ဗဟုသုတ

ယောကျာ်းတွေကို စိတ်နာလို့ ဒီနေရာ ကို အတွဲလာ ကွဲစေ ဆိုတဲ့ ကျိန်စာ (သို့မဟုတ်) မိန်းမရဲ တောင်တော် သခင်မ သမိုင်း

ယောကျာ်းတွေကို စိတ်နာလို့ ဒီနေရာ ကို အတွဲလာ ကွဲစေ ဆိုတဲ့ ကျိန်စာ (သို့မဟုတ်) မိန်းမရဲ တောင်တော် သခင်မ သမိုင်း

မိန်းမရဲတောင် ရဲ့ အလှအပ ကို စိတ်ဝင်စားလို့ သွားကြ ဘုရားဖူးကြ Facebook မှာ ပုံတွေ ခဏ ခဏ တွေ့ နေရ ပေမယ့် အဲဒီတောင်ရဲ့ သမိုင်းကို သေချာ ရေရာအောင် သိတဲ့သူက ခပ်ရှားရှားပါ ကျနော်စပ်စုစုံစမ်း မေးမြန်း ထားသလောက်က ဒီလိုပါတဲ့ဗျာ

ဘုရင့် သမီးတော် တစ်ပါး နာမည်လေး ကတော့ နန်းဧကရီမွှေးပေါ့ အချစ်ဆိုတာက အလွန်ကို ဆန်းကျယ်ပါတယ်လေ သူချစ်မိတာကကျေးတောသားလေး ကုမ္မာရ ပါတဲ့ သူတို့နှစ်ဦး ချစ်ခင် ကြည်နူးနေတာကို ဘုရင့်ရဲ့ ရွေနားတော်ကို ပေါက်ကြားပြီး အမျက်ပွားစေခဲ့ကာ အမဲရိုးက ဟင်းအိုးကိုမှ အားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့်ပေးလိုက်တယ်

ဒီသတင်း နန်းဧကရီမွှေး ကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ချစ်သူမောင်ကို စိတ်ပူ ကာ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ် ဆိုပါတော့. .

ကုမ္မာရ ကျေးတောသားလေးရဲ့ လက်ကိုဆွဲကာ ဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေ အခု မိန်းမရဲတောင်ရဲ အရှေ့ ဘက် ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေရာ အဖြတ်ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့ ပေးစရာငွေက နတ္ထိ ကုမ္မာရကျေးတော့ သားလေး သွေးပျက်ပြီထင်ပါရဲ့

အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှမထောက် ကင်း ခွန်တော် မဆောင် နိုင်လို့ ရာဇဝတ်ဘေး ကို ကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့ တယ်လေ ဘုရင့်သမီးတော် နန်းဧကရိမွှေး အတွက် အားကိုးစရာ မရှိ ဘုရင့်အမျက်တော်ထိမှာကိုသိပြီး မြင့်မားတဲ့တောင်ကိုကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ ၆၀ ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကိုဒုန်းဒုန်းချ အချစ်ကိုစိတ်နာ ခုန်ချလေရှာရဲ့. .

အချစ်ကို ဦးစားပေးပြီးငါကတော့ မောင်တော်ကို ရွေးခဲ့တာတောင် ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ရက်တယ်တဲ့ အစိမ်းသေလို့မကျွတ်တဲ့ဘဝ အချစ်ကိုစိတ်နာ သူပေးတဲ့ ကျိန် စာက ဒီနေရာကို အတွဲလာ ကွဲစေတဲ့ဗျာ. . .

အဲဒီတောင်ကို အရင်က မိန်းမဝဲတောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေးလျှား မိန်းမရဲတောင် အဖြစ်ထင်ရှားခဲ့တာလေ ထူးဆန်းတာကရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့ သူ့ကို အိပ်မက် ပေးတဲ့ နန်းဧကရီမွှေး ဆို တဲ့ ရှမ်းမင်းသမီးလေးက မိန်းမရဲတောင် ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာပြီး သာသနာပြုပေးပါတဲ့

ယောက်ကော်ဘရသေ့ကြီး ကလည်း အိပ်မက်အရ တောင်တော်ကို လိုက်ရှာရင် တောင်တော်ရဲ့အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်း မကြီးမှာ ကားကသူ့ အလိုလို စက်ရပ်လို့ ကားပျက်သွား ခဲ့တယ်ဆိုပဲ ကားဆရာကကြိုးစားပြုပြင်ပေမဲ့မရ ညနေညိုစောင်းကားလမ်း ဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေးတစ်ယောက်ထွက်လာတယ်

ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင် ဆိုတာက ဟော အခုမြင်နေရတဲ့ မြင့်မားတဲ့တောင် ပေါ်ဒဲ့ စကားပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ် သွားလေရဲ့. .ဆန်းကျယ်လှပါဘိ.ဒီစာကိုရေးနေရင်းတောင် ကျနော် ကြက်သီး မွှေးညှင်းတွေ တစ်ဖြန်းဖြန်းထကာ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာ

Credit:SaiNaungတောင်တန်းမြေမှမီးအိမ်ရှင်