News

မန်း ကတော့ တကယ်ကိုင်ပီ …မန္တလေးခရိုင် Semi Lockdown စတင်ပြီး သွားလာသူတွေ ကို စစ်ဆေး

မန္တလေး မှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မနက် မှာ Semi Lockdown ကြေညာပြီးနောက် မြို့ဝင်မြို့ထွက်တွေ နဲ့ ရပ်ကွက်ချ င်းထိစပ်တဲ့နေရာတွေ မှာ အရံမီးသတ်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ လုပ်အားပေးတွေက အပြင်ထွက်တဲ့ လူတိုင်း ကို ဈေးဝယ်ကဒ်တွေ နယ်မြေကူးသန်းခွင့်ကဒ်တွေ စစ်ဆေးနေပြီဖြစ်ပါတယ်။

မေဃဂီတိ ရပ်ကွက် အုပ်ချုပ်ရေးမှုးကဖွဲ့ ထားတဲ့ ဗောလန်တီယာ တာဝန်ရှိသူ ဒေါ်သင်ဇာအောင် က ဈေးဝယ်ကဒ် နဲ့ နယ်မြေကူးပြောင်းခွင့် ကဒ်ကိုစစ်ဆေးနေတာနဲ့ပတ်သက်ပြီး “ကျမတို့က ဒီနေ့ မနက် ပိုင်းခြောက်နာရီလောက်က စပြီး ဒီ ကြိုးတွေတား လိုက်တယ် တားထားပြီးတော့ Semi Lockdown ချတဲ့အနေနဲ့ ပေါ့နော် ။

ကျမတို့ရပ်ကွက် တွေထဲမှာလည်း အိမ်ထောင်စု တစ်စုကို ဈေးဝယ်ကဒ် ၁ ကဒ် နှုန်း ပေးထားတယ် ရှင့် ။ ဒီနေရာမှာလာပြီး စစ်ဆေးရေးလုပ်တာက တော့ ကျမတို့ အုပ်ချုပ်ရေးမှုးရဲ့ လမ်းညွှန်မှု့အောက်မှာလုပ်တာဖြစ်ပါတယ်။

ကဒ်ပြားတွေ ကို တစ်အိမ်တစ်ယောက်ပေးထား တဲ့ အတွက်ကြောင့် ကဒ်ပြားပါကိုပါလာ ပါတယ် မပါလာတဲ့သူမရှိပါဘူး အခုလိုကြိုးတားပြီး ပိတ်ထားတာကလဲ တခြားမြို့နယ်ကလာတဲ့သူတွေကိုကျမတို့က ဒီရပ်ကွက် ဒီလမ်းကိုပိတ်ထား ပါတယ်၊ လမ်းမကြီးတွေက ဖွင့်ထားတ ယ် လမ်းမကြီးတွေကနေ သွားပါလို့ ပြောပြပေး ပါတယ် ” လို့ ရှင်းပြပါတယ်။

မန္တလေးခရိုင် ၇ မြို့နယ်ဖြစ် တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီး မြို့နယ်တွေ မှာ တအိမ်ကို တယောက်ဈေးဝယ်ခွင့်ကဒ် ထုတ်ပေးထား ၊ အပြင်ထွက်ရင်အကြောင်းပြချက် ခိုင်လုံအောင်ပြောနိုင်ရမှာဖြစ်ပြီး နှာခေါင်းစည်းပါမှ သွားလာခွင့်ပြု ပါတယ် ၊ သွားလာခွင့် ကဒ်မပါရင်တော့ ဒဏ်ငွေ ၅ထောင် ဆောင်ရမယ်လို့ သတ်မှတ်ထား ပါတယ်။

Zawgyi

မႏၲေလး မွာ ဒီကေန႕ ဒီဇင္ဘာ ၅ ရက္ေန႕မနက္ မွာ Semi Lockdown ေၾကညာၿပီးေနာက္ ၿမိဳ႕ဝင္ၿမိဳ႕ထြက္ေတြ နဲ႕ ရပ္ကြက္ခ် င္းထိစပ္တဲ့ေနရာေတြ မွာ အရံမီးသတ္နဲ႕ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးေတြ လုပ္အားေပးေတြက အျပင္ထြက္တဲ့ လူတိုင္း ကို ေဈးဝယ္ကဒ္ေတြ နယ္ေျမကူးသန္းခြင့္ကဒ္ေတြ စစ္ေဆးေနၿပီျဖစ္ပါတယ္။

ေမဃဂီတိ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈးကဖြဲ႕ ထားတဲ့ ေဗာလန္တီယာ တာဝန္ရွိသူ ေဒၚသင္ဇာေအာင္ က ေဈးဝယ္ကဒ္ နဲ႕ နယ္ေျမကူးေျပာင္းခြင့္ ကဒ္ကိုစစ္ေဆးေနတာနဲ႕ပတ္သက္ၿပီး “က်မတို႔က ဒီေန႕ မနက္ ပိုင္းေျခာက္နာရီေလာက္က စၿပီး ဒီ ႀကိဳးေတြတား လိုက္တယ္ တားထားၿပီးေတာ့ Semi Lockdown ခ်တဲ့အေနနဲ႕ ေပါ့ေနာ္ ။

က်မတို႔ရပ္ကြက္ ေတြထဲမွာလည္း အိမ္ေထာင္စု တစ္စုကို ေဈးဝယ္ကဒ္ ၁ ကဒ္ ႏႈန္း ေပးထားတယ္ ရွင့္ ။ ဒီေနရာမွာလာၿပီး စစ္ေဆးေရးလုပ္တာက ေတာ့ က်မတို႔ အုပ္ခ်ဳပ္ေရးမႈးရဲ႕ လမ္းၫႊန္မႈ႕ေအာက္မွာလုပ္တာျဖစ္ပါတယ္။

ကဒ္ျပားေတြ ကို တစ္အိမ္တစ္ေယာက္ေပးထား တဲ့ အတြက္ေၾကာင့္ ကဒ္ျပားပါကိုပါလာ ပါတယ္ မပါလာတဲ့သူမရွိပါဘူး အခုလိုႀကိဳးတားၿပီး ပိတ္ထားတာကလဲ တျခားၿမိဳ႕နယ္ကလာတဲ့သူေတြကိုက်မတို႔က ဒီရပ္ကြက္ ဒီလမ္းကိုပိတ္ထား ပါတယ္၊ လမ္းမႀကီးေတြက ဖြင့္ထားတ ယ္ လမ္းမႀကီးေတြကေန သြားပါလို႔ ေျပာျပေပး ပါတယ္ ” လို႔ ရွင္းျပပါတယ္။

မႏၲေလးခရိုင္ ၇ ၿမိဳ႕နယ္ျဖစ္ တဲ့ ေအာင္ေျမသာစံ၊ ခ်မ္းေအးသာစံ၊ မဟာေအာင္ေျမ ၊ ခ်မ္းျမသာစည္၊ ျပည္ႀကီးတံခြန္၊ အမရပူရနဲ႕ ပုသိမ္ႀကီး ၿမိဳ႕နယ္ေတြ မွာ တအိမ္ကို တေယာက္ေဈးဝယ္ခြင့္ကဒ္ ထုတ္ေပးထား ၊ အျပင္ထြက္ရင္အေၾကာင္းျပခ်က္ ခိုင္လုံေအာင္ေျပာနိုင္ရမွာျဖစ္ၿပီး ႏွာေခါင္းစည္းပါမွ သြားလာခြင့္ျပဳ ပါတယ္ ၊ သြားလာခြင့္ ကဒ္မပါရင္ေတာ့ ဒဏ္ေငြ ၅ေထာင္ ေဆာင္ရမယ္လို႔ သတ္မွတ္ထား ပါတယ္။