အမေနေမကောင်းနေလို့ မုန့်ထွက်ဝယ်ပေးတာဈေးဝယ်ကဒ်က အိမ်ကကလေးတွေသွားကြတာနဲ့မင်းသီဟတင်ပဲလေ မနက်အစောပဲဆို ထွက်လာတာ၈၆ ဂိတ်ကလွှတ်ပေးတယ်။
ညောင်ပင်ဈေးထောင့်ဂိတ်ကထပ်စစ်တာ၊အတော်အဆူခံရပါတယ်။လုံးဝခွင့်မပြုကြောင်းစည်းကမ်းချက်ထုတ်ပြန်ထားကြောင်းနားလည်ပေးစေလိုကြောင်းဖြင့်၅၀၀၀ ဆောင်ရတယ်။
ကိုယ့်ရပ်ကျေးဥက္ကဌကိုလည်း လှမ်းဆက်တယ်။ဥက္ကဌက ဟာဗျာ မကြူဆွေလားတဲ့
ရှက်တာကြီးအများကြီးတန်းစီနေပါတယ်။ဓာတ်ပုံတွေလည်းရိုက်ပါတယ်။တော်သေး ကိုယ်မပါလို့
တကယ်စစ်နေတာပါနော်တချို့ဂိတ်တွေ ၅၀၀၀တချို့ဂိတ်တွေ ၁၀၀၀၀ ပါတဂိတ်ကျော်ပြီး နောက်တဂိတ်မလွတ်ပါဘူးထပ်ဆောင်ရမှာပါ။
မြို့နယ်ကျော်ကဒ်တွေမရသေးရင် ကျော်လို့လုံးဝမရပါ။အောင်စံကနေ ချမ်းအေးအကူး၂၆ မှာ ထပ်စစ်ပါတယ်။သွားမရပါ ပြန်လွှတ်ပါတယ်
မန်းတလေးပါဗျအတည်စစ်ဆေးအရေးယူနေတာမို့မလိုအပ်ပဲ မထွက်ကြပါနဲ့နော်။
အမေကတော့ဟော်တော်မမိကြူ ဆိုင်လည်းမသွားလေနဲ့ ဘယ်မှမထွက်လေနဲ့တဲ့။