ဗဟုသုတ

“ဂျပ်ဆင်ထိပ်က လရိပ်ပြာ” သီချင်းထဲက ပြန်မလာနိုင်ခဲ့တဲ့ အဆောင်သူလေး တစ်ယောက်အကြောင်း”

ရန်ကုန်တက္ကသိုလ် နှစ်၁၀၀ပြည့် အမှတ်တရတေးတွေထဲမှာအခိုက်ဆုံးသီချင်းက ကိုငှက်(ထူးအိမ်သင်)ရေးတဲ့” ဂျပ်ဆင်ထိပ်က လရိပ်ပြာ” ပါ။ အဲဒီသီချင်းကို
ပထမ အမျိုးသမီးအဆိုတော်တစ်ယောက်ဆိုဖူးတယ်။

ကိုငှက်ကတော့ “အတ္တပုံဆောင်ခဲများ” အခွေထဲမှာပြန်လည်သီဆိုထားတာပါ။အခွေက ၁၉၈၈အရေးတော်ပုံအလွန် ကျောင်းသားသွေးတွေပူနွေးစွတ်စိုဆဲကာလမှာ ထွက်ရှိခဲ့တာပါ။သာမန်အားဖြင့်ကြည့်ရင်အချစ်သီချင်းရိုးရိုးလေးလို့ ထင်ရပေမယ့် ကိုငှက်ကသူကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ ပူပူနွေးနွေး သမိုင်းတစ်ရပ်ကို ပါးပါးလေးရေးဖွဲ့ခဲ့တာပါ။

ရသလည်းမြောက်စေ ဆင်ဆာလည်းလွတ်စေပေါ့။အရေးတော်ပုံအပြီး ကျောင်းတွေပြန်ဖွင့်တော့ အကြောင်းအမျိုးမျိုးနဲ့ကျောင်းဝန်းထဲပြန်မရောက်နိုင်တော့တဲ့ ကျောင်းသားတွေလည်းအများအပြားရှိခဲ့တာပေါ့။

နွေကျောင်းပိတ်ရက်တွေလွန်ချိန်မှာသူပြန်မလာနိုင်ပြီပဲ..တဲ့။

ရန်ကုန်တက္ကသိုလ်ကြီးသို့ ပညာလာရောက်သင်ကြားနေသည့် အဆောင်သူလေးကို စွဲလန်းနှစ်သက်နေသော လူငယ်လေးတစ်ယောက်သည် အဆောင်သူလေး၏အဆောင်အောက်အမှောင်ရိပ်ကလေး တစ်နေရာတွင် ရင်ခုန်သံတို့ကိုအခြေခံထားသော တေးသီချင်းတို့အား ဂစ်တာတစ်လက်ဖြင့် တွဲဖက်သီဆိုနေလေ့ရှိသည်။

အဆောင်သူကလေးသည် ဂျပ်ဆင်ထိပ်ကလမင်းလေးအလား ငြိမ်းချမ်းအေးမြသော အလှတရားတို့ဖြင့် ပြီးပြည့်စုံနေသူဖြစ်ပြီး လူငယ်လေး၏ သီချင်းတို့ကို သာယာနားစွင့်ရင်း နှလုံးသား ၂ ခုတို့ နားလည်မှုအပြည့်ဝ ရရှိသွားလေခဲ့သည်။

မကြာမှီ ၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ အဆောင်သူလေး ထိုအနားသို့ရောက်သွားစဉ် ကံအကြောင်းမလှမှုကြောင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရလေတော့သည်။

ဘယ်ဆီ၊ဘယ်အခြေနေသို့ ရောက်လေသည်ကို မသိနိုင်အောင် အဆက်အသွယ် ပြတ်တောက်သွားသဖြင့် စောင့်နေရုံမှတပါး နည်းလမ်းမရှိတော့ချေ။ နွေရာသီကျောင်းပိတ်ရက်တို့ ကျော်လွန်ပြီး ကျောင်းပြန်ဖွင့်ချိန်ရောက်သော်လည်း အဆောင်သူလေးပြန်ရောက် မလာတော့ချေ။

ညဥ့်နက် သန်းခေါင် နိုးတစ်ဝက်အိပ်မက်တွင် မီးမထွန်းသော အခန်းကျဉ်းလေးထဲတွင် လိပ်ပြာငယ်လေးတစ်ကောင် ဝဲပျံနေသည်။ ဤအိပ်မက်သည် တကယ်တော့ အဆောင်သူလေးကသူသိပ်ချစ်သော လူငယ်လေးကို အိပ်မက်လာပေးခြင်းဖြစ်သည်။

အဆောင်နံရံပေါ်တွင် ပုံရိပ်ဝိုးတဝါး မြင်ရနိုးနိုးဖြင့် နေဝင်ပြီဆိုလျှင်ဂစ်တာတစ်လက်ယူပြီး သီချင်းတို့ကို သွားရောက်သီကျူးရင်း နှလုံးသားကား စွဲလန်းသောစိတ်မီးတို့ဖြင့် လောင်မြုက်နေသည် ဂျပ်ဆင်ထိပ်တွင် လရိပ်ကလေးသာနေသည် သို့သော်လူငယ်၏ဘဝတစ်သက်သာလက်တွဲဖော်ကား မျက်ရည်သာဖြစ်လေ
တော့သည်။😢😢😢

သီလေးကို ပြန်လည်ခံစား ကြည့်ပါဦး

Copy from

သုခုမအလင်းတန်းများ