ဗဟုသုတ

“အံ့သြစရာ ကောင်းတဲ့ အိမ်တွင်း ပတ်ပတ်လည်အတွက် ဆား ရဲ့အသုံးဝင်ပုံ တွေ”

ကိုယ့် အိမ် မှာရှိတဲ့ တချို့ မီးဖိုချောင် ပစ္စညး် တွေက ဟင်းချက် ရာမှာပဲ အသုံးတည့်တာ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ ကျန်းမာရေး နှင့် အခြားသော နေရာတွေမှာလည်း တကယ်အသုံးဝင်တာကို မြင်တွေ့ရပါတယ် ။ ဆား များများစားတာကတော့ ကျန်းမာရေး အတွက် မကောင်းပါဘူး ။ သို့သော်လည်း ဆားဟာ သင့်ရဲ့ အိမ် မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တချို့သော ပြဿနာ ရပ်တွေကိုတော့ ကောင်းကောင်းကြီး ဖြေရှင်းပေးနိုင််ပါတယ် ။

၁။ ဘေစင် ရှိ ရေစစ် ကိုသန့်ရှင်းနိုင်ခြင်း

ဘေစင် မှာ အညစ်အကြေး တွေစို့ပြီး ရေကောင်းကောငး်မဆင်းတာကို အိမ်တိုင်းနီးပါး ဖြစ်ဖူးကြမှာပါ ။ ဒီလိုအခြေအနေမျိုးမှာ ဆားက အသုံးဝင်ပါတယ် ။ ဆားလက်တစ်ဆုပ်စာခန့်ကို ရေစစ်ပေါက်တွေထဲ ဝင်အောင် ထည့်ပေးလိုက်ပါ ။ ခဏနေရင် ရေလောင်းချလိုက်ပါ ။ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မယ် ။

၂။တောက်ပြောင်စေခြင်း

အိမ် မှာရှိတဲ့ ဖန်ခွက် တွေ ဖန်ထည်တွေကို ဆားနဲ့ တိုက်ချွတ်လို့ ရပါတယ် ။ ပထမဦးစွာ ပုံမှန်အတိုင်း ဖန်ခွက် ကို ဆေးကြောပါ ။ ပြီးနောက် ဆားအနည်းငယ်ယူပြီး ပွတ်ပါ ။ ပြီးသွားလျှင် အဝတ်ခြောက်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ ။တောက်ပြောင်သွားတာကို မြင်ပါလိမ့်မယ် ။ ဒီ နည်းလမ်း ကို ဖန်ထည်တွေသာမက ငွေထည် ၊ ကြေးထည် တွေမှာလည်း အသုံးပြုလို့ရပါတယ်။

၃။ပုရွက်ဆိတ် ရန်မှကင်းစေခြင်း

ပုရွက်ဆိတ် တွေဟာ ဆား ကို အရမ်းမုန်းပါတယ် ။ ပုရွက်ဆိတ် ရန်မှကင်းဝေးဖို့ ဆား ကို ရေနွေး ဆူဆူထဲထည့်ပြုတ်ပြီး အအေးခံ ကာ spray ဘူးထဲသို့ထည့်ပါ ။ ပြီးလျှင် ပုရွတ်ဆိတ် တွေ ရှိတတ်တဲ့ နေရာအနှံ့ကို ဖြန်းလိုက်ပါ ။ ဒီ နည်းလမ်း ဟာ ပုရွက်ဆိတ် တွေကို သေစေတာမဟုတ်တဲ့အတွက် ငရဲလည်း မကြီးပါဘူးနေ်ာ ။ ပုရွက်ဆိတ် တွေ လာနိုင်တဲ့နေရာမှာ ဆားဖြူးထားလည်း ပုရွက်ဆိတ်တွေ မလာနိုင်တော့ပါဘူး ။

၄။သွားနေခြင်း ကိုသက်သာစေခြင်း

သွားနာ ၊ သွားကိုက် တဲ့အခါ ရေတစ်ခွက်ထဲသို့ ဆားလက်ဖက်ရည် ၁ဇွန်းခန့်ထည့်ပြီး မွှေလိုက်ပါ ။ ပြီးနောက် ထို ဆားရည် ဖြင့် ကောင်းစွာ ပလုတ်ကျင်းလိုက်ပါ ။ ဒါဆိုရင်တော့ သွားနာ၊သွားကိုက်တာကို သက်သာသွားစေမှာ ဖြစ်ပါတယ် ။

၅။သရဲ ၊ တစေ ္ဆများမဝင်ရောက်နိုင်ခြင်း ၊ မောင်းထုတ်နိုင်ခြင်း

ဒါလေးကတော့ နည်းနည်းရီစရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အမှန်တကယ်ပဲ သန့်စင်တဲ့ဆားဟာ အိမ်တွေ ၊ ကျောင်း တွေ မှာ ရှိတတ်တဲ့ ဝိဉာဉ်တစေ ္ဆတွေကို မဝင်ရောက်နိုင်အောင် မောင််းထုတ်နိုင်တယ်လို့ ဆိုပါတယ် ။ Super Natural ဇာတ်လမ်းတွဲ ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ သိလောက်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာဆိုလျှင် သရဲ တွေ မဝင််ရောက်နိုင်အောင် အိမ်ပတ်ပတ်လည်ကို ဆားဖြင့်စည်းတားတာ ၊ ဆား ထည့်ထားတဲ့ သေနတ်နဲ့ပစ်လျှင် သရဲတွေ ပျောက်ကွယ်သွားတာမျိုးတွေကို မြင်ရမှာပါ ။

Dr.Wu Di ကလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဗီဒီယို တစ်ခုမှာ ရှင်းပြသွားတာကိုလည်း မြင်တွေ့ခဲ့ဖူးပါတယ် ။ နောက်ပြီး ကိုရီးယား ဇာတ်လမ်းတွဲ တွေမှာလည်း သူတို့ရဲ့အယူအဆအရ မကောင်းဆိုးဝါးတွေ မလာနိုင်အောင် ဆားဖြင့်ပက်တာ ၊ လာခဲ့လျှင်လည်း ဆားဖြင့်ပက်ပြီး မောင်းထုတ်တာမျိုးတွေ ကြည့်ခဲ့ဖူးပါတယ် ။

ကဲ ဆား ရဲ့ အသုံးဝင်ပုံတွေကို မှတ်ထားပြီး ကိုယ့် အိမ် မှာ ပြန်လုပ်လို့ရတယ်နေ်ာ.. ကိုယ်ကတော့ နောက်ဆုံးအချက်ကို အကြိုက်ဆုံးပဲ..

Credit : apannpyay

အံ့ၾသစရာ ေကာင္းတဲ့ အိမ္တြင္း ပတ္ပတ္လည္အတြက္ ဆား ရဲ႕အသံုးဝင္ပံု ေတြ

ကိုယ့္ အိမ္ မွာရွိတဲ့ တခ်ိဳ႕ မီးဖိုေခ်ာင္ ပစၥညး္ ေတြက ဟင္းခ်က္ ရာမွာပဲ အသုံးတည့္တာ မဟုတ္ပါဘူး ။ ကိုယ့္ရဲ႕ က်န္းမာေရး နွင့္ အျခားေသာ ေနရာေတြမွာလည္း တကယ္အသံုးဝင္တာကို ျမင္ေတြ႕ရပါတယ္ ။ ဆား မ်ားမ်ားစားတာကေတာ့ က်န္းမာေရး အတြက္ မေကာင္းပါဘူး ။ သို႔ေသာ္လည္း ဆားဟာ သင့္ရဲ႕ အိမ္ မွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ တခ်ိဳ႕ေသာ ျပႆနာ ရပ္ေတြကိုေတာ့ ေကာင္းေကာင္းၾကီး ေျဖရွင္းေပးနိုင္္ပါတယ္ ။

၁။ ေဘစင္ ရွိ ေရစစ္ ကိုသန္႔ရွင္းနိုင္ျခင္း

ေဘစင္ မွာ အညစ္အေၾကး ေတြစို႔ျပီး ေရေကာင္းေကာငး္မဆင္းတာကို အိမ္တိုင္းနီးပါး ျဖစ္ဖူးၾကမွာပါ ။ ဒီလိုအေျခအေနမ်ိဳးမွာ ဆားက အသံုးဝင္ပါတယ္ ။ ဆားလက္တစ္ဆုပ္စာခန္႔ကို ေရစစ္ေပါက္ေတြထဲ ဝင္ေအာင္ ထည့္ေပးလိုက္ပါ ။ ခဏေနရင္ ေရေလာင္းခ်လိုက္ပါ ။ အညစ္အေၾကးမ်ား သန္႔စင္သြားပါလိမ့္မယ္ ။

၂။ေတာက္ေျပာင္ေစျခင္း

အိမ္ မွာရွိတဲ့ ဖန္ခြက္ ေတြ ဖန္ထည္ေတြကို ဆားနဲ႔ တုိက္ခြ်တ္လို႔ ရပါတယ္ ။ ပထမဦးစြာ ပံုမွန္အတိုင္း ဖန္ခြက္ ကို ေဆးေၾကာပါ ။ ျပီးေနာက္ ဆားအနည္းငယ္ယူျပီး ပြတ္ပါ ။ ျပီးသြားလွ်င္ အဝတ္ေျခာက္ျဖင့္ ပြတ္တိုက္ေပးလိုက္ပါ ။ေတာက္ေျပာင္သြားတာကို ျမင္ပါလိမ့္မယ္ ။ ဒီ နည္းလမ္း ကို ဖန္ထည္ေတြသာမက ေငြထည္ ၊ ေၾကးထည္ ေတြမွာလည္း အသံုးျပဳလို႕ရပါတယ္။

၃။ပုရြက္ဆိတ္ ရန္မွကင္းေစျခင္း

ပုရြက္ဆိတ္ ေတြဟာ ဆား ကို အရမ္းမုန္းပါတယ္ ။ ပုရြက္ဆိတ္ ရန္မွကင္းေဝးဖို႔ ဆား ကို ေရေႏြး ဆူဆူထဲထည့္ျပဳတ္ျပီး အေအးခံ ကာ spray ဘူးထဲသို႔ထည့္ပါ ။ ျပီးလွ်င္ ပုရြတ္ဆိတ္ ေတြ ရွိတတ္တဲ့ ေနရာအနွံ႔ကို ျဖန္းလိုက္ပါ ။ ဒီ နည္းလမ္း ဟာ ပုရြက္ဆိတ္ ေတြကို ေသေစတာမဟုတ္တဲ့အတြက္ ငရဲလည္း မၾကီးပါဘူးေန္ာ ။ ပုရြက္ဆိတ္ ေတြ လာနိုင္တဲ့ေနရာမွာ ဆားျဖဴးထားလည္း ပုရြက္ဆိတ္ေတြ မလာနိုင္ေတာ့ပါဘူး ။

၄။သြားေနျခင္း ကိုသက္သာေစျခင္း

သြားနာ ၊ သြားကိုက္ တဲ့အခါ ေရတစ္ခြက္ထဲသို႔ ဆားလက္ဖက္ရည္ ၁ဇြန္းခန္႔ထည့္ျပီး ေမႊလိုက္ပါ ။ ျပီးေနာက္ ထို ဆားရည္ ျဖင့္ ေကာင္းစြာ ပလုတ္က်င္းလိုက္ပါ ။ ဒါဆိုရင္ေတာ့ သြားနာ၊သြားကိုက္တာကို သက္သာသြားေစမွာ ျဖစ္ပါတယ္ ။

၅။သရဲ ၊ တေစ ၦမ်ားမဝင္ေရာက္နိုင္ျခင္း ၊ ေမာင္းထုတ္နိုင္ျခင္း

ဒါေလးကေတာ့ နည္းနည္းရီစရာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္ ။ ဒါေပမယ့္ အမွန္တကယ္ပဲ သန္႔စင္တဲ့ဆားဟာ အိမ္ေတြ ၊ ေက်ာင္း ေတြ မွာ ရွိတတ္တဲ့ ဝိဥာဥ္တေစ ၦေတြကို မဝင္ေရာက္နိုင္ေအာင္ ေမာင္္းထုတ္နိုင္တယ္လို႔ ဆိုပါတယ္ ။ Super Natural ဇာတ္လမ္းတြဲ ကို ၾကည့္ဖူးတဲ့သူေတြဆိုရင္ေတာ့ သိေလာက္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာဆိုလွ်င္ သရဲ ေတြ မဝင္္ေရာက္နိုင္ေအာင္ အိမ္ပတ္ပတ္လည္ကို ဆားျဖင့္စည္းတားတာ ၊

ဆား ထည့္ထားတဲ့ ေသနတ္နဲ႔ပစ္လွ်င္ သရဲေတြ ေပ်ာက္ကြယ္သြားတာမ်ိဳးေတြကို ျမင္ရမွာပါ ။ Dr.Wu Di ကလည္း ဒီအေၾကာင္းအရာနဲ႔ပတ္သက္ျပီး ဗီဒီယို တစ္ခုမွာ ရွင္းျပသြားတာကိုလည္း ျမင္ေတြ႕ခဲ့ဖူးပါတယ္ ။ ေနာက္ျပီး ကိုရီးယား ဇာတ္လမ္းတြဲ ေတြမွာလည္း သူတုိ႔ရဲ႕အယူအဆအရ မေကာင္းဆိုးဝါးေတြ မလာနိုင္ေအာင္ ဆားျဖင့္ပက္တာ ၊ လာခဲ့လွ်င္လည္း ဆားျဖင့္ပက္ျပီး ေမာင္းထုတ္တာမိ်ဳးေတြ ၾကည့္ခဲ့ဖူးပါတယ္ ။

ကဲ ဆား ရဲ႕ အသံုးဝင္ပံုေတြကို မွတ္ထားျပီး ကိုယ့္ အိမ္ မွာ ျပန္လုပ္လုိ႔ရတယ္ေန္ာ.. ကိုယ္ကေတာ့ ေနာက္ဆံုးအခ်က္ကို အၾကိဳက္ဆံုးပဲ..

Credit : apannpyay