ဗဟုသုတ

“ကိုဗစ်ကာလမှာ မဖြစ်မနေ ခရီးသွားရရင် ဘာတွေလိုအပ်သလဲ….သိချင်သူများအတွက်”

မဖြစ်မနေခရီးသွားရင် ဘာတွေလိုအပ်သလဲ ?မေးသူများအအတွက်ပါ။

၁။ ကိုဗစ်ကင်းရှင်းကြောင်း စာရွက်

၂။ ရပ်ကွက်ထောက်ခံစာ

၃။ မှတ်ပုံတင် ဒီ ၃ ခုပဲလိုတာပါ။

၁။ကိုဗစ်ကင်းကြောင်းစာရွက်ကို ရန်ကုန် MCC မှာလုပ်ပါ။

မှတ်ချက်။ ဧရာဝတီစင်တာမှာ စစ်ရင် စာရွက်မပေးပါ။

MCC မှာပဲစာရွက် ထုတ်ပေးပါတယ်။

လမ်းမှာပဲ စစ်မယ်ဆို တိုကင်ယူရလို့ အချိန်ပိုကြာပါတယ်။

၂။ရပ်ကွက်ထောက်ခံစာက ကိုယ်သွားမယ့်မြို့နာမည်ပါရပါမယ်။

၃။မှတ်ပုံတင်ကတော့ မိတ္တူတစောင်ယူသွားပါ။

နယ်မြို့သွားမယ်ဆို Qဝင်ရပါတယ်။ရန်ကုန်လာမယ်ဆို မဝင်ရပါ။

အမြန်လမ်းတောက်လျောက် အစစ်အဆေး လုံးဝမရှိပါ။

ရန်ကုန် ပဲခူးလမ်း ဝမ့်မော်တပ် မှာစစ်ပါတယ်။

ရန်ကုန် မော်လမြိုင်လမ်း

စစ်တောင်းမှာစစ်ပါတယ်။

မိတ္ထီလာ ၂၈၅ အဆင်းမှာစစ်ပါတယ်။

ရန်ကုန် ပြည်လမ်း သုံးဆယ်အဝင်မှာစစ်ပါတယ်။

ရန်ကုန် ပုသိမ်လမ်း ပန်းတိုင်ဂိတ်မှာစစ်ပါတယ်။

ရှမ်းပြည်ဘက် ၂၆၂ အဆင်းစစ်ပါတယ်။

Crd#