ခင္ဗ်ားပိုက္ဆံ မဆပ္ႏိုင္ဘူးဗ်ာ ႀကိဳက္တဲ့ေနရာတိုင္ ခင္ဗ်ားေငြေခ်းတာ ေထာင္ထဲ ၅ႏွစ္ေရာက္သြားမယ္ဒီလိုစကားေတြ ခဏခဏၾကားေနရပါတယ္။ ဘယ္သူကစလိုက္တယ္မသိ။ ဒီစကားေလးက ေငြေခ်းသူေတြရဲ႕ လက္သုံးစကား လက္နက္ ႀကီး ျဖစ္လို႔။ ဒီေတာ့ ေငြရွင္ခမ်ာလည္း အတိုးေလးရလို႔ ေခ်းမိတာ ။ အခုျပန္ေတာင္းေတာ့ တခ်ိန္က မ်က္နာ ငယ္ေလးနဲ႔ ကိုယ့္ဆီက ေငြေခ်းခဲ့တဲ့သူက အခုေတာ့ မ်က္နာထားႀကီးတင္းၿပီး ကိုယ္ကပဲ သူဆီက ျပန္ေခ်းေနသလိုလို။
ဒီလိုေတာင္းလို႔မရရင္ တရားစြဲေတာင္းမယ္လို႔ စိတ္ထဲက ျပင္ထားေပမယ့္ တစ္ဖက္က အတိုးပါတဲ့အတြက္ ေထာင္ ၅ ႏွစ္ ခ်လို႔ရ တယ္လို႔ေျပာလာေတာ့ စိတ္ထဲမွာ ေခ်းထားမိတဲ့ေငြ ကူညီေပးထားတဲ့ေငြေလး ျပန္မရႏိုင္ေတာ့ဘူးလား ဆိုပီး ေသာကအပူေတြျဖစ္။
အတိုးပါရင္ ေထာင္ ၅ ႏွစ္ထိ ခ်လို႔ရတယ္ဆိုတာ ဥပေဒ မွာ မရွိဘူးလား ဆိုရင္ ရွိပါတယ္။ ဒါေပမယ့္ ဒါကို ခုတုံးလုပ္ပီး ေငြေခ်းသူ ေတြက ၿခိမ္းေျခာက္ေနတာ ေတြ႕ရေတာ့ ကိုယ့္ဆီမွာ ရွိစုမယ့္ လစာေလးနဲ႔ ေငြေလးနဲ႔ ခင္လို႔ျဖစ္ေစ အတိုးနည္းနည္းရရင္လည္း မဆိုးပါဘူး ဆိုပီး ထုတ္ေခ်းမိတဲ့ ေငြရွင္ေတြခမ်ာ ဖြတ္မရ ဓားမဆုံး ျဖစ္မိတာေတြ ကို ေတြ႕ရလို႔ ဒီစာေလးေရးရျခင္းျဖစ္ပါတယ္။
ေငြေခ်းထားတဲ့ေငြရွင္ေတြကိုေျပာလိုတာက တစ္ဖက္ေငြေခ်းသူက ဒီလိုေျပာလာရင္ လုံးဝစိတ္မပူပါ နဲ႔။ မေၾကာက္ပါနဲ႔။ မိမိေခ်းထားတဲ့ေငြေတြကို ရဲရဲဝံ့ဝံ့သာ ျပန္ေတာင္းပါ။ ေပးထားတဲ့ေငြ ရဲ႕ အတိုးသာ မရရင္ေနပါမယ္။ အရင္းကေတာ့ေသခ်ာေပါက္ျပန္ရပါတယ္။ ေထာင္ ၅ႏွစ္ခ်လို႔ရတယ္ဆိုတာက မိမိသည္ ေငြတိုးေခ်းစားခြင့္လိုင္စင္မရွိပါပဲလ်က္ ေငြတိုးေခ်းစားျခင္းကို လုပ္ငန္းတစ္ခုအေနနဲ႔ လုပ္ကိုင္သူကိုသာ ဆိုလိုျခင္းျဖစ္ၿပီး မိတ္ေဆြ ကို ကူညီသည့္အေနျဖင့္ တခါတရံ ေငြေခ်းေပးတဲ့သူ မပါဝင္ပါ။
ဒါေၾကာင့္ေငြေခ်းေပးထားတာ ရွိရင္ ရဲရဲသာေတာင္းၾကပါ။( စာခ်ဳပ္ေရွ႕ေန)Credit:ေပးပါတယ္ဆရာ မူရင္းတင္ထားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္
ငွေချေးထားသူများ ရစရာရှိတဲ့သူဆီကနေ ပြန်လိုချင်ရင် ရဲရဲဝံ့ဝံ့ ပြန်တောင်းလို့ရပြီ
ခင်ဗျားပိုက်ဆံ မဆပ်နိုင်ဘူးဗျာ ကြိုက်တဲ့နေရာတိုင် ခင်ဗျားငွေချေးတာ ထောင်ထဲ ၅နှစ်ရောက်သွားမယ်ဒီလိုစကားတွေ ခဏခဏကြားနေရပါတယ်။ ဘယ်သူကစလိုက်တယ်မသိ။ ဒီစကားလေးက ငွေချေးသူတွေရဲ့ လက်သုံးစကား လက်နက် ကြီး ဖြစ်လို့။ ဒီတော့ ငွေရှင်ခမျာလည်း အတိုးလေးရလို့ ချေးမိတာ ။
အခုပြန်တောင်းတော့ တချိန်က မျက်နာ ငယ်လေးနဲ့ ကိုယ့်ဆီက ငွေချေးခဲ့တဲ့သူက အခုတော့ မျက်နာထားကြီးတင်းပြီး ကိုယ်ကပဲ သူဆီက ပြန်ချေးနေသလိုလို။ ဒီလိုတောင်းလို့မရရင် တရားစွဲတောင်းမယ်လို့ စိတ်ထဲက ပြင်ထားပေမယ့် တစ်ဖက်က အတိုးပါတဲ့အတွက် ထောင် ၅ နှစ် ချလို့ရ တယ်လို့ပြောလာတော့ စိတ်ထဲမှာ ချေးထားမိတဲ့ငွေ ကူညီပေးထားတဲ့ငွေလေး ပြန်မရနိုင်တော့ဘူးလား ဆိုပီး သောကအပူတွေဖြစ်။
အတိုးပါရင် ထောင် ၅ နှစ်ထိ ချလို့ရတယ်ဆိုတာ ဥပဒေ မှာ မရှိဘူးလား ဆိုရင် ရှိပါတယ်။ ဒါပေမယ့် ဒါကို ခုတုံးလုပ်ပီး ငွေချေးသူ တွေက ခြိမ်းခြောက်နေတာ တွေ့ရတော့ ကိုယ့်ဆီမှာ ရှိစုမယ့် လစာလေးနဲ့ ငွေလေးနဲ့ ခင်လို့ဖြစ်စေ အတိုးနည်းနည်းရရင်လည်း မဆိုးပါဘူး ဆိုပီး ထုတ်ချေးမိတဲ့ ငွေရှင်တွေခမျာ ဖွတ်မရ ဓားမဆုံး ဖြစ်မိတာတွေ ကို တွေ့ရလို့ ဒီစာလေးရေးရခြင်းဖြစ်ပါတယ်။
ငွေချေးထားတဲ့ငွေရှင်တွေကိုပြောလိုတာက တစ်ဖက်ငွေချေးသူက ဒီလိုပြောလာရင် လုံးဝစိတ်မပူပါ နဲ့။ မကြောက်ပါနဲ့။ မိမိချေးထားတဲ့ငွေတွေကို ရဲရဲဝံ့ဝံ့သာ ပြန်တောင်းပါ။ ပေးထားတဲ့ငွေ ရဲ့ အတိုးသာ မရရင်နေပါမယ်။ အရင်းကတော့သေချာပေါက်ပြန်ရပါတယ်။ ထောင် ၅နှစ်ချလို့ရတယ်ဆိုတာက မိမိသည် ငွေတိုးချေးစားခွင့်လိုင်စင်မရှိပါပဲလျက် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်သူကိုသာ ဆိုလိုခြင်းဖြစ်ပြီး မိတ်ဆွေ ကို ကူညီသည့်အနေဖြင့် တခါတရံ ငွေချေးပေးတဲ့သူ မပါဝင်ပါ။
ဒါကြောင့်ငွေချေးပေးထားတာ ရှိရင် ရဲရဲသာတောင်းကြပါ။( စာချုပ်ရှေ့နေ)Credit:ပေးပါတယ်ဆရာ မူရင်းတင်ထားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်