နေပြည်တော် ပျဉ်းမနားမြို့ မြို့့မရဲစခန်းမှပျဉ်းမနားမြို့့ရှောင်လမ်းတွင် ညအိပ်ရပ်နားနေသော ကားပေါ်တွင်ပါသော ပစ္စည်းများအားလူတစ်စုမှလုယူထွက်ပြေးမှူဖြစ်ပွါးကြောင်းသတင်းသိရရှိပါသည်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၆ ရက် နံနက် ၃ နာရီအချိန်ခန့့်တွင် တရားလို ဦးလင်းနိူင်ထွန်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူ ဦးပေါ်ဦးနှင့်အတူ ဒေါင်ဖမ်းအမျိုးအစား ကုန်မပါတွဲကားအား ရန်ကုန်မှ သာစည်မြို့နယ်ရှိ အပါချီ ဘိလပ်မြေစက်ရုံသို့ဘိလပ်မြေများ တင်ဆောင်ရန် ထွက်ခွာလာပြီး အခင်းဖြစ်နေရာသို့ ညသန်းခေါင်အချိန်တွင် ပျဉ်းမနားမြို့နယ် ပုရွတ်ဆိပ်ကုန်းရွာသို့အရောက် မြို့ရှောင်လမ်းနံဘေးရှိ အောင်ငြိမ်းစေဆီပန့်ဆိုင်ရှေ့၌ ကားအိပ်ရပ်နားပြီး ကားခေါင်းခန်းအတွင်းအိပ်ပျော်နေစဉ်
အမည်မသိအမျိုးသား( ၅)ဦးနှင့် တရားလို ဦးလင်းနိုင်ထွန်းကားရှေ့၌ ဆိုင်ကယ်ပေါ်တွင်အသင့်စောင်းဆိုင်းသူ အမျိုးသား(၂)ဦးတို့မှကားခေါင်းဖွင့်ပြီး ဓား/လေးခွ များဖြင့်ခြိမ်းခြောက်ကာ ကားခေါင်းအတွင်းမှ ခရီးဆောင်အိတ်(၁)လုံး ဆင်းကတ်(၂)ကတ်ပါ MI 5 အမျိုးအစား ရွှေအိုရောင်ဟန်းဆက်(၁)လုံး မြန်မာငွေ (၆၉၀၀၀၀)ကျပ် ကားတိုင်ကီအတွင်းမှ ဒီဇယ် (၁၀)ဂါလံတို့အား လုယူထွက်ပြေးသွားသဖြင့် ပျဉ်းမနားမြို့ မြို့မရဲစခန်းသို့ ဦးလင်းနိုင်ထွန်းမှ တရားလိုပြုလုပ်ကာ တိုင်တန်းမှုဖြစ်ပွားခဲ့ပါသည်။
အဆိုပါတိုင်တန်းမှုအား ပျဉ်းမနားမြို့ မြို့မှရဲစခန်းမှ (ပ)၅၁၂/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၉၅ဖြင့် အမှုဖွင့်ပြီး တရားခံများဖမ်းဆီးနိုင်မိရေးအတွက် သတင်းရယူ စုံစမ်းခြင်းများပြုလုပ်ခဲ့ပြီး ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင် ၏ လမ်းညွှန်မှုနှင့် ပျဉ်းမနားမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်အောင်၏ အနီးကပ်ကြည့်ကြပ်မှုဖြင့် ပျဉ်းမနားမြို့ မြို့မရဲစခန်းမှနယ်ထိန်ခေါင်းဆောင် ဒုရဲအုပ် သက်နိုင်ဦးနှင့်အဖွဲ့များနှင့် သက်သေ နတ်သူရဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘသန်း ရွာကောက်ရပ်ကွက်မှ ရာအိမ်မှူး ဦးဌေးလွင်ထွန်း ဦးပြည့်ဖြိုးချမ်းသာတို့နှင့်အတူအခင်းဖြစ်ရပ်အားစစ်ဆေးခြင်း မှတ်တမ်းဓါတ်ပုံများရိုက်ကူးခြင်း
ယာဉ်မောင်းဖြစ်သူ ဦးလင်းနိုင်ထွန်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူ ဦးပေါ်ဦးတို့အား စစ်ဆေးခြင်းအခင်းဖြစ်ကားရပ်ထားသောနေရာအောင်ငြိမ်းစေဆီပန့်ဆိုင်ရှေ့တွင် ဖြစ်၍ဆိုင်မှမျက်မြင်သက်သေစစ်ဆေးခြင်း ထောင်ကျခဲ့ဖူးသော တရုတ်ကြီး(ခ)အောင်ချမ်းထွန်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီးရမည်းသင်းအကျဉ်းထောင်တွင် ကျခံဖူးသောသူများအား စစ်ဆေးရာတွင် ယခုမြို့ရှောင်လမ်းပေါ်တွင် ကားကြီးများရပ်နားစဉ် လုယူတတ်သူများမှာ အေလာအုပ်စု ကုလားရွာနှင့်ရန်ကင်းရွာတို့မှ ဇင်လေးပါအဖွဲ့မှ ညဉ့်အချိန်များတွင်ဆိုင်ကယ်များဖြင့် ပြစ်မှုကျူးလွန်လုယက်တတ်ကြောင်း ၎င်းထံမှစုံစမ်းသိရှိရပါသည်
စုံစမ်းသိရှိရသောသတင်းအရ ကုလားရွာမှဇင်လေးပါအဖွဲ့အား ဖမ်းဆီးရမိနိုင်ရေးအတွက် ဒုရဲအုပ် သက်နိုင်ဦးနှင့်အဖွဲ့မှ အေလာနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဟန်ဝင်းအောင်အား ချိတ်ဆက်ပြီးနောက် ၎င်းအဖွဲ့နှင့်အတူ ပူးပေါင်းပြီး ကုလားရွာအတွင်းစုံစမ်းဖမ်းဆီးရာ ဇင်လေးအားနေအိမ်တွင်မတွေ့ရှိဘဲ ရှောင်တိမ်းနေပြီး ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများမှာ
လယ်ဝေးမြို့နယ် အေလာအုပ်စု ကုလားရွာနေ မျိုးချစ်အောင်(၂၈) (ဘ)ဦးထွန်းလွင် နိုင်အောင်ချစ်(၂၀) (ဘ)ဦးကျော်စိုး မင်းအောင်(၃၉) (ဘ)ဦးအေးမြင့် ဇင်လေး(၂၈) (ဘ)ဦးမင်းအောင် မိုးကြီး(၃၃) (ဘ)ဦးဘို ထန်းကျော်(၃၀) (ဘ)ဦးကျော်သန်း နေအောင်(၃၈) ( ဘ )ဦးအောင်လှိူင် ရန်ကင်းရွာနေ သူရဝင်း(၂၈) (ဘ)ဦးမင်းအောင်(၈)ဦးဖြစ်ကြောင်းထပ်မံသတင်းရရှိပြီးစုံစမ်းဖမ်းဆီခြင်းများကိုပြုလုပ်ပြီးအမှူမှသတင်းရရှိထားသောကုလားရွာရှိ ဇင်လေး (၃၀) (ဘ)ဦးချက်ကြီး၏နေအိမ်သို့့ဝင်ရောက်ရှာဖွေဖမ်းဆီးရာ၎င်းအားနေအိမ်တွင်မရှိဘဲ
ဇနီးဖြစ်သူ မစပါယ်လှိူင် (၂၂)နှစ် (ဘ)ဦးအောင်လှိူင်အားတွေ့ ရှိပြီးမေးမြန်းရာခင်ပွန်းဖြစ်သူဇင်လေးမှာ ရွာအနောက်ဖက်ရှိလေယာဉ်ကွင်းကိုင်းတောအနီး ခရမ်းချဉ်စိုက်ခင်းသို့့သွားရောက်ကြောင်းသိရှိရသဖြင့် လိုက်လံဖမ်းဆီးရာ တွေ့ ရှိခြင်းမရှိ၍ ရန်ကင်းရွာရှိ သူရဝင်းနေအိမ်သို့ ထပ်မံဝင်ရောက် ရှာဖွေခဲ့ရာ ထူးခြားမှူမရှိ၍ ဖမ်းဆီးရေးအဖွဲ့ မှ ပထဝီအငိုက် လူအငိုက် ကိုစောင့်စားရန်အဖွဲ့ သုံးဖွဲ့ ခွဲကာလှိူ့ ဝှက်စောင့်ဆိုင်းနေစဉ် ညနေ ၄ နာရီ ၅၀မိနှစ် အချိန်ခန့် တွင်ပြင်ပတွင်သတင်းရယူနေသောအဖွဲ့့မှသတင်းရရှိပြီးပြစ်မှူကူးလွန်သူ(၈)ဦးအနက် နိုင်အောင်ချစ် မင်းအောင် မိူးချစ်အောင် တို့့သုံးဦးမှာလေယာဉ်ကွင်းကိုင်တောအတွင်းပုန်းခိုနေကြောင်းသတင်းရရှိသဖြင့်
ပူးပေါင်းဖမ်းဆီးရေးအဖွဲ့ မှ ကိုင်တေအတွင်း (၂)နာရီကျော်ကြာ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ၎င်းတို့့(၃)ဦးနှင့်အတူပြစ်မှူကူးလွန်ရာတွင်အသုံးပြုခဲ့သောနံပါတ်မပါDayang 110 အနက်ရောင်ဆိုင်ကယ်တစ်စီးနိုင်အောင်ချစ်ထံမှလေးခွ(၁)လက်မျိုးချစ်အောင်ထံမှပြစ်မှူကူးလွန်ရာတွင်အသုံးပြုခဲ့သော အရိုး/အသွား ၁ပေ/၁၀လက်မ ဗျက် ၁ လက်မခန့်ရှိ ဓါးရှည်(၁)ချောင်း တရားလို ကိုလင်းနိုင်ထွန်း၏တွဲကားထံမှ ဆီဖောက်ယူခဲ့သော ဒီဇယ်(၈) ဂါလံပါ (၁၀)ဂါလံဆံ့ အဖြူရောင် ပလပ်စတစ်အဖြူရောင် ဒီဇယ်ပုံး (၁)ပုံး ကိုမင်းအောင်ထံမှလုယူရရှိခဲ့သော ငွေ (၄၀၀၀၀)ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည် ထို့နောက် နိုင်အောင်ချစ်မှ တရားလိုထံမှ
အခင်းဖြစ်ချိန်လုယူခဲ့သော နံပါတ် (၂)ကဒ်ပါ MI 5 အမျိုးအစား ရွှေအိုရောင်ဟန်းဆက် (၁)လုံး(အနက်ရောင်ကာဗာတပ်လျှက်)နှင့်လုယူခဲ့ရာမှ ရရှိခွဲတမ်းငွေ (၈၁၀၀၀)ကျပ်တို့အား ကုလားရွာနေ မိခင်ဖြစ်သူ ဒေါ်ထွေးရီထံ အပ်နှံခဲ့ကြောင်း ပြောဆိုခဲ့သဖြင့် ၎င်းတို့(၃)ဦးအားခေါ်ဆောင်ပြီးသက်သေများနှင့်အတူ ဒေါ်ထွေးရီ အိမ်သို့သွားရောက်သိမ်းဆည်းခဲ့ပါသည် ထွက်ပြေးတိမ်းရှောင်နေသော တရားခံ(၁) ဇင်လေး(၂) မိုးကြီး(၃) ထန်းကျော် (၄) နေအောင် (၅) ရန်ကင်းရွာနေ သူရဝင်း တို့အား ဖမ်းဆီးနိုင်ရေး အတွက် ပူးပေါင်းအဖွဲ့မှ အပူတပြင်း လိုက်လံစုံစမ်းလျက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရှိရပါသည်။
အလောသား(ALT)
နေပြည်တော်ဟစ်တိုင်(PFA)
ပြည်ထောင်စုနယ်မြေ
ကလောင်စစ်သည်အဖွဲ့