ကြည့်စမ်းပါအုံးဗျာ ဖေ့သားကြီးတို့လိမ္မာချက်က လူတောင်လိုက်စရာမလိုဘူးနော်။ ညာဏ်ရည်တု AI နည်းပညာတွေထည့်ထားတာမဟုတ်ဘူးနော် ဒါကသက်ရှိအမှန်အကန်။သူတို့ဘာသာထွန်နေကြတာ ဒီလိုနွားတစ်ရှဉ်းလောက် မလိုချင်ကြဘူးလား။ သူတို့ကထွန် ကိုယ်က ဖုန်းလေးနဲ့ ဖေ့ဘုတ်ပွတ်နေရုံဘဲ။ထွန်သွားကြတာများ ထွန်ကြောင်းကိုဖြောင့်လို့…လူပါတာကမှ လွဲချင်လွဲအုံးမယ်၊ သူတို့ကတော့မလွဲဘူး။
တိရိစ္ဆာန်ဆိုပေမယ့် သူတို့အသိညာဏ်က ကိုယ့်တာဝန်ကိုသိတယ် မခိုမကပ်ကျေပွန်အောင်ထမ်းတယ်၊ တစ်ချို့လူတွေထက်တောင်သာသေးတယ်နော်။နွားတွေဆိုတာ မြန်မာပြည်တောင်သူလယ်သမားတွေအတွက်တော့ ရဲဘော်ရဲဘက်၊ ကျေးဇူးရှင်ဆိုလည်းမမှားပါဘူး။ နွားကောင်းကောင်းလေးများရထားရင် ပျော်လို့မဆုံးတစ်ပြုံးပြုံး၊ သူ့နွားကိုယ့်နွားအပြိုင် ကြွားရသေးတယ်။#ထန်းညက်ခဲနွားအကြောင်းနဲ့ပတ်သက်ပြီးတော့ ရှေးဆိုရိုးမှတ်သားစရာလေးကို ဖော်ပြပေးလိုက်ပါတယ်…(နွားအကြောင်း သိကောင်းစရာ)
၁။ နွားနီ ကွမ်းသွေး ရိုက်နိင်မှပြေး ။
၂။ နွားပြာနီ တုတ်မွှေး ရိုက်နိင်မှပြေး ။
၃။ နွားပြာ ချိုတုတ် ထမ်းပိုးနှုတ် ။
၄။နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး ။
၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး ။
၆။ နွားဝါဖွဲနု သေအောင်ထု။
၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း။
၈။ နွားဝါ မျက်ကွင်းဖြူ ကြိမ်မကူ။
၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ။
၁၀။ နွားညို သံရောင် ကြိမ်မဆောင် ။
၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်။
၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှပေ ။
၁၃။ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့။
ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် Like and Share လုပ်ခဲ့ပါအုံးနော်…
Post Views: 4,359