ဒီဇင်ဘာ၉ရက်နေ့ နေ့လည်ပိုင်းတွင်အနံ့ပျောက် အမျိုးသမီး(၁)ဦးကို မန္တလေးအထွေထွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ညပိုင်းတွင် ၎င်း၏ အဖြေမှာ Positive ဖြစ်ပြီး လူပျောက်သွားကြောင်း ဆေးရုံကြီးမှ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့သို့ အကြောင်းကြားလာသဖြင့် ၎င်းနေထိုင်သော (၄၁လမ်း/ကမ်းနားလမ်းဈေး) အနီးရှိ ရပ်ကွက်နေပြည်သူများ နှင့် သံလျှက်မှော်အနောက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ တို့မှ လိုက်လံရှာဖွေ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ယနေ့ဒီဇင်ဘာ၁၀ရက်၊ နံနက် (၈:၁၅)အချိန်တွင် (၄၁လမ်း၊ ၈၉လမ်း+လမ်း၉၀)ကြား၌ ၎င်းလူနာ မှာ ဆိုက္ကားငှါး၍ ပြန်လာသည်ကို တွေ့ရှိရပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ အကြောင်းကြားလာသဖြင့် မဟာ – လူမှုကယ်ဆယ်ရေးယာဉ် No(၇) ဖြင့် ဆေးရုံကြီး စောင့်ကြည့်အဆောင်သို့ ပို့ဆောင်ခဲ့ပါသည်။
ကိုဗစ်လူနာနှင့် တိုက်ရိုက်ထိစပ်သူ ဆိုက္ကားဆရာကိုလည်း ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးသတင်းကွန်ရက်/ The Mandalay Post News Agency
ဓာတ်ပုံ ကိုသက်ကြီး မဟာ