News

“ကိုဗစ်လူနာတစ်ယောက်အတွက် နိုင်ငံတော်က စိုက်ထုတ်ကုသပေးတဲ့ ကုန်ကျစားရိတ်ကို သင်သိရင် အံ့ဩသွားမယ်”

ဒီငွေတွေက ရှေ့နှစ်ကျရင် တိုင်းပြည်စီးပွားရေးပြန်လည်ဖွံ့ဖြိုးဖို့ သုံးရမယ့်ငွေတွေပါ။

– ဒေါ်အောင်ဆန်းစုကြည်။

ကိုဗစ်-၁၉ ရောဂါပိုးရှိသူတယောက်ကို နိုင်ငံတော်က ကုသပေးတဲ့အခါ ပျမ်းမျှအားဖြင့် ရောဂါလက္ခဏာမပြင်းထန်ရင် လူနာတစ်ယောက်ကို ၁၅ သိန်းကနေ သိန်း ၂၀ ကုန်ကျပါတယ်။

ရောဂါလက္ခဏာပြင်းထန်ရင်တော့ လူနာတယောက်ကို ၂၅ သိန်းကနေ သိန်း ၅၀ အထိ နိုင်ငံတော်က ကုန်ကျပါတယ်။

ကျူဝင်သူတယောက်အတွက် ပျှမ်းမျှအနေနဲ့ လူတ‌ယောက်အတွက် နိုင်ငံတော်က ၆ သိန်းကုန်ကျပါတယ်။

ကိုဗစ်-၁၉ ကုသရေးအတွက် ကျပ်ငွေသန်းပေါင်း သောင်းနဲ့ချီသုံးခဲ့ရပါပြီ။

တကယ်တော့ ဒီငွေတွေဟာ ကိုဗစ်-၁၉ အတွက် မသုံးရဘူးဆိုရင် ရှေ့နှစ်ကျ တိုင်းပြည်စီးပွားရေးပြန်လည်ဖွံ့ဖြိုးရေးမှာ အသုံးပြုနိုင်ပါတယ်။

အဲဒီအခါ တကမ္ဘာလုံးနဲ့စီးပွားရေးအတွက် ပြိုင်ဆိုင်ကြရမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ဝေဒနာရှင် မပြင်းထန်သူတယောက်အတွက် နိုင်ငံတော်က ကုန်ကျငွေ ၁၅ သိန်းကနေ သိန်း ၂၀ ဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက် သုံးမယ်ဆိုရင် လူပေါင်း ၃၀၀ ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်တဲ့ ပမာဏဖြစ်ပါတယ်။

ပြင်းထန်တဲ့လူနာတယောက်အတွက် နိုင်ငံတော်က ကုန်ကျငွေ သိန်း ၅၀ ဟာဆိုရင် လူ ၁၀၀၀ လောက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်တဲ့ပမာဏဖြစ်ပါတယ်။

– ဒေါ်အောင်ဆန်းစုကြည်

ဒီဇင်ဘာ ၄၊ ၂၀၂၀ သောကြာည ၈ နာရီ အစိုးရရုပ်သံသတင်းမှာ ကိုဗစ်-၁၉ အရေး ပြောကြားချက်မှ။

Myo ThaHtet