ထီတစ်စောင် 1000 နဲ့ဖြစ်စေ ချင် ရင်.. အစိုးကရ အောင်ဘာလေထီ ကို ဘာတံဆိပ် မှ မကပ်ရ ။ ကပ်ရင် ပြင်းပြင်းထန်ထန် အရေးယူကြည့်လိုက် ။ ထီ ကို စောင်ရှယ်၊ မွှာရှယ် အင်တာနက် ကွန်ပြူတာ စတာတွေ တွဲခွင့်မပြုနဲ့။ ထီတစ်စောင် 1000 ဖြစ်သွား မယ်။
အဲကျတော့လဲ အောင်ဘာလေထီ ရဲ့ ရောင်းအားလျော့ကျသွားလိမ့်မယ်။ နိုင်ငံတော် ဘတ်ဂျက် လျော့သွားမယ် ။ အဲ့တော့ နိုင်ငံတော်က သူတို့ကိုယ်စား ဖြုန်းအားကောင်း တဲ့ လူတွေ လက်ထဲ အပ်ရပြီ။ သူတို့က ဈေးကစားကြတော့ ထီဈေးတက်ပြီ။
မိုးယံကတော့ လည်တယ်ဗျာ ။ ဒီလထီအဖွင့်ဈေး 999 ပဲ။ Servic charge , နဲ့ Brand charge သူ့ဘာသာ ထပ်ကောက်တယ်။ သက်ဆိုင်ရာ က လာစစ်ရင် ဘောက်ချာ မှာ ပြယုံပဲ 999 ပေါ့ 1000 မကျော်ဘူးလေ ။
ထီတစောင်ကို ငွေ ( ၁၂၀၀ ) ကျပ်ပေးရ တဲ့ နောက်ကွယ် နှင့် အိမ်ကြက် အချင်းချင်း ခွပ်ခိုင်းပြီး မိအေး ၂ ခါနာ အောက်ခြေ ထီသည်တွေ ရဲ့ ဘဝ
ဟော အရင်ထီဈေးကျေ တာ့လဲ မိုးယံဈေး က 998 မလျော့ဘူးဗျာ ။
ဘာပြန်လုပ်လဲဆိုတော့ ထီအစောင်ရေ 240 ယူမှ 5စောင် လက်စောင် ပေးတယ်ဗျာ။ သူ့ထီကို မကုန်ကုန်အောင် ဖြုန်းခိုင်းပြီး အမြတ်များများရအောင် လုပ်ကွက် ။ အကွက်စိပ်လွန်း တယ် ။ အရမ်းလုပ်ကွက်တော်တယ်ပေါ့ ။
ရွှေမြန်မာကတော့ မိုးယံလောက် သိပ်ဈေးမကြီးဘူး ။ ဘယ်ဈေးကြီး မလဲဗျာ ။ plastic အိပ်ထဲထည့်တာလေ။ plastic အိတ်ခပဲ ကုန်တာ ။ (မိုးယံက ကဒ်ထူအပေါ် ဖလင် နဲ့ color print ထုတ်ရတာ အဲ့ဒီဈေးတွေ တွက်သာကြည့်။)
အဲ.. ရွှေမြန်မာကတော့ ညှိနှိုင်းဈေးရ တယ်ပေါ့ ။ အဖွင့်ဈေး တင်ထားပြီး ညှိတာ သူလိုချင်တဲ့ ဈေးရအောင် ခေါ်ရောင်းတာ။ ဘုမသိ ဘမသိဆို ဈေးသက်သာတယ် ဆိုပြီး လွှတ်ဝယ်ရော။ လုပ်ကွက်လေးတွေပေါ့ ။
မိုးယံက ရွှေမြန်မာ ဈေး ကို လိုက်ညှိဖို့ လုပ်ရပြန်ပြီ ။ ဘာထပ်လုပ် လဲ ဆိုတော့၊ လမင်းကြယ်စင်နဲ့၊ ဖြိုးမောက်လျှံ ဆိုပြီး ထပ်ထုတ်တော့တာပဲ။ အဲ့မှာလဲ မသိမသာ ဈေးကစားတာပဲပေါ့။
အဓိက ပြောချင်တာ.. ထိုးတဲ့သူကလဲ နာမည်ကြည့် ထိုးကြတာ ခက်တယ် ။ ဒီလ မိုးယံက သိန်း ၁၅၀၀၀ ပေါက်ရင် မိုးယံမှ မိုးယံပဲ။ ရွှေမြန်မာက ပေါက်ရင် ရွှေမြန်မာပဲ။ တကယ်တော့ ထီက ကံတရားဗျ။ တံဆိပ်မဟုတ်ဘူး ။
တံဆိပ်ထိုး တဲ့သူတွေ များလာကြတော့ ကျုပ်တို့ အောက်ခြေ ထီသည်တွေက နာမည်ကြီး တဲ့ တံဆိပ်တွေ လိုက်ဝယ်ရောင်း ရတယ် ။ အုပ်စိမ်းယူရင် မရောင်းရတော့ အပင်ပန်းမခံတော့ဘူး။ သူများလုပ်ပြီးသားကို ယူရောင်းရတယ်။ အဲ့တော့ တဆင့်တဆင့်နဲ့ ဈေးကတက်ပြီလေ။
ဈေးကျလို့ ဝမ်းသာမနေရပြန်ဘူး။ အဲ့ဒီ ပင်ရင်းကြီးတွေက သူတို့နာမည်ကြီးအောင် ထီအရောင်းပိုကောင်းအောင် ရပ်ကွက်ထဲ ထီတစ်စောင် ၁၀၀၀ နဲ့ လိုက်ရောင်းပြန်တယ်။ စီးပွါးရေးသမားကြီးတွေက စည်းကမ်း မရှိဆုံးပဲ ။ သူတို့ ရှုံးမှာ အရမ်းကြောက်တယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော။ ဘယ်သူ့မှ မညှာဘူး။
အစိုးရချပေးတဲ့ဈေးက ဒီဈေးပဲ။ စီးပွားရေးသမားတွေက နည်းမျိုးစုံနဲ့ ဈေးကွက်ကို လှည့်ကစားကြတာ။ ခံစားရတာက ကျုပ်တို့ အောက်ခြေ ထီသည်တွေပဲ။
ထီတစောင်ကို ငွေ ( ၁၂၀၀ ) ကျပ်ပေးရ တဲ့ နောက်ကွယ် နှင့် အိမ်ကြက် အချင်းချင်း ခွပ်ခိုင်းပြီး မိအေး ၂ ခါနာ အောက်ခြေ ထီသည်တွေ ရဲ့ ဘဝ
ပိုဆိုးတာက ထီ ထိုးသားတွေ ။ သူတို့က ထီတစ်စောင် ၁၂၀၀ နဲ့ ဝယ်ထိုးရတာကို။
အစိုးရက ထီတစ်စောင် ၁၀၀၀ ထက်မပိုရဘူးဆိုပြီး မင်းတို့က ၁၂၀၀ ရောင်းနေရလား၊ ငတ်ပြတ်နေကြ လား၊ အမြတ်စားလှချည်လား ဆိုတဲ့ စကားလုံးတွေ အောက်မှာ ထိုးသားနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အောက်ခြေထီသည်တွေ ဆွံ့အ နေကြရတယ်။ ခေါင်းငုံခံနေကြရတယ်။
ထိုးသားက ဘုမသိ ဘမသိ ထီသည်တွေကို ပြောဆိုကြတယ်။ အောက်ခြေ ထီသည်တွေက မိအေးနှစ်ခါနာပဲ။
နိုင်ငံတော်ကတော့ လက်ပိုက်ကြည့်နေတယ်။ အိမ်ကြက်အချင်းချင်း ခွပ်ခိုင်း ခိုက်တယ် ။ သူက အချိန်တန်ရင် ဘတ်ဂျက်ပြည့်ပြီ။ မသိချင်ယောင် ဆောင်နေတယ်။ ပြောရင် ၊ ရေးရင် အများကြီးပါ။
ထီထိုးသူ ထီချစ်သူတွေ လမ်းထဲ ထီသည်လေးတွေ လာရင် ဈေးမဆစ်ပါနဲ့။ ထီတစ်စောင် ၁၀၀၀ နီးပါးဝယ်ရတဲ့ လတွေ ရှိသလို ၁၁၀၀ ဝယ်ခဲ့ရတဲ့ လတွေ ရှိပါတယ်။ ထီတစ်စောင် ၁၂၀၀ ရောင်းပေးတာ ပုံမှန်ဈေးလို့ပဲ သတ်မှတ်ပေးပါ။
ထီချစ်သူတွေ တွက်ကြည့်ပါ။ သူရင်းတဲ့ တစ်စောင်တန်ဖိုးနဲ့ သူမြတ်တဲ့ တစ်စောင်တန်ဖိုး ယှဉ်ကြည့်ပါ။ အရင်းများပြီး အမြတ်နဲတဲ့ ထီသည်ဘဝပါ။ တစ်ယောက်တည်းထိုးလို့ အမြတ်အများကြီးရသွားတာ မဟုတ်ပါဘူး။ ရပ်ကွက်တကာ နေပူမိုးရွာမရှောင် တစ်လလုံး အပင်ပန်းခံ လှည့်လည်ရောင်းမှ မိသားစု စားဝတ်နေရေး အဆင်ပြေလောက်တဲ့ အမြတ်လေးရတာပါ။
အဲ့ဒါကို ထီတစ်စောင် ၁၀၀၀ မရဘူး လား ဆိုတဲ့ အမေးတွေ အပြောတွေကြား မှာ ထီသည်လေးတွေဘဝ နိစ္စဓူဝ ဖြေရှင်းရရင်း.. ထီလှည်းလေးတွန်းကာ စိုင်းထီဆိုင်ရဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပါတော့ သည်..
” လူသား တို့ ပေါင်းမိရင်.. ဘာရယ်ကြောင့် အားနည်းသူ ကို မုန်းတတ် တာလဲ.. ”
နေလင်းထွေး – နေခြည်ထီဆိုင်ကြီး (လှိုင်သာယာ)
လေးစားစွာဖြင့် GJ-WS
Zawgyi
ထီတစ္ေစာင္ 1000 နဲ႕ျဖစ္ေစ ခ်င္ ရင္.. အစိုးကရ ေအာင္ဘာေလထီ ကို ဘာတံဆိပ္ မွ မကပ္ရ ။ ကပ္ရင္ ျပင္းျပင္းထန္ထန္ အေရးယူၾကည့္လိုက္ ။ ထီ ကို ေစာင္ရွယ္၊ မႊာရွယ္ အင္တာနက္ ကြန္ျပဴတာ စတာေတြ တြဲခြင့္မျပဳနဲ႕။ ထီတစ္ေစာင္ 1000 ျဖစ္သြား မယ္။
အဲက်ေတာ့လဲ ေအာင္ဘာေလထီ ရဲ႕ ေရာင္းအားေလ်ာ့က်သြားလိမ့္မယ္။ နိုင္ငံေတာ္ ဘတ္ဂ်က္ ေလ်ာ့သြားမယ္ ။ အဲ့ေတာ့ နိုင္ငံေတာ္က သူတို႔ကိုယ္စား ျဖဳန္းအားေကာင္း တဲ့ လူေတြ လက္ထဲ အပ္ရၿပီ။ သူတို႔က ေဈးကစားၾကေတာ့ ထီေဈးတက္ၿပီ။ မိုးယံကေတာ့ လည္တယ္ဗ်ာ ။ ဒီလထီအဖြင့္ေဈး 999 ပဲ။ Servic charge , နဲ႕ Brand charge သူ႕ဘာသာ ထပ္ေကာက္တယ္။ သက္ဆိုင္ရာ က လာစစ္ရင္ ေဘာက္ခ်ာ မွာ ျပယုံပဲ 999 ေပါ့ 1000 မေက်ာ္ဘူးေလ ။
ေဟာ အရင္ထီေဈးေက် တာ့လဲ မိုးယံေဈး က 998 မေလ်ာ့ဘူးဗ်ာ ။ ဘာျပန္လုပ္လဲဆိုေတာ့ ထီအေစာင္ေရ 240 ယူမွ 5ေစာင္ လက္ေစာင္ ေပးတယ္ဗ်ာ။ သူ႕ထီကို မကုန္ကုန္ေအာင္ ျဖဳန္းခိုင္းၿပီး အျမတ္မ်ားမ်ားရေအာင္ လုပ္ကြက္ ။ အကြက္စိပ္လြန္း တယ္ ။ အရမ္းလုပ္ကြက္ေတာ္တယ္ေပါ့ ။
ေ႐ႊျမန္မာကေတာ့ မိုးယံေလာက္ သိပ္ေဈးမႀကီးဘူး ။ ဘယ္ေဈးႀကီး မလဲဗ်ာ ။ plastic အိပ္ထဲထည့္တာေလ။ plastic အိတ္ခပဲ ကုန္တာ ။ (မိုးယံက ကဒ္ထူအေပၚ ဖလင္ နဲ႕ color print ထုတ္ရတာ အဲ့ဒီေဈးေတြ တြက္သာၾကည့္။)
အဲ.. ေ႐ႊျမန္မာကေတာ့ ညွိႏွိုင္းေဈးရ တယ္ေပါ့ ။ အဖြင့္ေဈး တင္ထားၿပီး ညွိတာ သူလိုခ်င္တဲ့ ေဈးရေအာင္ ေခၚေရာင္းတာ။ ဘုမသိ ဘမသိဆို ေဈးသက္သာတယ္ ဆိုၿပီး လႊတ္ဝယ္ေရာ။ လုပ္ကြက္ေလးေတြေပါ့ ။
မိုးယံက ေ႐ႊျမန္မာ ေဈး ကို လိုက္ညွိဖို႔ လုပ္ရျပန္ၿပီ ။ ဘာထပ္လုပ္ လဲ ဆိုေတာ့၊ လမင္းၾကယ္စင္နဲ႕၊ ၿဖိဳးေမာက္လွ်ံ ဆိုၿပီး ထပ္ထုတ္ေတာ့တာပဲ။ အဲ့မွာလဲ မသိမသာ ေဈးကစားတာပဲေပါ့။
အဓိက ေျပာခ်င္တာ.. ထိုးတဲ့သူကလဲ နာမည္ၾကည့္ ထိုးၾကတာ ခက္တယ္ ။ ဒီလ မိုးယံက သိန္း ၁၅၀၀၀ ေပါက္ရင္ မိုးယံမွ မိုးယံပဲ။ ေ႐ႊျမန္မာက ေပါက္ရင္ ေ႐ႊျမန္မာပဲ။ တကယ္ေတာ့ ထီက ကံတရားဗ်။ တံဆိပ္မဟုတ္ဘူး ။
တံဆိပ္ထိုး တဲ့သူေတြ မ်ားလာၾကေတာ့ က်ဳပ္တို႔ ေအာက္ေျခ ထီသည္ေတြက နာမည္ႀကီး တဲ့ တံဆိပ္ေတြ လိုက္ဝယ္ေရာင္း ရတယ္ ။ အုပ္စိမ္းယူရင္ မေရာင္းရေတာ့ အပင္ပန္းမခံေတာ့ဘူး။ သူမ်ားလုပ္ၿပီးသားကို ယူေရာင္းရတယ္။ အဲ့ေတာ့ တဆင့္တဆင့္နဲ႕ ေဈးကတက္ၿပီေလ။
ေဈးက်လိဳ႕ ဝမ္းသာမေနရျပန္ဘူး။ အဲ့ဒီ ပင္ရင္းႀကီးေတြက သူတို႔နာမည္ႀကီးေအာင္ ထီအေရာင္းပိုေကာင္းေအာင္ ရပ္ကြက္ထဲ ထီတစ္ေစာင္ ၁၀၀၀ နဲ႕ လိုက္ေရာင္းျပန္တယ္။ စီးပြါးေရးသမားႀကီးေတြက စည္းကမ္း မရွိဆုံးပဲ ။ သူတို႔ ရႈံးမွာ အရမ္းေၾကာက္တယ္။ ဘယ္သူေသေသ ငေတမာရင္ၿပီးေရာ။ ဘယ္သူ႕မွ မညွာဘူး။
အစိုးရခ်ေပးတဲ့ေဈးက ဒီေဈးပဲ။ စီးပြားေရးသမားေတြက နည္းမ်ိဳးစုံနဲ႕ ေဈးကြက္ကို လွည့္ကစားၾကတာ။ ခံစားရတာက က်ဳပ္တို႔ ေအာက္ေျခ ထီသည္ေတြပဲ။
ပိုဆိုးတာက ထီ ထိုးသားေတြ ။ သူတို႔က ထီတစ္ေစာင္ ၁၂၀၀ နဲ႕ ဝယ္ထိုးရတာကို။ အစိုးရက ထီတစ္ေစာင္ ၁၀၀၀ ထက္မပိုရဘူးဆိုၿပီး မင္းတို႔က ၁၂၀၀ ေရာင္းေနရလား၊ ငတ္ျပတ္ေနၾက လား၊ အျမတ္စားလွခ်ည္လား ဆိုတဲ့ စကားလုံးေတြ ေအာက္မွာ ထိုးသားနဲ႕ တိုက္ရိုက္ထိေတြ႕ေနရတဲ့ ေအာက္ေျခထီသည္ေတြ ဆြံ႕အ ေနၾကရတယ္။ ေခါင္းငုံခံေနၾကရတယ္။
ထိုးသားက ဘုမသိ ဘမသိ ထီသည္ေတြကို ေျပာဆိုၾကတယ္။ ေအာက္ေျခ ထီသည္ေတြက မိေအးႏွစ္ခါနာပဲ။
နိုင္ငံေတာ္ကေတာ့ လက္ပိုက္ၾကည့္ေနတယ္။ အိမ္ၾကက္အခ်င္းခ်င္း ခြပ္ခိုင္း ခိုက္တယ္ ။ သူက အခ်ိန္တန္ရင္ ဘတ္ဂ်က္ျပည့္ၿပီ။ မသိခ်င္ေယာင္ ေဆာင္ေနတယ္။ ေျပာရင္ ၊ ေရးရင္ အမ်ားႀကီးပါ။
ထီထိုးသူ ထီခ်စ္သူေတြ လမ္းထဲ ထီသည္ေလးေတြ လာရင္ ေဈးမဆစ္ပါနဲ႕။ ထီတစ္ေစာင္ ၁၀၀၀ နီးပါးဝယ္ရတဲ့ လေတြ ရွိသလို ၁၁၀၀ ဝယ္ခဲ့ရတဲ့ လေတြ ရွိပါတယ္။ ထီတစ္ေစာင္ ၁၂၀၀ ေရာင္းေပးတာ ပုံမွန္ေဈးလို႔ပဲ သတ္မွတ္ေပးပါ။
ထီခ်စ္သူေတြ တြက္ၾကည့္ပါ။ သူရင္းတဲ့ တစ္ေစာင္တန္ဖိုးနဲ႕ သူျမတ္တဲ့ တစ္ေစာင္တန္ဖိုး ယွဥ္ၾကည့္ပါ။ အရင္းမ်ားၿပီး အျမတ္နဲတဲ့ ထီသည္ဘဝပါ။ တစ္ေယာက္တည္းထိုးလို႔ အျမတ္အမ်ားႀကီးရသြားတာ မဟုတ္ပါဘူး။ ရပ္ကြက္တကာ ေနပူမိုး႐ြာမေရွာင္ တစ္လလုံး အပင္ပန္းခံ လွည့္လည္ေရာင္းမွ မိသားစု စားဝတ္ေနေရး အဆင္ေျပေလာက္တဲ့ အျမတ္ေလးရတာပါ။
အဲ့ဒါကို ထီတစ္ေစာင္ ၁၀၀၀ မရဘူး လား ဆိုတဲ့ အေမးေတြ အေျပာေတြၾကား မွာ ထီသည္ေလးေတြဘဝ နိစၥဓူဝ ေျဖရွင္းရရင္း.. ထီလွည္းေလးတြန္းကာ စိုင္းထီဆိုင္ရဲ႕ သီခ်င္းတစ္ပုဒ္ကို ဖြင့္လိုက္ပါေတာ့ သည္..
” လူသား တို႔ ေပါင္းမိရင္.. ဘာရယ္ေၾကာင့္ အားနည္းသူ ကို မုန္းတတ္ တာလဲ.. ”
ေနလင္းေထြး – ေနျခည္ထီဆိုင္ႀကီး (လွိုင္သာယာ)
ေလးစားစြာျဖင့္ GJ-WS