ဘွဲ့ရဝန်ထမ်းအလိုရှိသည်*ဘွဲ့ရလစာ ၁၇၀,၀၀၀ ကျပ်လို့ အလုပ်ခေါ်စာတွေမြင်ရင် ရင်နာတယ်။
၂၂၀,၀၀၀ကျပ်လို့တွေ့ရင် ဆဲချင်တယ်။ဆယ်တန်းမှာလည်း မအောင်မချင်းကြိုးစားရတာတွေDay ပဲတက်တက်။ အဝေးသင်ပဲတက်တက်။
လေးနှစ်လောက်ကို ဖယ်ရီသမားကိုလုပ်ကျွေး။ကျူရှင်ပြတဲ့ဆရာမတွေကိုလုပ်ကျွေး။လိုင်းကားစီး နေပူကျဲတဲ အမဲခြောက်အဖြစ်ခံ။ဝေးလံခေါင်ဖျားသွားတက်ခဲ့ရတာ။
ပြန်ရတော့ တစ်လကို ၁၇၀,၀၀၀ တဲ့လား…?တက္ကသိုလ်ဆိုတာ တွေးတက်ခေါ်တက်အောင်သင်ပေးတာတဲ့။မတွေးတက်ခဲ့ဘူး တွေးဖို့အချိန်မရှိခဲ့ဘူး
၆ပုဒ်ဖြေနိုင်ဖို့ အောင်မှတ်ရဖို့ နောက်တနှစ်မြန်မြန်တက်ရဖို့ …ဒါပဲ
တွေးတက်ဖို့လည်းမသင်ပေးခဲ့သလိုကိုယ်တိုင်လည်းမတွေးခဲ့ကြဘူးနေ့စဉ်ဖယ်ရီစီးရတဲ့ဒုက္ခလိုင်းကားစီးရတဲ့ဒုက္ခBar လောက်နီးနီးစျေးကြီးတဲ့ကန်တင်းမှာဝယ်စားရတဲ့ဒုက္ခ
နားမလည်တဲ့စာတွေကို စာကြည့်တိုက်မသွား online မှာမရှာresearch မရှိ lab မရှိဘဲဘောလ်ပင်နဲ့ရေးကျက်နေရတဲ့ဒုက္ခ
ဒီဒုက္ခမျိုးစုံနဲ့ ၄နှစ် ၅နှစ်တက်ပြီးမှ
“အမေ..သား ၁၇၀,၀၀၀တန်အလုပ်ရပြီ”လို့ဝမ်းသာအားရပြေးဖက်ပြီးပျော်ရတဲ့ဘဝ…
ပညာဆိုတာ..ဘာညာတွေမပြောပါနဲ့သိပြီးသားကျောင်းသား တစ်ထောင်မှာအယောက်၉၀၀ကျော်က ဒီပညာတွေစိတ်ဝင်စားလွန်းလိုလာတက်ကြတာမျိုးမဟုတ်ဘဲ
မှီတဲ့အမှတ်နဲ့ ရတဲ့ကျောင်းကိုတက်အဲ့ကျောင်းကဘွဲ့ကိုမြန်မြန်ယူပြီးဘွဲ့လက်မှတ်ကိုင် အလုပ်ရှာကြတာ
ဒါငြင်းမရတဲ့အချက်…
ရင်နာလိုက်တဲ့ဖြစ်ခြင်း…
ဘွဲ့ရအိမ်ဖော်
ဘွဲ့ရ security
ဘွဲ့ရ driver
ဘွဲ့ရ သန့်ရှင်းရေး
ဘွဲ့ရ စျေးသည်
ယူထားတဲ့ဘွဲ့နဲ့ လုပ်ရတဲ့အလုပ်ကတခြားစီနံရံမှာကပ်ထားတဲ့ဘွဲ့ယူတဲ့ပုံတစ်ပုံရဖို့အချိန် လေးငါးနှစ်နဲ့ ငွေသိန်းပေါင်းများစွာရင်းခဲ့ရတဲ့အဖြစ်..
အင်ဂျင်နီယာဘွဲ့ရကို တလ၃သိန်းတဲ့ စုပြုံတိုးနေရတဲ့ဘဝ
ဘိန်းရောင်းပြီး ဘီလီယံနာဖြစ်တဲ့ကောင်တွေ..အဘတွေ အဖေတွေနဲ့အကြောင်းသင့်လို့…ခရိုနီဖြစ်နေတဲ့ကောင်တွေ…ခိုးထားတာကိုပြန်စစ်ခွင့်မရှိတဲ့နိုင်ငံမှာ
သူခိုးလို့အခေါ်မခံရတဲ့ကောင်တွေအောက်မှာတို့များဘွဲ့ရတွေက ကျွန်သာသာပဲကျွန်ပဲဆိုပါတော့လေ….
ဆယ်တန်းမအောင်ရင်…ဆက်မဖြေရင် မြန်မြန်ကျွန်ဖြစ်ပြီး…တက္ကသိုလ်ဆက်တက်ရင်…ဘွဲ့ရရင် နောက်မှကျွန်ဖြစ်မယ်
ဒီနိုင်ငံ ဒီအခြေအနေ ဒီပညာရေးမှာဒီလိုဖြစ်နေဦးမှာပဲ…မျှော်လင့်မိတယ်
ဝါသနာပါတာကို တက်ခွင့် လေ့လာခွင့်တွေ..တက်သွားရင်ရလာမယ့် ထိုက်တန်တဲ့ဘွဲ့…အဲဒီဘွဲ့ကိုလေးစားတန်ဖိုးထားမယ့် ..လူ့အသိုင်းအဝိုင်းတစ်ခု…ကိုယ်ကျွမ်းကျင်ရာဘွဲ့နဲ့…စိတ်ဝင်စားတဲ့အလုပ်ကိုလုပ်ရင်း…ရလာမယ့် တူတူတန်တန်လုပ်အားခ…
ဘယ်တော့များမှ ဖြစ်လာမလဲ…ကိုတွေမမှီလည်း နောက်မျိုးဆက်တစ်ခုအတွက်မျှော်လင့်မိတယ်…
ခုတော့ နံရံ ပေါ်ကပ်ထားတဲ့…ဘွဲ့ရ ၁၇၀,၀၀၀တန်ကြော်ငြာလေးကိုကြည့်ရင်း…
#credit