News

G ကို ပြောချင်ဆိုချင်ဆုံးမချင်စိတ်ကုန်အောင်စိတ်ဆိုးခဲ့တဲ့အကြောင်းပြောပြလာခဲ့တဲ့ အဒေါ်ဖြစ်သူ ထွန်းအိန္ဒြာဗိုလ်

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား လူသိများလာခဲ့တာဖြစ်ပါတယ် သူမဟာ ချမ်းသာသူ မိဘ ၂ ပါးက ဆင်းသက်လာပေမယ့်
မောက်မာမှုမရှိဘဲ ပရဟိတအလုပ်တွေကိုသာ တစိုက်မက်မက် လုပ်ကိုင်နေ တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိလာခဲ့သူပါ

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ သူမရဲ့ အဒေါ်ဖြစ်သူ ထွန်းအိန္ဒြာဗိုလ်က G ကို ပြောချင်ဆိုချင် ဆုံးမချင်စိတ် ကုန်အောင် စိတ်ဆိုးခဲ့ဖူးတဲ့ အကြောင်း ပြောပြလာခဲ့တာဖြစ်ပါ တယ်

“ငယ်ငယ်လေးကတည်းကသူက မိန်းကလေးလည်းဖြစ် လို့လားမသိဘူး သားငယ်ငယ်နဲ့ သမီးငယ်ငယ်နဲ့ မတူဘူး အပြင်သွားလို့ ဈေးဝယ်တယ်ဆိုရင်တောင်မှ လူစေ့အတွက် ဝယ်လာတာ သူ့အရွယ်လေးနဲ့ သူပေါ့ အသက် ၈ နှစ် ၉ နှစ်လောက်မှာကတည်းကဖွားဖွားကဘာလေးကြိုက်တတ်တယ် ဆို ဖွားဖွားအတွက်ဘာလေး တန်ဖိုးရှိချင်မှရှိမယ် ကလေးအတွေးလေးနဲ့ ပေါ့ ကလေးအတွေးနဲ့ ဝယ်တာလေးတွေပေါ့

အန်တီကဘာကြိုက်တယ် အမေကဘာကြိုက်တယ် အဒေါ်ကဘာကြိုက်တယ် ဒါမျိုးလေးတွေ သူလုပ်လေ့ရှိတယ် နောက်တခါ သူကငယ်ငယ်လေးကတည်းက သူကခွဲခွဲခြားခြားဆက်ဆံတာကို သူသိပ်မုန်းတယ် အဲ့လိုမျိုးပြောရင် လုံးဝကိုဆတ်ဆတ်ထိမခံဘူး အပြောမခံဘူးပေါ့နော် အဲ့လိုမျိုးဖြစ်တယ်

နောက်တစ်ခါကြတော့ နည်းနည်းလေး သူလည်း Teenage ဖြစ်လာတဲ့အချိန်မှာ သူ့ရဲ့ ပင်ကိုယ်စရိုက်လေးတွေအရ ပြောသမျှဆိုသမျှလေးတွေက တခါတလေကျရင် သူ့နေရာနဲ့သူ ပြောရဆိုရနေရထိုင်ရတာလေးတွေရှိတယ်လို့ ကိုယ်ကပြောပြတဲ့အချိန်မှာ လက်ကိုမခံတာ အဲ့ဒီအချိန်မှာ အရမ်းစိတ်ဆိုးတာပဲ သူ့ကိုလေ အရမ်းကို စိတ်ဆိုးတာ ပြောချင်ဆိုချင်စိတ် ဆုံးမချင်စိတ်ကို ကုန်အောင် စိတ်ဆိုးတာ

အေးလုပ်ကြည့် နင်ကြိုက်သလိုလုပ် ကိုယ်ကလည်း ကိုယ့်ဇောနဲ့ကိုယ်ပေါ့နော် စိတ်ဆိုးမိတာတွေဘာတွေရှိတယ် ဒါပေမယ့် နောက်ပိုင်းကြတော့ တဖြည်းဖြည်းတွေးလာတဲ့ အချိန်မှာ သူပြောတာလေးကလည်း ဟုတ်သလိုလိုပဲဖြစ်လာတော့လေ ကိုယ်တောင်မှသူ့ဆီကပြန်ပြီးတော့ အော်အေး အဲ့လိုလေးနေတာ တော်တော်လေး ကိုယ်ကိုတိုင်လည်းစိတ်ချမ်းသာရတယ် ပတ်ဝန်းကျင်လည်း စိတ်ချမ်းသာရတယ် ဆိုတဲ့ဟာလေးဖြစ်လာတော့ မဆိုးပါလားဟဲ့တွေဘာတွေတော့ ဖြစ်လာတာပေါ့ ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်

ဆပ်လက်ပြီး ထွန်းအိန္ဒြာဗိုလ်က “ကျွန်မတူမတစ်ယောက်အနေနဲ့ ကျွန်မတို့ မျိုးရိုးအနေနဲ့ပေါ့နော် ဒီပရိသတ်လေးတည်ဆောက်မိတဲ့ တူမလေးတစ်ယောက်ဖြစ်လာတဲ့အတွက် သူ့အတွက်လည်းဂုဏ်ယူတယ် သူ့ကိုလည်းကျေးဇူးတင်ပါတယ် ထို့အတူပဲ G ကိုအားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုသွားခဲ့တာပါ

ထွန်းအိန္ဒြာဗိုလ်ကတော့ G ကို ပြောချင်ဆိုချင် ဆုံးမချင်စိတ် ကုန်အောင် စိတ်ဆိုးခဲ့ဖူးတဲ့ အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါ တယ်နော်

Credit ; (Shwe Yaung Myanmar)