ခဏခဏတိုးနေတဲ့ သွေးတိုးရောဂါကို ယခုနည်းနှင့် အဆင်ပြေခဲ့လို့ မျှဝေပါသည်။
သွေးပေါင်ချိန်180/100လောက်ပုံမှန်ရှိနေတတ်တဲ့ လူနာရှင်တယောက်အံဘြဖွယ်120/80mmHg လောက်သွေးတိုးကျဆေး မသောက်ပဲပုံမှန်ဖြစ်သွားတာ တွေ့ရတဲ့တိုင်းရင်းဆေးနည်းကောင်းလေးပါခင်ဗျာ။
Onlineပေါ်ကတွေ့တာကို အကုန်အကျ မများ ကိုယ်အနီးအနားမှာအလွယ်တကူရနိုင်တဲ့ပစ္စည်းလေးတွေမို့လက်တွေ့လုပ်ကာစမ်းသောက်ကြည့်လိုက်တာပါ။
အတော်ထူးခြားစွာဆေးအမြဲထိုး စားနေရတဲ့ဘဝကလွတ်သွားသူ လူနာတယောက်ရဲ့ကိုယ်တွေ့နည်းလမ်းကောင်းလေးမို့ကိုယ့်ရဲ့မိတ်ဆွေများလဲအသုံးပြု့လိုကပြု့နိုင်အောင်ဇိဝိတဒါန ပြန်လည်မျှဝေပေးလိုက်ပါတယ်။
မနေညနေကတင်ထားပြီးသား အားမရသေးလို့ လက်တွေ့ဖော်စပ်ပုံအဆင့်ဆင့်နဲ့ပြန်လည်မျှဝေပေးပါတယ်။
သွေးတိုးဆိုတာသွေးအေး လူသတ်သမားပါဖွံ့ဖြိုးမှု့နိမ့်ကြတဲ့တိုင်းပြည်တွေအစားအသောက်ဆေးဝါးအသီးအနှံ့တွေနေထိုင်မှု့စနစ်တွေအကာအကွယ်မဲ့ စံသတ်မှတ်ချက်တွေနဲ့မထိမ်းချုပ်နိုင်သေးတဲ့တိုင်းပြည်မှာ လူ၁၀၀မှာအနည်း ၅၀ကျော်အထက် ဖြစ်နေတဲ့ရောဂါပါ။
ဝင်တွင်းရောဂါ ကလီစာတွေချို့ယွင်းမှု့အလိုက်တယောက်နဲ့တယောက်သွေးတိုးရတဲ့အကြောင်းအရင်းအနေအထားမတူညီနိုင်တော့ ကျိန်သေလူတိုင်းပျောက်မယ်လိုတော့ မဆိုလိုပါ။
ပျောက်သူတကယ်ရှိတကယ်တွေ့တဲ့လက်တွေ့နည်းလေးမို့ပါယုံကြည်ပါက ဖော်စပ်အသုံးပြု့နိုင်ပါတယ်။
အားလုံးကျန်မာချမ်းသားကြပါစေ။
ပါဝင်ဖော်စပ်ပုံ
၁ ။ဒန်သလွန်အမြစ် အခေါက်၂ဆခန့် ၊
၂ ။ဆင်တုန်မနွယ်ပင် ၁ဆကျော် ၊
၃ ။ထန်းလျှက် ချွတ်ဆေးမပါသဘာဝအတိုင်းဆိုပိုကောင်း ၁၀သား
၄ ။ ဆန်ဆေးရည်အသန့်သင့်တင်စွာရေသန့်ဗူးသိုးမဟုတ် သင့်တင့်ရာလေလုံးမဲ့ဗူးထဲရောစပ်ကာ (၃)ညအိပ်ခန့်စိမ်ထားပြီးပါ။
သွေးတိုးပြင်းထန်ပါက မနက်လဖက်ရည်ပန်ကန်အကြမ်းတလုံး ညတလုံးတနေ့၂ကြိမ်သုံးရက်ခန့်သောက်ပါ။
နောက်နေတွေ၌ပုံမှန် ညအိပ်ယာဝင် လက်ဖက်ရည်ပုဂံတလုံးခန့်ပုံမှန်သောက်ပေးခြင်းဖြင့် အိပ်ကောင်း စားဝင် ဆီး ဝမ်း လေမှန် အကြောတက် ထိုင်မှိုင်း သွေးတိုးခြင်းမှ ကင်းဝေကြပါစေ။
မိမိအားကိုတဲ့ဆရာနဲ့ မသောက်ခင်သောက်ပြီးတပတ်ခန့်အကွာမှာသွေးပေါင်းချိန်စစ်ဆေးကာကိုယ်အတွက်အဆင်ပြေမပြေချိန်ဆ သုံးဆောင်ကြပါ။
အားလုံးကျန်မာချမ်းသာကြပါစေ။
ဖိုးအေး
ခဏခဏတိုးနေတဲ့ သွေးတိုးနေတာ ဒီနည်းလေးနဲ့ အဆင်ပြေခဲ့လို့ပါ
ပါဝင်ဖော်စပ်ပုံ
ဖိုးအေး