News

“ကျွန်တော့်ရဲ့ သား (၃)ယောက်ကိုကျေးဇူးပြုပြီး ကြည့်ပေးထားပါဗျာ….တဲ့…(ည…အမှောင်တိတိမှာ…လရောင်ကိုသာ ကြည့်နေကြပေရော့..ကလေးတို့ရေ)”

Covid -19 ….နဲ့…လော က ဓံ

(ဖြစ်ရပ်မှန်……ဗောဓိဉာဏ Q Centre)

၁၀.၁၂.၂၀၂၀

ဗဟိုအမျိုးသမီးဆေးရုံ…

ဗျာ….ဘယ်လို..မွေးလူနာ….Positive အဖြေထွက်တယ်..တဲ့လား

ကလေးက မွေးပြီးပြီ…..

သူမရဲ့မိသားစုအားလုံး Q ဝင်ရမယ်။

ဖခင်အပါဝင်..ဗုစုဂရု (၆)ယောက်။

ညနေပိုင်း Covid ကူညီရေးကားဖြင့်ရောက်လာတယ်။

နွမ်းနွမ်း ဖတ်ဖတ်နဲ့ ကလေး (၅)၊ လူကြီး (၁) ။

(သည်အဖွဲ့ Q ဝင်လာတာကိုကြည့်ပြီး…ခေါင်းတရမ်းရမ်းခေါင်းတခါခါ ဖြစ်ခဲ့ရသူ…ဇွတ်ဗက…)

မိန်းကလေးငယ် (၁)ဦး…..၉ နှစ်ခန့်အမျိုးသမီးအဆောင်မှာနေရပါတယ်။

ကဲ…..Swab ယူကြမယ်။အဖြေထွက်လာပါပြီ။ Positive (၇)ဦး။ကောင်းရောကွာ….

သားအဖ (၃)ဦး Positive

ဖခင် နဲ့ သား (၆)နှစ် ၊ သမီး (၉)နှစ်… သုံးယောက်

ထုံးစံအတိုင်း…ကျန်ခဲ့ရမဲ့ သုံးယောက်ထဲက..အလတ်ကလေးငယ်က….ချုံးပွဲချ..ငို…ငို…

သူက ကျန်ခဲ့ရမဲ့သူတွေလေ…..

၁။ မိခင်ဖြစ်သူက… ကုတင် ၃၀၀

၂။ မွေးကင်းစ ကလေးငယ်က ဗဟိုအမျိုးသမီးဆေးရုံ

၃။ ဖခင်နဲ့ နှစ်ယောက်က…….ကန်တော်ကြီး သံဃဆေးရုံ

၄။ ဗောဓိဉာဏ Q မှာ သုံးယောက်ကျန်မယ်

ကျွန်တော့်ရဲ့ သား (၃)ယောက်ကိုကျေးဇူးပြုပြီး ကြည့်ပေးထားပါဗျာ…..တဲ့…ဖြစ်သမျှအကြောင်းပေါ့ဗျာ…ဘာတတ်နိုင်မှာလဲ….တဲ့

Covid ကားပေါ်အတက်…ဝကွက် အပ်ခဲ့တဲ့…မိဘရဲ့ စိတ်မချတဲ့..စကားလေး။

ဆို့ဆို့နင့်နင့် နဲ့ မချိတင်ကဲ အပူစကားများ။

စိတ်ချသွားပါ။ ခင်ဗျား..ဟိုမှာ ပုံမှန်အတိုင်းနေထိုင်၊ စားသောက် ၊ ကျန်းမာအောင်သာနေပါဗျာ..ကလေးတွေ အတွက် မပူ ပါနဲ့…

ပေးလိုက်ရတဲ့..အားပေးစကား နဲ့ ကတိစကား ။ဗောဓိဉာဏ မှာ ကျန်ခဲ့တဲ့ ကလေး ၃ ယောက်အပင်အောက်က ခုန်တန်းလျားရှည်မှာ ထိုင်နေကြတယ်
အမေးစကားလေးနဲ့…စသားတို့…ထမင်းစားပြီးကြပြီလား

ဟုတ်ကဲ့….စားပြီးပါပြီ

မင်းတို့ အဖေ နဲ့ အမေ ဖုန်းဆက်ကြတယ်မို့လား..ဟိုမှာ…နေကောင်းကြတယ်နော်

ဟုတ်ကဲ့..အားလုံး နေကောင်းကြပါတယ်

မင်းက အကြီးဆုံးလားကွ..

ကျနော့်ထက် အစ်မ ရှိသေးတယ်..

အစ်မက….သားတို့နဲ့ အတူမနေရဘူး

အလုပ် လုပ်နေတာ၊ ဟိုမှာပဲ…နေရတယ်

ဒါကြောင့်မို့…ဒီကိုပါမလာတာ

အော်….အော်…အဲ့လိုလား

မောင်နှမအားလုံး…..၆ ယောက်ပေါ့

အစ်မက အကြီးဆုံး…မင်းက ဒုတိယ

ဟုတ်ပါတယ်….ဦးလေး

နေတာကရော….

ကျူးပါ။ သံလမ်းဘေးမှာ…

အိမ်ကိုတော့…ပိတ်ထားခဲ့ပါတယ်

မိသားစု ၈ ယောက်ရှိတယ်။

ငါး နေရာစီ….ကွဲနေကြရတယ်။

မွေးကင်းစ မီးမထွက်သေးတဲ့…မိခင် Positive

မွေးထားခဲ့ရတဲ့ကလေးက…ဗဟိုအမျိုးသမီးဆေးရုံမှာစောင့်ရှောက်ပေးနေရတာ

P ဖြစ်ရတဲ့ ဖခင် နဲ့ သား၊ သမီးက တစ်နေရာ၁၄ နှစ်သားက အကြီးလုပ်ပြီး အငယ်နှစ်ယောက်နဲ့Q Centre မှာ

အကြီးဆုံးအမက တစ်နေရာမှ ညအိပ်နေ အလုပ်ကံကြမ္မာကိုပဲ ရိုးမယ်ချရမလား

Covid ကိုပဲ အပြစ်ဖို့ရတော့မလား..

Q ရက်ပြည့်လို့…ပြန်ရရင်ဗောဓိဉာဏ Q စခန်းပြန်သည်ကလေး သုံးယောက်အိမ်မှာ ၇ ရက် ကွာရန်တင်း နေရဦးမယ်…

မွေးကင်းစ ကလေးကိုလည်း ဆေးရုံက ၁၁ရက်နေ့ပြန်လာခေါ်ခိုင်းနေပြီ။

အကြီးဆုံးအစ်မက ဆယ်ကျော်သက်အရွယ်ရှိသေး

တစ်ပါတ်စာ….

အစားအသောက်၊ ဆန် ဆီ ပေးလိုက်တယ်…ထားဦး…သည်ကလေးတွေက…ဘယ် ချက်တတ်ကြပါ့မလဲ…

ဘယ်သူက ကျွေးမလဲ…ဟူးးးးးး……သက်ပြင်းရှည်ကြီးကြီးချ

နင်လားဟဲ့……လောကဓံရယ်

ရပ်ကွက်အုပ်မှူးကို သေချာအပ်ရပါမယ်။

စားစရာ စီစဉ်ပေးဖို့ မှာကြားရပါမယ်။

သူတို့လေးတွေရဲ့….အဖေ ပြန်လာတဲ့…အထိ

ပြန်လာတဲ့အထိ….

ည…အမှောင်တိတိမှာ…လရောင်ကိုသာ ကြည့်နေကြပေရော့..ကလေးတို့ရေ…..လို့သာ…ရက်စက်ရာ မကျလွန်းဘူးလား…ကိုဗစ်ကြီးရာ………

ထွေးအောင်

ဗောဓိဉာဏ ၊ကွာရန်တင်းစင်တာ

ပုသိမ်ကြီးမြို့

၁၀.၁၂.၂၀၂၀