၇-၁၂-၂၀၂၀ရက်နေ့ နေ့လည် (၀၂၀၀) ချိန်၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ (၀၀)ရပ်ကွက်၊ ၆၈ လမ်းဘေးရှိ အောင် ဓါတ်ပုံအမြန်မိတ္တူဆိုင်တွင် Covid-19 ကင်းရှင်းကြောင်း ထောက်ခံစာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဝင်/ထွက်ခွင့်လက်မှတ်များ အတုပြုလုပ်ကြောင်း သတင်းအရ
မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ မြို့နယ်ဆရာဝန်ကြီး၊ ဒုတိယဦးစီးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်း စစ်ဆေးရေး အဖွဲ့ဖြင့် ဝင်ရောက် ရှာဖွေခဲ့ရာ
COVID-19 ကင်းရှင်းကြောင်း ထောက်ခံစာ အတုများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဝင်ထွက်ခွင့်ကဒ်များအား စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ပိုင်ရှင် ဖြစ်သူ သူရအောင်၊ ၃၂ နှစ်၊ ကွန်ပျူတာ စာစီစာရိုက် ၊
လလ ၁၅/၂၄ ၁၄၁လမ်း ၆၇*၆၈ ကြား စက်မှု ၂ ပြည်ကြီးတံခွန်မြို့နယ် နေသူအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
@AmarapuraTownship Gad
@Zaw Phyo Naung