အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက်ရှိ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မှာ အမည်မသိရောဂါဆန်းတစ်မျိုးကြောင့် လူတစ်ယောက်သေဆုံးပြီး လူ ၂၀၀ ဆေးရုံတက်ရောက်ကုသနေရကြောင်း abc သတင်းဌာနက ပြီးခဲ့တဲ့ တနာရီက ရေးသားထားပါသည်
ရောဂါဖြစ်ပွားသူများတွင် အသက်အရွယ်ပေါင်းစုံတွေ့ရပြီး ကိုဗစ်စမ်းသပ်ရာတွင်လည်း ပိုးမတွေ့အဖြေထွက်ရှိသလို သွေးလွန်တုပ်ကွေး ဆင်တုပ်ကွေးနှင့် ရေယုန်ရောဂါများစမ်းသပ်ရာတွင်လည်း မတွေ့ရှိရသဖြင့် အမည်မသိထူးဆန်းသောရောဂါဟု သတ်မှတ်ရမည်ဖြစ်ပါသည်
အဆိုပါရောဂါသည် ပြီးခဲ့သည့်စနေနေ့ ၅/၁၂/၂၀၂၀) ညနေတွင် အီလူရူမြို့တွင်စတင်ဖြစ်ပွားပြီး ရောဂါဖြစ်ပွားသူမှာ ပျို့အန်ခြင်း စိတ်ဂဏာမငြိမ်ဖြစ်ခြင်းမှသည် တက်ခြင်း သတိလစ်ခြင်းထိဖြစ်ပွားသည်ကို တွေ့ရသည်ဟု ဆရာဝန်များက ပြောကြသည်
အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦးသည် အတက်ရောဂါနှင့်ဆင်သောရောဂါလက္ခဏာနှင့်ပျို့အန်ပြီးဆေးရုံသို့ ရောက်ရှိလာပြီး တနင်္ဂနွေညနေတွင် သေဆုံးသွားသည်ဟု အိန္ဒိယသတင်းဌာနက ပြောကြားသည်
သက်ဆိုင်ရာပုဂ္ဂိုလ်များက ဘာ့ကြောင့်ဖြစ်ရသည့်ဆိုသည့်အကြောင်းရင်းကိုရှာဖွေနေဆဲဖြစ်သည်
သောက်ရေသုံးရေအရင်းအမြစ်များကိုစမ်းသပ်ရာတွင်လည်း ညစ်ညမ်းမှုမတွေ့ရှိရကြောင်း သိရပါသည်
ကျွမ်းကျင်အဖွဲ့သည် ယမန်နေ့ တင်္နလာနေ့ကစပြီး ဗဟိုအစိုးရအဖွဲ့နှင့်ပူးပေါင်းကာ ရောဂါထောက်လှမ်းမှုများကို ဆောင်ရွက်နေသည်
ရောဂါဖြစ်ပွားရာ အင်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ကိုဗစ်၏နှိပ်စက်မှုဒဏ်အခံရဆုံးပြည်နယ်များထဲကတစ်ခုဖြစ်ကာ ဖြစ်ပွားသူပေါင်း ၈ သိန်းကျော်ရှိပြီး ကျန်းမာရေးစနစ်သည်လည်း ကျန်အိန္ဒိယပြည်နယ်များကဲ့သို့ပင် ကိုဗစ်ကြောင့် အားနည်းချိနဲ့လျက်ရှိသည်
ထပ်ဖြည့်…Guardian News တွင် (၇/၁၂/၂၀၂၀) ဖော်ပြချက်အရ သေဆုံးသူတစ်ဦးနှင့် ဆေးရုံတက်ရသူ ၄၅၀ ကျော်ရှိပြီး အချို့သည် မျက်လုံးပူလောင်ခြင်းကို ခံစားရသည်ဟုပြောသဖြင့် ရေနှင့်အစားအသောက်ကို စုံစမ်းစစ်ဆေးခြင်းအပြင် လေထဲတွင်အဆိပ်သင့်မှုဖြစ်ပွားခြင်းကိုလည်း ထည့်သွင်းစဉ်းစားပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်းသိရပါသည်