ပန်းတောင်း ဒီဇင်ဘာ ၁၀ ရက်နေ့ ၂၀၂၀ ခုနှစ်
(၁၀ ၁၂ ၂၀၂၀)ရက်နေ့ (၀၈၅၀)အချိန် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု မြေစူတောင်အနီး ပြည် – တောင်ကုတ်ကားလမ်းမပေါ်တွင် ဆိုင်ကယ်ပေါ်မှ အမျိုးတစ်ဦး ပြုတ်ကျသည်ဟု သတင်းအရ တာဝန်မှူး ဒုရဲအုပ် ပြည့်ဖြိုးဝင်း နှင့်အဖွဲ့သည် အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှ ရဲအုပ် ကျော်လှအောင် သက်သေ ရွှေဘုံသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် တို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ (၀၈၃၀)အချိန် ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု မြေစူတောင်အနီး ပြည် – တောင်ကုန်ကားလမ်း မိုင်တိုင်အမှတ်(၄/၂)နှင့်(၄/၃)ကြား ပြည် – တောင်ကုတ်ကားလမ်းမပေါ်တွင် ပြည်ဘက်မှ တောင်ကုတ်ဘက်သို့ ဆိုင်ကယ်ယာဉ်မောင်း သန်းဇော်(၄၉)နှစ်(ဘ)ဦးကျော်ဝင်း ဘုရားပေါ်ကျေးရွာ ငါးဆယ်ပေးအုပ်စု ပန်းတောင်းမြို့နယ် နေသူသည်
လမ်းကြုံလိုက်ချင်သူအား ဆိုင်ကယ်နောက်တွင် ဦးသန်းငွေ(၆၁)နှစ် မကျီးစုကျေးရွာ ရွှေဘုံသာအုပ်စု ပန်းတောင်းမြို့နယ် နေသူ လိုက်ပါလာသည့် ဆိုင်ကယ်နံပါတ် မပါ SUPER CUP အမျိုးအစား ကျောက်စိမ်းရောင် ဆိုင်ကယ်(ယာဉ်လိုင်စင်/မောင်းလိုင်စင် စိစစ်ဆဲ အရက်မသောက် ဦးထုတ်မဆောင်း)မှ မောင်းနှင်လာစဉ်
ဆိုင်ကယ်နောက်တွင် လိုက်ပါ၍ ထိုင်စီးသူ ဦးသန်းငွေ မှာ ပြုတ်ကျပြီး ဝဲမျက်ခုံးပွန်း ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ရဲဆေးစာနှင့်အတူ ပန်းတောင်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆိုင်ကယ်မောင်းသူတွင် ဒဏ်ရာရရှိမှု့ မရှိကြောင်း စစ်ဆေးသိရှိရသည်ဟု သိရပါသည်။
ဖြစ်စဉ်နှင့် ပက်သတ်၍ လူကို ထိခိုက်ဒဏ်ရာရပြီး သေဆုံးသည်အထိ ဆိုင်ကယ်နောက်မှ လူပြုတ်ကျခဲ့အောင် အရမ်းမဲ့ပေါ့ဆစွာ မဆင်မခြင် မောင်းနှင်သူ SUPER CUP ဆိုင်ကယ်မောင်းနှင်သူ ယာဉ်မောင်း သန်းဇော် အား အရေးယူပေးပါရန် ရဲအုပ် ကျော်လှအောင် အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် (၁၀၃၀)အချိန် ပန်းတောင်းမြို့မရဲစခန်း၏ ယာဉ်(ပ)၂၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄ – က ဖြင့် အမှု့ဖွင့်လှစ်ကာ အမှုအား ဒုရဲအုပ် ပြည့်ဖြိုးဝင်း မှ လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မင်းဟန်ထွဋ် (ပန်းတောင်း)
မှုခင်းသတင်းCNJ