News

Covid-19 ပိုးတွေ့လူနာသစ် ၁၀ ဦးတွင် အသက် ၁၀၀ နှစ်ရှိအဘွားတစ်ဦးနှင့် ၂ နှစ် အရွယ်ကလေးငယ်တစ်ဦးပါဝင်နေ

ရေတာရှည်မြို့နယ်၌ Covid-19 ပိုးတွေ့လူနာသစ် ၁၀ ဦးတွင် အသက် ၁၀၀ နှစ်ရှိအဘွားတစ်ဦးနှင့် ၂ နှစ် အရွယ်ကလေးငယ်တစ်ဦးပါဝင်နေ

ရေတာရှည် ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ်တွင် ဒီဇင်ဘာ ၆ ရက်နေ့ညပိုင်း Covid-19 ရောဂါနှင့် ပါတ်သက်၍ သတင်းထုတ်ပြန်ချက်၌ Positive ၁၀ ဦး တွေ့ရှိခဲ့ကြောင်းသိရှိရသည်။

အထက်သိုင်းနယ်၊ ချောင်းမကြီးကျေးရွာနေ ရန်ကုန်မှ ပြန်လာသူ မိန်းကလေးနှစ်ဦးတွင် Covid-19 ပိုးတွေ့ ရှိ ရပြီး ၎င်းတို့နှင့် ထိတွေ့သူ Contact များအပါအဝင် ဓာတ်ခွဲနမူနာ ၁၂၃ ဦးကို ရန်ကုန်မြို့သို့ပို့ဆောင်စစ်ဆေး ခဲ့ရာ ၁၀ ဦးတွင်ရောဂါပိုးတွေ့ရှိရခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

ရောဂါပိုးတွေ့ရှိသူ ၁၀ ဦးတွင် ချောင်းမကြီးကျေးရွာနေသူ ၆ ဦးမှာ Contact Positive ဖြစ်ပြီး အသက် ၁၀၀ နှစ်အရွယ် အဘွားတစ်ဦးနှင့် ၂ နှစ်အရွယ် ကလေးငယ်နှစ်ဦးတို့ပါဝင်ပြီး ရေတာရှည် မြို့နယ်ဆေးရုံ သီးသန့်ဆောင်၌ကုသပေးမည်ဖြစ် ကြောင်း သိရသည်။

ချောင်းမကြီးကျေးရွာကိုတော့ ကျေးရွာအစီအစဥ်နဲ့ လော့ဒေါင်းလုပ်ခိုင်းထားပါတယ် အဝင်အထွက်တွေ ကို ကန့်သတ်တဲ့အပိုင်းမှာ ကျေးရွာ အနေနဲ့ပဲ ဆောင်ရွက်ခိုင်းထားပါတယ် ဟု မြို့နယ် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် ကပြောကြား သည်။

ရေတာရှည်မြို့နယ်တွင် ရန်ကုန် နှင့်ပြည်ပနိုင်ငံ များမှပြန်လည်ဝင်ရောက်လာသူများကို ကန့်သတ် စောင့်ကြည့်မှုများဆောင်ရွက်ရာတွင် ရောဂါပိုးတွေ့ရှိ သူပေါင်း ၁၃၅ ဦးဖြစ်ပြီး လက်ရှိ ရောဂါပိုးတွေ့ရှိသူ ၁၀ ဦးနှင့် စုစုပေါင်း ၁၂ ဦးသာ ကျန်ရှိကာ ကျန်သူအား လုံးမှာ ရောဂါသက်သာပျောက်ကင်းပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြပြီဖြစ်သည်။ ကိုလွင်(ဆွာ)