News

“အက်ရှင်ရုပ်ရှင်ဇတ်ကား ဇတ်ဝင်ခန်းများဆင်တူ ပြုလုပ်ပြီး အနုကြမ်းစီးမှုကြီး”

ပေါင်၊ ဒီ၊၅

အက်ရှင်ရုပ်ရှင်ဇတ်ကား ဇတ်ဝင်ခန်းများဆင်တူ ပြုလုပ်ပြီး အိမ်စောင့်ကျန်ခဲ့သည့်ကလေးများအား ကြိုးတုတ်၍ ပစ္စည်းလုယက်ရန်ကျုးလွန်သောမှုခင်းတစ်ခု ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၅ ရက်နေ့က ရဲစခန်းသို့လာရောက် အမှုဖွင့်တိုင်တန်းချက်အရပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာစျေးတန်းပိုင်းတွင်နေထိုင်သည့် ဦးချမ်းသာသည် ဒီဇင်ဘာ ၄ ရက်နေ့ကအလုပ်သွားနေကြောင်း အိမ်တွင် ကလေး၃ဦးသာ ကျန်နေခဲ့ကြောင်းမွန်းလွဲတစ်နာရီအချိန်ခန့်က မိမိ၏နေအိမ်ဘေးအိမ်မှ ဒေါ်ချိုမြင့် ဖုန်းဆက်အကြောင်းကြား ခဲ့၍သိရပြီးအိမ်သို့ပြန်လာကြောင်း

မြေးဖြစ်သူ မရတနာဦး(မရတနာဦး(၁၃နှစ်) ၊မရတနာမွန်၊(၉နှစ်)နှင့် တူမဖြစ်သူ မချောရတနာခိုင်၊ (၆နှစ်) တို့သည်အိမ်အောက်ထပ်၌အိပ်နေကြ စဥ် လူစိမ်း ၂ဦးအိမ်ထဲဝင်လာကြောင်းမရတနာဦး (အသက်၁၃နှစ်) ကိုကြိုးတုတ်၍ ခေါင်းကိုလည်း ဆံပင်ဆွဲ၍ အုတ်နံရံနဲ့ဆောင့်ခဲ့ကြောင်း ထို့နောက်ထိုင်ခုံမှာကြိုးဖြင့် ချည်ထားပြီး ကလေး၃ဦးကိုအခန်းထဲထည့်၍ ထိုလူစိမ်း၂​ယောက်ကမိမိ၏ နေအိမ်အပေါ်ထပ်သို့ တက်ရောက်မွှေနှောက်ရှာဖွေနေသည့်အသံများအားကြားရကြောင်း ကလေးများက ပြန်ပြောပြသဖြင့်သိရ ကြောင်း

မရတနာဦးက ပြုတင်းပေါက်ကနေ နေအိမ်ဘေးရှိ ဒေါ်ချိုမြင့် အိမ်သို့လှမ်းအော်သဖြင့်ဒေါ်ချိုမြင့် က မိမိ၏အိမ်သို့ရောက်လာပြီးကြည့်ရှုရာ လူစိမ်း၂ယောက် မရှိတော့ဘဲ ကလေး၃ဦး၏အခြေအနေကို တွေ့ရပြီး မိမိထံဖုန်းဆက်အကြောင်းကြားပေးခဲ့ကြောင်းအခြားပစ္စည်းများပါဆုံးမှုမရှိသော်လည်းငွေ ၃သိန်းခွဲမှာ မူလထားရှိသည့်နေရာမှ အခြားအခန်းထဲတွင်ပြန်တွေ့ရကြောင်း

လူကြီးများမရှိခိုက် အိမ်မှကလေး ၃ဦးကိုချုပ်နှောင်ထားပြီး ပစ္စည်းများ ခိုးယူရန်ကြိုးစားခဲ့သည့်အမည်မသိ လူ၂ဦး ကိုအရေးယူပေးရန် ဦးချမ်းသာမှ ရဲထံ တိုင်ကြား ခဲ့သည်။

ပေါင်မြို့မရဲစခန်းက အဆိုပါအမှုကို (ပ)၄၈၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၈၀ အရ ဒီဇင်ဘာ ၅ ရက်နေ့တွင်အမှုဖွင့်ထားကြောင်းသိရသည်။

ဝရဇိန် ပေါင်

ဓာတ်ပုံ

ဟံသာဆာန်