ညောင်ရွှေမြို့နယ် ညောင်ရွှေ-အင်းတိန် သွားကားလမ်းမပေါ် လွယ်မောရွာအနီး၌ ဒီဇင်ဘာလ၄ရက်နေ့ နေ့လည်က NISSAN VANETTE ယာဉ်နှင့် ၂၀၁၇ခုနှစ်ကကျင်းပတဲ့ 2017 Mister Inle ပြိုင်ပွဲမှာ မောင်ဘွဲ့ ရရှိခဲ့သူ ကိုထက်နောင်မောင်းလာသောဆိုင်ကယ် တို့ယာဉ်တိုက်မှုဖြစ်ပွါးခဲ့့သည်ဟုသိရသည်။
ယာဉ်တိုက်မှုကြောင့်ဒဏ်ရာရရှိသည့်ဆိုင်ကယ်စီးလာသူအား ခေါင်တိုင်ရွာ မစ္ဖျိမ နာရေးကူညီမှုအဖွဲ့ယာဉ်ဖြင့်ညောင်ရွှေပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာ
ဆေးရုံသို့ပို့ဆောင်ပြီး မကြာမီ သေဆုံးသွားပါသည်။
ကိုထက်နောင် ခေါ် ကိုဖော သည် ဟဲယာရွာမ ကန်တော်ရပ်ကွက်တွင်နေထိုင်ပြီးကွယ်လွန်ချိန်တွင်အသက်( ၂၆ ) နှစ်သာရှိသေးကြောင်းသိရှိရပါသည်။
စိတ်ထားအရမ်းကောင်းပြီး မိဘကို သိတတ်နားလည်ပြီး ရပ်ကွက်ထဲမှာ လည်း ပရဟိတ ကူညီနေသော ကလေးလေးပါ။ သနားစရာ ကောင်းပါတယ်။ ကံပါလာတော့ ၀ဠ်ကြွေးဆပ်ပေးရတာပေါ့။ နောက်ဘ၀ဆက်တိုင်း ဒီလိုါဖြစ်ဆိုး တွေမကြုံပါစေနဲ့။ ၀ဠ်ကြွေးရိှ ကျေပါစေတော့ ကိုဖောခေါ် ကိုထက်နောင်ရေ
သံလွင်သွေးချင်း