကြည်မှုလျော့နည်းသွားနိုင်ပါတယ်။

ဒီဇိုင်းမှားယွင်းမှုကြောင့် #ရလဒ်ကောင်းနိုင်သော်လည်းမသုံးသင့်တဲ့ကာကွယ်ဆေးဖြစ်သွားတဲ့အတွက် အချိန်တွေ၊ ငွေတွေအတော်ဆုံးရှုံးခဲ့မှာဖြစ်ပြီး နောင်အနာဂတ်ကာကွယ်ဆေးထုတ်သူများအတွက် သင်ခန်းစာယူစရာဖြစ်ပါကြောင်း။

ဒီရက်ပိုင်း မအားလပ်တဲ့အတွက် အချိန်တိုတိုနဲ့ချုံ့ရေးရတာကို ခွင့်လွှတ်ကြပါ။

Richard Myo Thant

11-December -2020