ဗဟုသုတ

“ဘာသာမဲ့တွေ အများဆုံးနေထိုင်တဲ့ နိုင်ငံတွေ နှင့် ဘာသာတရားကိုင်းရှိုင်းတဲ့ နိုင်ငံတွေကြားက စိတ်ဝင်စားဖွယ် ကွာခြားချက်”

ယနေ့အချိန်တွင် ဘာသာမဲ့ နိုင်ငံများတွင် မေတ္တာတရားထွန်းကား၍ လူသတ်သော အပြစ်ရှိသူပင် သေဒဏ်အပြစ်ပေးခြင်း မလုပ်တော့ပေ။ ဘာသာရေး ထွန်းကားသော နိုင်ငံများသည်ကား ဘာသာရေး စာအုပ်တအုပ်အတွက်ပင်လျှင် သေဒါဏ် အဖြစ် ပေးကြသော မဟာဂရုဏာရှင်များ အဖြစ် ရပ်တည်ကြသည်။

၁။ ဆွီဒင် ( ၈၅ % ) ဘာသာမဲ့

ကမ္ဘာပေါ်ရှိဆင်းရဲသောနိုင်ငံများကို ကူညီလျှုဒါန်းရာတွင် ကမ္ဘာ့နံပါတ်တစ် အများဆုံးဖြစ်သောနိုင်ငံ၊ IT နည်းပညာ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သည်။

၂။ ဒိန်းမတ် ( ၈၀ % ) ဘာသာမဲ့

စိတ်ချမ်းသာပျော်ရွှင်ဖွယ် အကောင်းဆုံးနိုင်ငံအဖြစ်အသိမှတ်ပြုခံထားရပြီး ဆွီဒင်ကဲ့သို. ဆင်းရဲသောနိုင်ငံများအား လျှုဒါန်းမှုမြင့်မားသောနိုင်ငံဖြစ်သည်။

၃။ နော်ဝေ ( ၇၂ % ) ဘာသာမဲ့

UNDP မှ နေထိုင်ရန်အသင့်တော်ဆုံးအဖြစ် သတ်မှတ်ထားခြင်းခံရသောနိုင်ငံ ဒုက္ခသည်များကိုကူညီစောင့်ရှောက်ပေးသောနိုင်ငံ၊ လူအခွင့်အရေးအလွန်မြင့်မားသောနိုင်ငံဖြစ်သည်။

၄။ ဖင်လန် ( ၇၀ % ) ဘာသာမဲ့

အေးချမ်းစွာနေထိုင်တတ်သော လူအများစုနေထိုင်ပြီးနှစ်စဉ်အနောက်နိုင်ငံများတွင် သချာင်္ရမှတ်အားနှင့် စာဖတ်စွမ်းရည်ရမှတ်အား အများဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံထားရသည်။

၅။ ဂျပန် ( ၆၅ % ) ဘာသာမဲ့

စီးပွားရေးအင်အားတောင့်တင်းသောနိုင်ငံ၊ အာရှရှိဆင်းရဲသောနိုင်ငံများတွင် စာသင်ကျောင်းနှင့် အခြားအကူအညီများပေးသောနိုင်ငံ၊ လူတစ်ဦးခြင်း ကိုယ်ပိုင်အသိစိတ်ဖြင့် စည်းကမ်းရှိသောနိုင်ငံ၊ နည်းပညာအဆင့်မြင့်သောနိုင်ငံဖြစ်သည်။

၆။ တောင်ကိုးရီးယား ( ၅၂ % ) ဘာသာမဲ့

GDP နှစ်စဉ်မြင့်တက်နေသောနိုင်ငံ စည်းကမ်းကောင်းသောနိုင်ငံ၊ ဂျပန်ကဲ့သို့နည်းပညာကောင်းသောနိုင်ငံ၊ ၎င်းတို့၏ ဖက်ရှင်နှင့်ရုပ်သံဇတ်လမ်းများကို ပြည်ပနိုင်ငံများကို လွှမ်မိုးအောင်စွမ်းဆောင်နိုင်သောနိုင်ငံဖြစ်သည်။

( မှတ်ချက် )

ဆင်းရဲ၍၊ တီထွင်ဖန်တီးမှုဥာဏ်စွမ်းမရှိသော၊ ပဋိပက္ခများပေါများသော၊ စစ်ပွဲများအတောမသတ်သောနိုင်ငံများ အတတ်ပညာနည်းပါး၍၊ လူ.အခွင့်အရေးအားနည်းသောနိုင်ငံများကိုကြည့်လျှင် ဘာသာတရားအလွန်ကိုင်းရှိုင်းသောနိုင်ငံများဖြစ်နေသည်ကိုတွေ.ရပေမည်။

ဥပမာ – ဆိုမားလီယားသည် ( ၉၉.၉ % ) ဘာသာတရားကိုင်းရှိုင်းသူများနေထိုင်ပြီး ပဋိပက္ခအဖြစ်များဆုံး၊ တည်ငြိမ်အေးချမ်းမှုမရှိဆုံးနိင်ငံဖြစ်သောကြောင့် UNDP မှ ကမ္ဘာပေါ်တွင်နေထိုင်ရန် မသင့်ဆုံးနိုင်ငံအဖြစ်သတ်မှတ်ထားပါသည်။

MYAC

Credit-Maung Maung

စာရေးသူ မှတ်ချက်။ ဘာသာမဲ့နိုင်ငံများမှ ဘာသာရေး ထွန်းကားသော နိုင်ငံများကို ပြန်လည် လှုဒါန်းရသောအဖြစ်တွင် ဘာသာရေး ထွန်းကားသော နိုင်ငံများက အလှူခံခြင်းသာလျှင် အလွန်အကြီးမားဆုံး တီထွင်မှု အဖြစ်သာ ကျန်ရှိနေတော့သည်။ မည်သို့ မည်ပုံ အလှူ ခံရမည်ဆိုတာကိုက သူတို့၏ တီထွင်မှု ပင်ဖြစ်သည်။

ဘာသာမဲ့ နိုင်ငံများတွင် မေတ္တာတရားထွန်းကား၍ လူသတ်သော အပြစ်ရှိသူပင် ကြိုးစင်တင် သတ်ဖြတ်ခြင်း မလုပ်တော့ပေ။ ဘာသာရေး ထွန်းကားသော နိုင်ငံများသည်ကား ဘာသာရေး စာအုပ်တအုပ်အတွက်ပင်လျှင် သေဒါဏ် အဖြစ် ပေးကြသော မဟာဂရုဏာရှင်များ အဖြစ် ရပ်တည်ကြသည်။ သည်းခံခြင်း – Peace ငြိမ်းခြမ်းခြင်း စသည်တို့ကို Special နှုတ်မှ ထပ်တလဲလဲ ပြောဆိုသောလည်း ဘယ်သူမှ သည်းမခံ။

ဘာသာမဲ့ နိုင်ငံများ အိပ်စား ကာမ လျှော့၍ တီထွင်ကြံစချိန် ပိုပေးနေချိန်တွင် .. ဘာသာရေးထွန်းကားသော နိုင်ငံများသည် အိပ်စားကာမဖြင့် ဘာသာမဲ့နိုင်ငံများမှ တီထွင်ကြံစသော ပစ္စည်းများအား မှိန်ရည် ရှက်ရည် အသုံးပြုကြသည်။

ဘာသာမဲ့နိုင်ငံများတွင် သိပ္ပံဖြင့်တိုင်းမရ မလိုလားအပ်သော အကြောင်းတရားများကို ငြင်းဖို့ စိတ်ကူးတွင် မရှိချိန်တွင် .. ဘာသာရေးထွန်းကားသော နိုင်ငံများတွင် သိပ္ပံဖြင့်တိုင်းမရ မလိုလားအပ်သော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော ပြသနာများကို မီးသေစေရန် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆိုပြီး ပွဲများကို ထပ်တလဲလဲ အချိန်ကုန်ခံ ကျင်းပပေးရသည်။

ဘာသာမဲ့နိုင်ငံများတွင် လူသားတို့ကို အကျိုးပြုမည့် ဆေးဝါးရှာဖွေရေးအတွက် ငွေပုံအော အသုံးပြုချိန် ဘာသာရေးထွန်းကားသော နိုင်ငံများသည် မလိုလားအပ်သော သဲထဲရေသွန် ပင်လယ်ထဲမိုးရွာ သကဲ့သို့ ငွေများစွာကို ဖြုန်းတီးကြသည်။ ဘာသာမဲ့နိုင်ငံများမှ ဆေးပညာရေးမှ တီထွင်ရရှိလာသော ဆေးဝါးများကို သူတို့ ယုံကြည်ရာ ရေမာန်း ဆိုသည့် ရေဖြင့် ရောဂါပျောက်သည်ဟု သောက်သုံးကြသည်။

ဘာသာရေးထွန်းကားသော နိုင်ငံများတွင် အခြားသူသည် ဘာလူမျိုးမို့ ဘာဘာသာဝင်မို့ ဆိုပြီး ခွဲခြားဆက်ဆံ ဒုက္ခပေး – ဘာသာမတူ အယူမတူ၍ သတ်ဖြတ်နေချိန် ဘာသာမဲ့ နိုင်ငံများသည် မည်သူမည်ဝါမခွဲခြားပဲ ဆက်ဆံသည်။ ထူးဆန်းပေစွ တချို့ဘာသာမဲ့ နိုင်ငံများသည် နိုင်ငံသားအဖြစ်တောင် အသနားခံပါက ပေးသနားတော်မူသည်။ လုံခြုံမှု အလုပ်လုပ်ကိုင်ခွင့် ဆေးဝါးကုသခွင့် ပညာရေး အဆုံး အစအစအရာရာ ထောက်ပံ့ပေးသည်။

လူသားအားလုံးအတွက် အဓိက အရေးကြီးဆုံးမှာ ဆင်ခြင်တုံတရား၊ မေတ္တာတရား နှင့် ကိုယ်ချင်းစာစိတ်သည်သာ အဓိကဖြစ်သည်ဟု ယူဆမိပါကြောင်း

Credit

Pann Ei Kyaw

Lee Min Soo