ဆိုင်ကယ်သူခိုးမိလို့ပြေးကြည့်မိတာ ကြားလိုက်ရတဲ့ အသံက
တကိုယ်လုံးတုန်ပြီး ငယ်သံပါအောင်လက်အုပ်လေးချီ အော်နေတာ
” ကျနော့်ကို မလုပ်ကြပါနဲ့ ဗျာ ”
” ကျနော်သမီးလေး ဆေးရုံတင်ထားရလို့ပါဗျာကျနော့်ကို မလုပ်ကြပါနဲ့ ”
” အမေရေ အမေကျုပ်ကို ကယ်ပါအုံးးး အမေရယ် ” တဲ့
မျက်ရည်တွေကျ ခေါင်းငုံ့ပြီးတအားးငို
” သမီးရေဖေကြီးးဒုက္ခ ရောက်နေပြီ သမီးရေ ဖေကြီးကို ကယ်ပါအုံးး”
လူအုပ်ဝိုင်းထားတဲ့ အလယ်မှာခပ်နွမ်းနွမ်းးယောက်ျားတယောက် လက်အုပ်ချီပြီးးငိုပြောနေတာ
” သမီးလေးးအတွက် ငွေရှာ မရလို့လမ်းက တွေ့တဲ့ ဆိုင်ကယ်တွန်းလာရတာပါ ” တဲ့
ဘေးက ကြည့်နေတဲ့သူတွေတောင်တချို့ စိတ်မကောင်းးဖြစ်နေကြတာရဲကလဲ အတင်းးချော့ခေါ်
” ငါ့ညီကို ဘာမှ မလုပ်ပါဘူးးတဲ့ ”
ဆေးရုံကို ဖုန်းဆက်မေးတော့လဲတကယ်ပဲ သူ့သမီးလေးး ဆေးရုံတက်နေရတာ တဲ့
ဆိုင်ကယ် ပိုင်ရှင်ကလဲလေးစားးစရာပါ
အမှု မလုပ်တဲ့ အပြင်ဆေးဖိုးးဆိုပြီးး ၂သောင်းးပါ ထပ်ကူညီလိုက်တယ်
ကိုဗစ်ကာလမှာအသင့်အတင့် ပိုက်ဆံရှိတဲ့ သူတွေကဟန်မပျက် နေနိုင်ကြပေမယ့်
အလုပ်လက်မဲ့ ဖြစ်နေတဲ့အခြေခံလူတန်းစားတွေထဲမှာကြံမိ ကြံရာ ကြံမိတဲ့သူလိုလူတွေဒီကာလ ဆိုးကြီးထဲမှာဘယ်နှစ်ယောက်များး
ဒုက္ခတွေနဲ့ ကြုံနေကြပီလဲမသိနိုင်ဘူး လေ
စာနာမိပါရဲ့ ဗျာ
တောင်ပံနီလူလေး(ပခုက္ကူ )