. #သိပါလေစ …
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီးလွှတ်တော်အမတ်ကြီးက မြန်မာမူစလင်အမျိုးသမီးတစ်ယောက်ဆိုတာ ခင်ဗျားတို့သိကြလား ? ဒီအမျိုးသမီးကြီးရဲ့အမည်က ဝဏ္ဏကျော်ထင်ဆရာမကြီး ဒေါ်စောရွှေ …
လူမျိုး / ဘာသာမခွဲခြားပဲတိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြချိန်က ကျွန်ုပ်တို့နိုင်ငံတော်ကြီးက အာရှမှာ ကျားတစ်ကောင်အဖြစ် ဝင့်ကြွားနိုင်ခဲ့တာ ခင်ဗျားတို့သိလား ?
ဗိုလ်ချုပ်အောင်ဆန်းလက်ထက်တည်းက တိုင်းရင်းသားလူမျိုး ၁၄၄ မျိုးစာရင်းက ယနေ့တိုင် ကမ္ဘာ့ကုလသမဂ္ဂထံမှာ ရှိနေတာ ခင်ဗျားသိလား ?
1989 မှာ စစ်အစိုးရခေါင်းဆောင် ဦးစောမောင်က မိမိသဘောနဲ့မိမိ တိုင်းရင်းသား ၉ မျိုးပယ်ပစ်တဲ့တာ ခင်ဗျားသိလား ?
အဘယ့်အတွက် ယနေ့တိုင် ၁၃၅ မျိုးသာရှိကြောင်းကို ကုလထံ ပြန်လည်အကြောင်းမကြားသေးပါသလဲ ?
ကျွန်ုပ်တို့အားလုံးကရော သက်သေခံကဒ်ပြား / စီစစ်ရေးကဒ်ပြားမဟုတ်တဲ့ နိုင်ငံသားကဒ်စစ်စစ်ကို ရကြပြီလား ?မြန်မာ့သမိုင်းရဲ့ ပထမဦးဆုံး ကျောင်းသားသမဂ္ဂခေါင်းဆောင်ကြီးက ဦးရာရှစ်ဆိုတာကို ခင်ဗျားတို့သိလား ?
ကမ္ဘာ့အိုလံပစ်ထိတိုင် တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယမြန်မာ့လက်ဝှေ့အင်ပါယာကြီးအဖြစ် တစ်ခေတ်ဆန်းစေခဲ့သူ ဆရာကြီးကျားဘညိမ်းကလည်း အစ္စလာမ်ဘာသာဝင်ပါဗျာ .
မြန်မာ့ရိုးရာအကစစ်စစ်ဖြစ်တဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးအကကိုဖန်တီးခဲ့သူ မြန်မာကြီးက မြန်မာမူစလင်ကြီး ဦးဘကလေးဆိုတာကို ဗဟုသုတအနေနဲ့ သိထားသင့်ပါသလား ?
မြန်မာ့ရုပ်ရှင်လောကကို တိုးတက်ထွန်းပြောင်အောင် စွမ်းဆောင်ပေးခဲ့သူတစ်ဦးဖြစ်တဲ့ မြန်မာမူစလင် မင်းသားကြီးရွှေဘကလည်း ရုပ်ရှင်လောကရဲ့ ဂန္တဝင်တစ်ဦးပါပဲဗျာ ..
တို့နိုင်ငံရဲ့ မြေပုံကြီး တစ်ခြားတစ်ပုံ ပြောင်းမသွားရလေအောင် စိတ်ပျက်ကာလှည့်ပြန်တော့မဲ့ ဗိုလ်ချုပ်ကို တိုင်းရင်းသားစော်ဘွားများနဲ့ အောင်မြင်စွာ ရင်ကြားစေ့ပေးခဲ့သူ မြန်မာမူစလင်ကြီး ဦးဖေခင်ကိုလည်း အုတ်တစ်ချပ်မဖြစ်ရင်တောင် သဲတစ်ပွင့်အနေနဲ့ မှတ်သားထားကြပါလို့ …တို့တွေသည် ယနေ့တိုင် တိုင်းပြည်အပေါ် သစ္စာရှိလျှက် ရှိမြဲ ရှိနေဆဲပါပဲ ..
လွှတ်တော်ထဲ ဘာသာခြားမပါသူက အနိုင်ဆိုပြီး ပြိုင်ဆိုင်နေကြသူတွေရဲ့ နှုတ်ဖျားက အော်ဝေါ်နေတဲ့ ဒီမိုကရေစီဆိုတဲ့ ရွှေရည်စိမ်စကားလုံးကြီးကို တမလွန်ဘဝမှာရှိနေကြတဲ့ ဗိုလ်ချုပ်တို့ , ဦးနုတို့ , သတင်းစာဆရာကြီးဦးဝင်းတင်တို့ , ဦးရာဇတ်တို့ , ဦးသော်ကတို့ , ဆရာမကြီးဒေါ်စောရွှေတို့က ဟားတိုက်များ ရယ်နေကြမလားလို့ တွေးတောမိပါရဲ့ဗျာ ..
ဆရာကြီးဦးဝင်းတင်ရဲ့ စာသားလေးတစ်ချို့ကို ထပ်မံလို့ချပြရရင်ဖြင့်
1 . မင်းတို့နိုင်ငံရေးက မရိုးသားဘူး
2 . ကျေးဇူးရှိသူကို မဖော်ပြရဲကြဘူး
3 . အဲ့အချက်တွေရှိနေသ၍ကတော့ ဖျာခေါင်းကလုပ်တဲ့
ပြည့်တန်ဆာပပျောက်ရေးမျိုး ဖြစ်နေဦးမှာပါကွာ …
ဗြဟ္မစိုရ်တရားများနဲ့အညီ တိုင်းသူပြည်သားများအပေါ် ရင်ဝယ်သားကဲ့ အုပ်ချုပ်နိုင်သော မင်းအစိုးရတစ်ရပ် အမြန်ဆုံးပေါ်ပေါက်လာနိုင်ပါစေလို့ ဆုတောင်းရင်း ………လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲကြပါစေ ……
ကိုသားကြီး ( သာကေမြေ )
#Credit.
ကိုနေလင်း