ယူကေနိုင်ငံမှ အသက် ၉၀ ရှိ ဖွားဖွား Margaret Keenan ဟာ #ကမ္ဘာ့ပထမဦးဆုံး နိုင်ငံတကာအသိအမှတ်ပြုကာကွယ်ဆေးကိုစတင်ထိုးနှံသူဖြစ်လာပါတယ်။
စမ်းသပ်မှုမှာထိုးနှံတာခဲ့တာကလွဲလို့ လူအများကို ကိုဗစ်ကာကွယ်ရေးအစီအစဉ်အဖြစ် Pfizer ကာကွယ်ဆေးကို စတင်ထိုးနှံတာဖြစ်ပါတယ်။
အခုလိုကာကွယ်ဆေးပထမဦးဆုံးအဖြစ်အထိုးခံရတာကို မယုံနိုင်ပါဘူးတဲ့။
“It’s the best early birthday present I could wish for because it means I can finally look forward to spending time with my family and friends in the New Year after being on my own for most of the year.”
အဲ့ဒါကတော့ သူမျှော်လင့်နိုင်တဲ့ အကောင်းဆုံးမွေးနေ့လက်ဆောင်ပါပဲတဲ့။
တစ်နှစ်လုံးလိုလို သူ့ဘာသာသူနေခဲ့ရအပြီးမှာ လာမယ့်နှစ်သစ်ကူးမှာ မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့အတူ အချိန်ကုန်လွန်နိုင်တော့မှာမို့ အလွန်ပျော်နေတာပါ။
ဖွားဖွားအပြီးမှာ ဒုတိယအဖြစ် William Shakespeare ဆိုတဲ့ နာမည်ကျော်ပြဇာတ်ဆရာကြီးနဲ့နာမည်တူတဲ့ အသက် ၈၁ အရွယ်အဖိုးအိုက ကာကွယ်ဆေးထိုးနှံခဲ့ပါတယ်။
🇬🇧 ယူကေနိုင်ငံမှာ ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၆:၃၁ မိနစ်ကစလို့ ပြည်သူလူထုကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံနေပါပြီခင်ဗျား။
Richard Myo Thant
8-December-2020