News

သတို႔သမီးအရံလုပ္ဖို႔ လူမေလာက္ခဲ့တဲ့ မဂၤလာပြဲတစ္ခုရဲ႕ ဟာသဆန္လြန္းတဲ့အျဖစ္

ဒီတ႐ုတ္ႏိုင္ငံက မဂၤလာပြဲတစ္ခုရဲ႕အျဖစ္အပ်က္ကေတာ့ အေတာ္ေလးဟာသဆန္ခဲ့တယ္လို႔ေျပာရမွာပါပဲ ။ ဘာလို႔လည္းဆိုေတာ့ တ႐ုတ္မဂၤလာပြဲ အေတာ္မ်ားမ်ားဟာ သတို႔သမီးအရံကို စုံကိန္းဂဏာန္းထားၿပီး ေခၚယူတတ္ၾကလို႔ပါ ။ သတို႔သမီးအရံ 2 ေယာက္သာေခၚရင္လည္း အေတာ္ေလးနည္းေနလို႔ ၾကည့္မလွပါဘူး ။ ဒါေၾကာင့္ သတို႔သမီးအရံလုပ္ဖို႔ လူ 4, 6,8 ေယာက္စတဲ့ စုံဂဏာန္ေတြနဲ႔ ေခၚယူတတ္ပါတယ္ ။

ဒီတစ္ေခါက္ေဖာ္ျပမဲ့ မဂၤလာပြဲကေတာ့ မိန္းကေလးဖက္က သတို႔သမီးအရံလုပ္ကူဖို႔ သူငယ္ခ်င္းေတြ မလုံေလာက္ေတာ့လို႔ ေကာင္ေလးသူငယ္ခ်င္းက ကိုယ္စားသတို႔သမီးအရံ ဝင္လုပ္ေပးခဲ့ၿပီး ကိုယ္တိုင္လည္း မိန္းကေလးတစ္ေယာက္လိုျပင္ဆင္ခဲ့ပါတယ္ ။ မဂၤလာပြဲရဲ႕ စင္ျမင့္ထက္မွာ မဂၤလာစုံတြဲက အနမ္းေတြဖလွယ္ေနခ်ိန္ သတို႔သမီးအရံလုပ္ေပးခဲ့တဲ့ ေကာင္ေလးရဲ႕ မ်က္ႏွာကေတာ့ ပြဲလာပရိသတ္ေတြကို အေတာ္ေလးရယ္ပြဲက်သြားေစခဲ့ပါတယ္ ။ သတို႔သမီးအတြက္ကေတာ့ အေတာ္ေလးေကာင္းလြန္းတဲ့ ေယာက်ၤားေလးသူငယ္ခ်င္းလို႔ ေျပာရမွာပါပဲ ။

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ဒီတရုတ်နိုင်ငံက မင်္ဂလာပွဲတစ်ခုရဲ့အဖြစ်အပျက်ကတော့ အတော်လေးဟာသဆန်ခဲ့တယ်လို့ပြောရမှာပါပဲ ။ ဘာလို့လည်းဆိုတော့ တရုတ်မင်္ဂလာပွဲ အတော်များများဟာ သတို့သမီးအရံကို စုံကိန်းဂဏာန်းထားပြီး ခေါ်ယူတတ်ကြလို့ပါ ။ သတို့သမီးအရံ 2 ယောက်သာခေါ်ရင်လည်း အတော်လေးနည်းနေလို့ ကြည့်မလှပါဘူး ။ ဒါကြောင့် သတို့သမီးအရံလုပ်ဖို့ လူ 4, 6,8 ယောက်စတဲ့ စုံဂဏာန်တွေနဲ့ ခေါ်ယူတတ်ပါတယ် ။

ဒီတစ်ခေါက်ဖော်ပြမဲ့ မင်္ဂလာပွဲကတော့ မိန်းကလေးဖက်က သတို့သမီးအရံလုပ်ကူဖို့ သူငယ်ချင်းတွေ မလုံလောက်တော့လို့ ကောင်လေးသူငယ်ချင်းက ကိုယ်စားသတို့သမီးအရံ ဝင်လုပ်ပေးခဲ့ပြီး ကိုယ်တိုင်လည်း မိန်းကလေးတစ်ယောက်လိုပြင်ဆင်ခဲ့ပါတယ် ။

မင်္ဂလာပွဲရဲ့ စင်မြင့်ထက်မှာ မင်္ဂလာစုံတွဲက အနမ်းတွေဖလှယ်နေချိန် သတို့သမီးအရံလုပ်ပေးခဲ့တဲ့ ကောင်လေးရဲ့ မျက်နှာကတော့ ပွဲလာပရိသတ်တွေကို အတော်လေးရယ်ပွဲကျသွားစေခဲ့ပါတယ် ။ သတို့သမီးအတွက်ကတော့ အတော်လေးကောင်းလွန်းတဲ့ ယောင်္ကျားလေးသူငယ်ချင်းလို့ ပြောရမှာပါပဲ ။

Mia (Mckzone Daily)

Posted onDecember 5, 2020AuthorMia MiaCategoriesLIFESTYLE