မီဒီယာတွေက အထောက်အထားတွေနဲ့ တင်ပြနေပေမဲ့လည်း ထိရောက်တဲ့ အရေးယူမှုတွေမရှိတဲ့ အပြင် ကိုယ်ချင်းစာတရားမရှိကြတဲ့ သူတွေရဲ့အပြုအမူတွေဟာ တဖက်အဖွဲ့အစည်းကို စော်ကားသလိုဖြစ်နေတယ်လို့ပဲ ပြောရမှာပါ။
ဆေးရုံတွေမှာ စင်တာတွေမှာ ကူးဆက်ခံလူနာတွေနဲ့ နပန်းလုံးနေရတဲ့ ဆရာဝန်တွေ၊သူနာပြုတွေ၊လူမှုအဖွဲ့အစည်းကလူတွေဟာ သူတို့မိသားစုတွေနဲ့ ကင်းကွာပြီးစင်တာတွေမှာနေ့ညမပြတ် ကူညီဆောင်ရွက်ပေးနေကြတာ ၁နှစ်ပြည့်လုနီးပါး ရှိနေကြပါပြီ။
ကိုယ်ချင်းစာတရားလေးရှိပြီး လူဆိုတဲ့စိတ်ကလေး မွေးကြပါ ၊ကိုယ့်အိမ်မှာကို ခဏလောက်နေပေးကြပါ၊ သက်ဆိူင်ရာတွေကလည်း ထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို ရဲရဲတင်းတင်းလုပ်ပေးပါလို့ ပြောချင်တယ်ဗျာ။
၆.၁၂.၂၀၂၀နေ့ ကန်တော်ကြီးထဲက အနေအထားပါ။
သေလဲအေးတာဘဲ ငါတို့က သေရမှာ မကြောက်ဘူးဆိုတဲ့ လူတွေအတွက်……
Spo2 ကျလာတယ် ပြီးတော့ သေသွားတယ် ဆိုပြီး
လွယ်လွယ်လေး ဘဝကူးသွားတယ် ထင်နေမှာစိုးလို့။
Covid ဖြစ်ပြီး အခြေအနေဆိုးလို့ icu ရောက်လာခဲ့ပြီဆိုရင်…..
ဆိုးတာက အဆုတ်ရဲ့ အခြေအနေ
အရမ်းကိုမှ စုတ်ပြတ် ဖြူဖွေး အောက်စီဂျင်ဝင်ဖို့ လေအိတ်လေးတွေ မရှိသလောက် အခြေအနေကို ပြောတာ။အဆုတ်ကသာ ရစရာ မရှိဖြစ်နေတာနော်
လူကတော့ အသိ သတိလုံးဝအကောင်း ။။
အဆုတ်ပျက်စီး အသက်ရှူမဝ ဟစိဟစိ အနေအထား နှာခေါင်းနဲ့ ရှူမဝလို့ ပါးစပ်နဲ့ပါ လိုက်ရှူနေကြတာ။
အဲ့လိုဆိုတော့ လူနာကို ရိုးရိုးနည်းတွေနဲ့ အောက်စီဂျင်ပေးလို့မရစက်ကြီးတွေနဲ့ အောက်စီဂျင်ရအောင် ရိုက်ထည့်ရတာ။
နောက်ဆုံး အဆင့်က အသက်ရှူပိုက်ထည့်တာဆို
သူ့ရဲ့ အောက်တဆင့် ပိုက်တော့မထည့်သေးဘူး
မျက်နှာကို Mask အကြီးစားနဲ့ အုပ်ပြီး စက်အကြီးစားနဲ့ ရှူခိုင်းတာလေအရှိန်ပြင်းလို့ Mask ကို ကြိုးတွေနဲ့ ပြန်ထိန်းရတယ်။။
ရိုးရိုး Face Maskကို ကြိုးအပျော့လေးတွေနဲ့ တပ်တာတောင် မွန်းကြပ်တယ် နာတယ် ဖြစ်နေကြတာ Icu ရောက်လာရင်တပ်ရမဲ့ Mask ကြီးကို တွေးကြည့်ကြ…ရက်ကြာလေ ပိုနာလာလေဘဲ။။
ပြီးတော့ လူနာတွေကို သက်သာအောင် ထိုးပေးရတဲ့ ဆေးတစ်မျိုး ရှိတယ် သူ့ရဲ့ နောက်အာနိသင်က အစား စားချင်စိတ်ကို ဖြစ်စေတယ်။အဲ့ဒီတော့ သတိအကောင်း ဗိုက်ဆာတယ် စားချင်စိတ်လဲရှိတယ် ။ဒါပေမယ့်အစာ စားဖို့ Mask ကြီးကို ဖြုတ်တာနဲ့ Spo2က တဒိုင်းဒိုင်း ထိုးဆင်းတာ ၊အဲ့ဒီတော့ဘာဖြစ်လဲ မစားခင်ကတောင် မောနေတာ စားလဲစားရော ဟက်ထိုးလှိုက်ကုန်ရော 96>>90>>85>>70>>60ကျတာ အရမ်းမြန်တာနော်အစားတလုပ် ရေတငုံကို အသက်ရင်းမြိုချရတာ ။
ကျွေးရတဲ့ ဆရာမတွေလဲ လုံးဝသတိထားပြီး ကျွေးရတယ်တစ်ယောက်က အစာခွံ့ရင် တစ်ယောက်က စက်ကိုင်ရတယ်တစ်မိနစ်စား ငါးမိနစ်ဆယ်မိနစ်လောက် စက်ပြန်အုပ်ကျွေးနေတုန်း မသီးအောင် ချောင်းမဆိုးအောင် သေချာမြိုချဖို့ပြောရတယ်။
မကြောက်ဖို့ အားပေးရတယ်။
လူနာကိုသာ မကြောက်နဲ့လို့ အားပေးနေရတာ
ကျွေးနေတဲ့ ဆရာမတွေက လူနာတစ်ခုခု ဖြစ်သွားမှာ စိုးလို့ဇောချွေးတွေတောင်ပြန်တယ်။
တချို့ လူနာတွေဆို နှာခေါင်းပိုက်ထည့်ထားရတယ်။။နှာခေါင်းထဲ ပိုက်ထိုးခံရတာက ဘယ်လောက် ခံရခက်လဲစဥ်းစားကြည့်ပါ။
ပြီးတော့ နောက်တစ်ခု
မောလို့ အိမ်သာမသွားနိုင် ဆီးဝမ်းကုတင်ပေါ်တင် ပါချ။ညစ်ပတ်နေတာလဲပေးဖို့ ကုတင်ပေါ် ဟိုဖက်ဒီဖက်လှည့်ရုံနဲ့တင် ဟက်ထိုးလှိုက်နေပြန်ရော။
ပြီးတော့ လူနာက အိပ်ရာပေါ် နေတာကြာတော့ ကျောပူတယ် အိပ်ရာပူနာတွေဖြစ်တယ် ။ဆရာမတွေ ဘေးစောင်းပေးပါမယ်ဆိုရင်တောင် အထိမခံနိုင်လို့ မလုပ်ပါနဲ့လို့ ပြောကြတယ် ။
မောတာကို မခံနိုင်လို့တဲ့။။။
မောတယ် မောတယ်
ဘယ်လိုခံစားရလဲ မသိရင်အသက်အောင့်ကြည့်ကြ
လုံးဝမနေနိုင်တော့ပါဘူးဆိုရင်တောင်ပြန်မရှူနဲ့ဦး။
အဲ့ဒီခဏလေး ခံစားရတာထက်အဆပေါင်းများစွာ သာတယ် ကိုဗစ် မောတာကအဲ့တာကြောင့် သေရမှာ မကြောက်ရင်တောင် မသေခင်ခံရမှာ ကြောက်ပြီး ကိုဗစ်မဝင်အောင် ဂရုစိုက်ကြပါ။
လူစုလူဝေးကြားထဲ ပျော်ပါး အပြင်ထွက် လမ်းသလားခြင်း လျော့ကြပါ။။
အသွားမတော် တစ်လှမ်း မဖြစ်ကြပါစေနဲ့ ။။
@Wine Nandar Han
@Dae De