News

ျမန္မာနိုင္ငံ၏ ပထမဆုံးကိုယ္ပိုင္ဒီဇိုင္းျဖင့္ ထုတ္လုပ္ထားေသာ အင္းေလးဂ်စ္

အင္းေလးဂ်စ္ဆိုသည္မွာ…

အင္းေလးဂ်စ္ကို တပ္မေတာ္အႀကီးစားစက္႐ုံ(ထုံးဘို)မွ ထုတ္လုပ္ျခင္းျဖစ္သည္။

တပ္မေတာ္အႀကီးစားစက္႐ုံ(ထုံးဘို)သည္ ယခင္က အမွတ္(၂)စက္မွုဝန္ႀကီးဌာနမွ တာဝန္ယူေဆာင္ရြက္၍ Mazada Jeep၊ B -600၊ T-2000 ေမာ္ေတာ္ယာဥ္မ်ား ထုတ္လုပ္ခဲ့ကာ ၂၀၁၆ ခုႏွစ္တြင္ တပ္မေတာ္မွလႊဲေျပာင္းရယူခဲ့ၿပီး ယခုအခါေမာ္ေတာ္ယာဥ္မ်ားအား ဆက္လက္တပ္ဆင္ ထုတ္လုပ္လ်က္ရွိသည္။

ယခုဘ႑ာႏွစ္အတြင္း INLAY Jeep အစီး ၂၀၀ ထုတ္လုပ္သြားမည္ျဖစ္ၿပီး ဆက္လက္၍ ႏွစ္စဥ္ အစီး ၁၀၀၀ အထိ တိုးတက္ထုတ္လုပ္သြားရန္ စီမံေဆာင္ရြက္လ်က္ရွိသည္။

စက္႐ုံအလုပ္႐ုံအတြင္း အသုံးျပဳသည့္စက္မ်ားသည္ ၁၉၆၄ ခုႏွစ္မွ ၁၉၇၈ ခုႏွစ္ကာလက ဂ်ပန္နိုင္ငံမွ ထုတ္လုပ္သည့္ OSAKA KOSAKUSHO ၊ HITACHI SEIKI ၊ MITSUBISHI ၊ OKUMA ၊ SHOUN ၊ OKK ၊ SEIKOSHA ၊ ROKU ROKU SANGVO ၊ YOSHIDA ၊ TOKUSHU KOKI SEISA KUSHO ၊ TSOGAMI ၊ TOYOKOGVO စေသာ စက္အေဟာင္းမ်ားကို ျပန္လည္ျပဳျပင္ထားပါသည္။

ထိုစက္မ်ားျဖင့္ ေမာ္ေတာ္ယာဥ္မ်ား၊ အင္ဂ်င္ႏွင့္ စက္ပစၥည္း အစိတ္အပိုင္းမ်ား ထုတ္လုပ္ျခင္းျဖင့္ နိုင္ငံအတြက္ ျပည္ပသြင္းကုန္အစားထိုးနိုင္ေရးႏွင့္ နိုင္ငံျခားေငြကုန္က်မွုအား တစ္ဖက္တစ္လမ္းမွ ထိန္းသိမ္းေပးနိုင္ရန္ ႀကိဳးပမ္းေဆာင္ရြက္ေနျခင္းျဖစ္သည္။

အင္းေလးဂ်စ္အတြက္ ဂီယာေဘာက္ကို တပ္မေတာ္အႀကီးစားစက္႐ုံ(မေကြး)မွ ထုတ္လုပ္ပါသည္။ Axle ေတြကိုေတာ့ တပ္မေတာ္အႀကီးစားစက္႐ုံ(ျမင္းၿခံ)မွ ထုတ္လုပ္ၿပီး အင္ဂ်င္၊ ကိုယ္ထည္၊ ဖရိန္ (Chassis)နဲ႔ အျခားလိုအပ္တဲ့ အစိတ္အပိုင္းေတြကိုေတာ့ တပ္မေတာ္အႀကီးစားစက္႐ုံ(ထုံးဘို)မွာ ထုတ္လုပ္ပါသည္။

ယခုအခါ ေမာ္ေတာ္ယာဥ္မ်ား စတင္ထုတ္လုပ္နိုင္ေနၿပီ ျဖစ္ေၾကာင္းႏွင့္ ျမန္မာနိုင္ငံ၏ ပထမဆုံးကိုယ္ပိုင္ဒီဇိုင္းျဖင့္ ေမာ္ေတာ္ယာဥ္မ်ားအား စတင္ထုတ္လုပ္ နိုင္ခဲ့ၿပီျဖစ္ရာ အစီး ၁၀၀ ေျမာက္ထုတ္လုပ္ၿပီးစီးနိုင္ခဲ့ၿပီျဖစ္ပါသည္။

Ref : အင္းေလးဂ်စ္

Unicode

မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော အင်းလေးဂျစ်

ယခုလတ်တလောတွင် အင်းလေး ဂျစ်တွေ ထုတ်ပေးနေပြီဆိုပြီး သတင်းများတက်လို့လာနေပါသည်။

ထို့ကြောင့် ပြည်တွင်းတွင် ထုတ်လုပ် တပ်ဆင်မည့် အင်းလေးဂျစ်ဆိုသည်မှာ ဘာလဲ သိဖို့ လိုအပ်လာပါသည်။

အင်းလေးဂျစ်ဆိုသည်မှာ…

အင်းလေးဂျစ်ကို တပ်မတော်အကြီးစားစက်ရုံ(ထုံးဘို)မှ ထုတ်လုပ်ခြင်းဖြစ်သည်။

တပ်မတော်အကြီးစားစက်ရုံ(ထုံးဘို)သည် ယခင်က အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်၍ Mazada Jeep၊ B -600၊ T-2000 မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့ကာ ၂၀၁၆ ခုနှစ်တွင် တပ်မတော်မှလွှဲပြောင်းရယူခဲ့ပြီး ယခုအခါမော်တော်ယာဉ်များအား ဆက်လက်တပ်ဆင် ထုတ်လုပ်လျက်ရှိသည်။

ယခုဘဏ္ဍာနှစ်အတွင်း INLAY Jeep အစီး ၂၀၀ ထုတ်လုပ်သွားမည်ဖြစ်ပြီး ဆက်လက်၍ နှစ်စဉ် အစီး ၁၀၀၀ အထိ တိုးတက်ထုတ်လုပ်သွားရန် စီမံဆောင်ရွက်လျက်ရှိသည်။

စက်ရုံအလုပ်ရုံအတွင်း အသုံးပြုသည့်စက်များသည် ၁၉၆၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်ကာလက ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် OSAKA KOSAKUSHO ၊ HITACHI SEIKI ၊ MITSUBISHI ၊ OKUMA ၊ SHOUN ၊ OKK ၊ SEIKOSHA ၊ ROKU ROKU SANGVO ၊ YOSHIDA ၊ TOKUSHU KOKI SEISA KUSHO ၊ TSOGAMI ၊ TOYOKOGVO စသော စက်အဟောင်းများကို ပြန်လည်ပြုပြင်ထားပါသည်။

ထိုစက်များဖြင့် မော်တော်ယာဉ်များ၊ အင်ဂျင်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံအတွက် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးနှင့် နိုင်ငံခြားငွေကုန်ကျမှုအား တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။

အင်းလေးဂျစ်အတွက် ဂီယာဘောက်ကို တပ်မတော်အကြီးစားစက်ရုံ(မကွေး)မှ ထုတ်လုပ်ပါသည်။ Axle တွေကိုတော့ တပ်မတော်အကြီးစားစက်ရုံ(မြင်းခြံ)မှ ထုတ်လုပ်ပြီး အင်ဂျင်၊ ကိုယ်ထည်၊ ဖရိန် (Chassis)နဲ့ အခြားလိုအပ်တဲ့ အစိတ်အပိုင်းတွေကိုတော့ တပ်မတော်အကြီးစားစက်ရုံ(ထုံးဘို)မှာ ထုတ်လုပ်ပါသည်။

ယခုအခါ မော်တော်ယာဉ်များ စတင်ထုတ်လုပ်နိုင်နေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင်ဒီဇိုင်းဖြင့် မော်တော်ယာဉ်များအား စတင်ထုတ်လုပ် နိုင်ခဲ့ပြီဖြစ်ရာ အစီး ၁၀၀ မြောက်ထုတ်လုပ်ပြီးစီးနိုင်ခဲ့ပြီဖြစ်ပါသည်။

Ref : အင်းလေးဂျစ်