Stay At Home ကာလအဖြစ် သတ်မှတ်ထားသည့် မန္တလေးမြို့တွင် ဝမ်းရေးအတွက် မြို့နယ်ကျော်ကာ ပန်းရောင်းထွက်မိ၍ ဒဏ်ကြေးငွေ ဆောင်ခဲ့ရသည့် ဦးလှမြင့်အတွက် 53အာလူးကြော်လုပ်ငန်းမှ ငွေကျပ်တသောင်းကို ထောက်ပံ့ခဲ့သည်ဟု သိရသည်။
“သလဲကုန်းရွာက ငွေဒါဏ်ရိုက်ခံရတဲ့ ဦးလှမြင့်ကို ငွေကျပ်10000ကျပ်ကို kpayနဲ့ ထည့်ပေးပြီးဖုန်းဆက်လှူခိုင်းလို့ လှူပြန်လာခဲ့ပါပြီ။
အဘက ဆင်းရဲပါတယ်။အေးချမ်းပါတယ်။ရိုးသားပါတယ်။ ပျော်နေရှာတာ သွားလှူတော့။ သားသမီး အရွယ်မရောက်တရောက် ၂ယောက်နဲ့ ၈နှစ်/၉နှစ် အရွယ် ၂ယောက်ရှိပါတယ်”ဟု အလှူငွေကိုယ်စားသွားရောက်ပေးခဲ့သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ ပန်းသည်အမျိုးသားကြီး ဒဏ်ကြေးငွေပေးဆောင်နေသည့်ပုံသည် ယနေ့ ဒီဇင်ဘာ၁၀ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံ့လျက်ရှိရာ မြင်တွေ့သူများက စိတ်မကောင်းဖြစ်ကြကာ ထောက်ပံ့လှူဒါန်းလိုကြခြင်းဖြစ်သည်။
မန္တလေးသတင်းကွန်ရက်/ The Mandalay Post News Agency
ဓာတ်ပုံ Thuzar NW