News

“ငါးမိုင်းခွဲဖို့ ပြင်ဆင်နေစဉ် မိုင်းပေါက်ကွဲပြီး လက် နှစ်ဖက်ပြတ်သွား”

အမှုဖြစ်စဉ်မှာ၆.၁၂.၂၀၂၀ရက်မွန်းလွဲ၃နာရီခွဲအချိန်ခန့်တွင်စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကောလင်းမြို့နယ်၊ရှမ်းကလုံးကျေးရွာမြောက်ဖက်ရေအိုင်တွင်လူတစ်ဦးငါးဖမ်းရန်အတွက်ငါးမိုင်းခွဲရာမှမိုင်းပေါက်ကွဲပြီးထိခိုက်ဒဏ်ရာများရရှိကြောင်းကောလင်းမြို့နယ်၊ရှမ်းကလုံးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်စိုးမှ ဖုန်းဆက် အ ကြောင်းကြား

သဖြင့်ကောလင်းမြို့နယ်၊ချောင်းနားရဲကင်းစခန်းမှူးဒုရဲအုပ်သက်ဇော်အောင်ဦးစီးသောရဲတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ အခင်းဖြစ် အရပ်သို့သွားရောက်စစ်ဆေးရာထိခိုက်ဒဏ်ရာရရှိသူမှာကောလင်းမြို့နယ်၊ရှမ်းကလုံးကျေးရွာအုပ်စု၊ကျွန်းကလုံးကျေးရွာနေချိုတူး(၄၄)နှစ်၊တောင်သူ လုပ်ကိုင်သူဖြစ်ကြောင်း သိရှိရပြီးချိုတူးတွင် မျက်နှာတစ်ပြင်လုံးမီးလောင်စုတ်ပြဲဒဏ်ရာ၊ရင်ဘတ် မီးလောင်စုတ်ပြဲဒဏ်ရာ၊

ဝဲ /ယာလက်နှစ်ဖက် လက်ကောက်ဝတ်မှပြတ်ဒဏ်ရာတို့ရရှိနေသည်ကိုတွေ့ရှိရပြီးထိခိုက်ဒဏ်ရာရရှိသူချိုတူးအားဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာ၎င်းသည်၆.၁၂.၂၀၂၀ရက်ညနေ၃နာရီအချိန်ခန့်တွင်ရှမ်းကလုံးကျေးရွာမြောက်ဖက်(၁)မိုင်ခန့်ဝေးသောပတ်လည်အကျယ်ပေ(၆၀)ခန့်တောင်ကျချောင်းအတွင်းရှိ၊ရေအနက်(၆)ပေခန့်ရှိရေအိုင်တွင်ငါးဖမ်းရန်အတွက်ကိုယ်တိုင်လုပ်မိုင်းခွဲရာမှလက်ထဲတွင်မိုင်းပေါက်ကွဲပြီး

ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းပြောပြသိရပြီး ရေအိုင်ဘေးကမ်းစပ်၌ပေါက်ပြဲနေသည့်VeVe ပလပ်စတစ်ဗူးခွံ(၁)ခု၊အစိမ်းရောင်ဂစ်မီးခြစ်(၁)လုံး၊ မီးလောင်ကျွမ်းထားသည့် အဝတ်စအချို့၊ ယမ်းစအနည်းငယ် တို့အား တွေ့ရှိရသောကြောင့်

ပေါက်ကွဲစေတတ်သောလက်လုပ်မိုင်းအားကိုယ်တိုင်ပြုလုပ်၍ပေါ့ဆစွာကိုင်တွယ်အသုံးပြုခဲ့သဖြင့်ပေါက်ကွဲစေခဲ့ပြီးမိမိကိုယ်ကိုထိခိုက်ဒဏ်ရာများ ရရှိစေခဲ့သူချိုတူးအားဥပဒေအရအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာကောလင်းမြို့မရဲစခန်း(ပ)၂၁၉ရာဇသတ်ကြီးပဒေပုဒ်မ၂၆၈/၃၃၈အရအမှုရေးဖွင့်ကာအမှုစစ်ကစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

မောင်တင့်(ကောလင်း)S.H

ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်

Aung Kyaw Oo