ဗေဒင်

“(၇) ရက် သားသမီးများအတွက် တစ်ပတ်တာ ကံကြမ္မာ ဟောစာတမ်း(8-12-2020 မှ 14-12-2020 ထိ)”

တနင်္ဂနွေသားသမီးများ

ဒီတစ်ပတ်မှာအလုပ်နေရာ အိမ်နေရာပြောင်းရွှေ့ရခြင်း အိုးအိမ်ပြုပြင်ဆောက်လုပ်ရတက်ပါသည်။ ဧည့်ထူးဧည့်ကောင်းရောက်လာတက်သည်။

ရုတ်တရက်ရာထူးတိုးခြင်းစီးပွားတိုးတက်ခြင်းများကြုံရတက်ပါသည်။မိသားစုဝင်တစ်ဦးထွက်သွားတက်ပါသည်။ယားနာဖြစ်ခြင်းရင်ဘတ်အောင့်ခြင်းများဖြစ်တက်ပါသည်။အချစ်ရေးမှာအပြောင်းအလဲများကြုံတွေ့ရတက်ပါသည်အကျိုးပြုသော

အရောင်အစိမ်းရောင်အဖြူရောင်ဖြစ်ပါသည်။အကျိုးပေးဂဏန်း၄ဂဏန်း၂ဂဏန်းဖြစ်ပါသည်။ကံရဲ့အထောက်အပံ့ရရှိစေရန်(သစ္စာပန်းနှင့်သောက်တော်ရေ၅ခွက်အိမ်ဘုရားမှာလှူ၍လိုရာဆုတောင်းပါ။)

တနင်္လာသားသမီးများ

ဒီတစ်ပတ်မှာခရီးသွားလာရခြင်းကူညီမစပေးသူပေါ်ပေါက်ခြင်းများကြုံရတက်ပါသည်။လူရင်းမိတ်ဆွေတစ်ဦးရဲ့လိမ်လည်လှည့်ဖြားမှုခံရတက်ပါသတိထားပါ။ငွေသောကဖြစ်ခြင်းအလုပ်နေရာပြောင်းရွှေ့ရခြင်းအမှု

ကိစ္စတစ်အခုနဲ့ပတ်သက်ရင်ဆိုင်ရခြင်းများဖြစ်တက်ပါတယ်။ချစ်သူရှိပါကအိမ်ထောင်ကျတက်ပါတယ်။)လက်တစ်ဖက်နာတက်ခြင်းဦးခေါင်းကိုက်ခြင်းဝမ်းပျက်ခြင်းများဖြစ်တက်ပါတယ်။အကျိုးပြုသောအရောင်အနီရောင်အဝါ

ရောင်ဖြစ်ပါသည်။အကျိုးပေးဂဏန်း၁ဂဏန်း၉ဂဏန်းဖြစ်ပါသည်။ကံတရားရဲ့အထောက်အပံ့ရရှိစေရန်အောင်အိုးတစ်လုံးထဲမှာနှင်းဆီ၁၀ပွင့်ထည့်၍အိမ်ဘုရားမှာ ကပ်လှူ၍လိုရာဆုတောင်းပါ။

အင်္ဂါသားသမီးများ

ဒီတစ်ပတ်မှာသတင်းကောင်းကြားရခြင်းစာချုပ်စာတမ်းလက်မှတ်ရေးထိုးခြင်းအစိုးရရဲ့ချီးမြှင့်မစမှုရရှိကြုံတွေ့ရတက်ပါသည်။မသွားတော့လိုလိုနဲ့ ခရီးသွားရခြင်းအလုပ်သစ်ပညာသစ်ရရှိတက်ပါသည်

ငွေကုန်ကြေးကျများမဲ့ကာလဖြစ်ပါသည်။မိသားစုအရေးမသာမယာဖြစ်နေလိမ့်မည်။(အချစ်ရေးမှာ အထင်အမြင်လွဲမှားမှုများကြုံရတက်ပါသည်။)ဖျားနာခြင်းလေပွခြင်းလည်ချောင်းနာခြင်းများဖြစ်တက်ပါသည်။အကျိုးပေးအရောင်မှာ

အစိမ်းရောင်နီညိုရောင်ဖြစ်ပါသည်။အကျိုးပေးဂဏန်း၄ဂဏန်း၅ဂဏန်းဖြစ်ပါသည်။ကံတရားရဲ့အထောက်အပံ့ရရှိစေရန်ဘုန်းကြီးကျောင်မှာရေလှူခြင်းအများသောက်သုံးရေလှူခြင်းဖြင့်ကံတရားရဲ့အထောက်အပံ့ကိုရရှိစေပါလိမ့်မည်။

ဗုဒ္ဓဟူးသားသမီးများ

ဒီတစ်ပတ်မှာမိသားစုနဲ့အဆင်မပြေခြင်းမိသားစုဝင်တစ်ဦးအောင်မြင်သောသတင်းကြားရခြင်းများကြုံရမည်။ထို့အတူမိသားစုထဲမှာနေထိုင်မကောင်းခြင်းကြောင့်လူပင်ပန်းစိတ်ပင်ပန်းရမည်အလုပ်အကိုင်အခွင့်

လမ်းကောင်းပေါ်ပေါက်ခြင်းငွေဝင်လမ်းများရရှိလာခြင်းများကြုံရမည်။မင်္ဂလာဆောင်ကိစ္စရပ်များကူညီလုပ်ကိုင်ပေးရတက်ပါသည်။ထို့သို့ကြုံပါကထီးထိုးပါ။အချစ်ရေးမှာမျက်နှာပွင့်လန်းမည်။စိတ်ချမ်းသာဝမ်းသာစရာများကြုံရမည်။

တင်ပါးနာခြင်းခါးကိုက်ခါးနာခြင်းအကြောဝေဒနာဖြစ်ခြင်းများကြုံရမည်။အကျိုးပြုသောအရောင် ဆင်စွယ်ရောင်ပုလဲရောင်အဖြူရောင်ဖြစ်သည်။အကျိုးပေးဂဏန်း၉ဂဏန်း ၂ဂဏန်းဖြစ်ပါသည်။ကံတရားရဲ့အထောက်အပံ့ရရှိစေရန်အမေအိုတစ်ဦးကိုလိုအပ်သောအရာများဖြည့်စီးပေးပြီးလိုရာဆုတောင်းအာရုံပြုပါ။

ကြာသပတေးသားသမီးများ

ဒီတစ်ပတ်မှာအပြောင်းအရွှေ့ဖြစ်မည်။အလုပ်ပြောင်းနေရာပြောင်းအိမ်ပြောင်းကိစ္စများကြုံရတက်ပါသည်။ရေနဲ့ပတ်သက်ပြီးစိတ်ညစ်ရတက်ပါသည်။အိမ်ထောင်ရှင်များအိမ်ထောင်ဖက်ကျန်းမာရေးချူချာတက်

ပါသည်။ကိုးကွယ်စရာပစ္စည်းများဝင်လာပါကကံကောင်းစေပါလိမ့်မည်။မျက်စိဆီး အစာအိမ်ဒုက္ခပေးတက်ပါသည်သတိထားပါ။ငွေအထွက်နဲ့အဝင်မမျှသောကာလဖြစ်ပါသည်။(အချစ်ရေးမှာ အပြောင်းအလဲကြုံရမည်။အကျိုးပြုသော

အရောင်အနက်ရောင်သံဝါရောင်မိုးပြာရောင်ဖြစ်သည်။အကျိုးပေးဂဏန်း ဝဂဏန်း၁ဂဏန်း ၈ဂဏန်းဖြစ်ပါသည်။ကံတရားရဲ့အထောက်အပံ့ရရှိစေရန်အိမ်မွေးတရိစ္ဆာန်လေးများကိုအစာကျွေးပြီးလိုရာအာရုံပြုပါ။ခရီးစရိတ်ကူညီပါ။)

သောကြာသားသမီးများ

ဒီတစ်ပတ်မှာစပ်တူရှယ်ယာလုပ်ငန်းများအကျိုးပြုမည်။အထက်လူကြီးမစတက်ပါသည်။စိတ်ချမ်းသာစရာများဆက်တိုက်တွေ့ကြုံရတက်ပါသည်။လာဘ်လာဘလည်းအလွန်ရွှင်မည်။အိမ်သုံးပစ္စည်းများဝင်ခြင်း

စက်ပစ္စည်းဝင်ခြင်းများကြုံမည်။ခန္ဓာကိုယ်တစ်ခြမ်းအောင့်သကဲ့သို့ရောဂါဖြစ်တက်သည်။လေအောင့်လေနာများကြုံရတက်ပါသည်။အချစ်ရေးမှာအပြိုင်အဆိုင်ပေါ်ပေါက်တက်ပါသည်။မိမိချစ်သူကိုကြည်ဖြူအောင်ပြောဆိုဆက်ဆံပါ။

အကျိုးပြုသောအရောင်ရေညှိစိမ်းရောင်ကျောက်စိမ်းရောင် အနီရောင်ဖြစ်ပါသည်။အကျိုးပေးဂဏန်း၇ဂဏန်း၃ဂဏန်းဝဂဏန်းဖြစ်ပါသည်။ကံတ ရားရဲ့အထောက်အပံ့ရရှိစေရန်ခြေလက်အင်္ဂါချို့ယွန်းသူကိုအဝတ်စားစွန့်ကျဲပေးကမ်းပါ။အိမ်ဘုရားမှာဆီထမင်းကပ်လှူဆုတောင်းပါ။

စနေသားသမီးများ

ဒီတစ်ပတ်မှာလုပ်ငန်းဆောင်တာများရှေ့မတိုးပဲနှောင့်နှေးနေမည်။အရောင်းအဝယ်ကျဆင်းမည်။အိမ်သို့အမူးသမားများညအိပ်ညနေလက်မခံပါနဲ့ပြဿနာဖြစ်ပေါ်တက်ပါသည်။အမှုအခင်းအရှုပ်အရှင်းများပါဝင်ပတ်သက်

ရတက်ပါသည်။သတိထားပါ။ငွေပူကြွေးပူများကြုံရမည်။ဘာသာရေးများများလုပ်သင့်သောကာလဖြစ်ပါသည်။ဦးခေါင်းဝေဒနာအာရုံကြောဝေဒနာဖြစ်တက်ပါသည်။အိမ်ထောင်ရှင်များအနေအထိုင်ဆင်ခြင်သင့်ပါတယ်။

(အချစ်ရေးမှာပြဿနာပဲဖြစ်နေတက်ပါသည်။အထင်အမြင်အလွဲခံရတက်ပါသည်။)အကျိုးပြုသောအရောင်မီးခိုးရောင်ဘဲစိမ်းရောင်ပန်းရောင်တို့ဖြစ်ပါသည်။အကျိုးပေးဂဏန်း၂ဂဏန်း၉ဂဏန်းဝဂဏန်းဖြစ်ပါသည်။ကံတရားရဲ့အထောက်အပံ့

ရရှိစေရန်စိတ်မမှန်သောသူကိုစားစရာပေးကမ်းထောက်ပံ့ပြီးလိုရာအာရုံပြုပါ။လမ်းပြုပြင်ပါ။ရေသက်စေ့ကပ်လှူဆုတော င်းခြင်းဖြင့်ဒီတစ်ပတ်ရဲ့ကံဇာတာကိုအထောက်အကူပြုစေပါလိမ့်မည်)ခုနှစ်ရက်သားသမီးအားလုံးချိန်ဆနိုင်၍အကျိုးရှိကြပါစေစရဏကျော်ဉာဏ်သိန်း09440032699ခရက်တစ်ပါ