News





unicode

အဖြူရောင် ပရဟိတ ကြယ်လေးတစ်ပွင့် ကြွေလွင့်သွားပြီမိသားစုနဲ့ထပ်တူ များစွာစိတ်မကောင်းဖြစ်ရပါတယ်။အသက်အတွက် အသက်ကိုရင်းထားကြသူတွေတခြားသူဘဝတွေအတွက် မိမိတို့ဘဝတွေကို ထပ်ထားကြသူတွေ။

ကျေးဇူးတင်အသိအမှတ်ပြုဖို့ ဝန်လေးကြပေမယ့် အပြစ်တင်ဖို့ဝန်မလေးတဲ့ သူတွေကြား ဝါသနာအရ ကူညီလုပ်ကိုင်နေကြပေမယ့် နောက်ခံဆိုလို့ ကြည့်လိုက်ရင် ကျောကလွဲလို့ ဘာမှမရှိဘူး။နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းနေသူတွေ။ပရဟိတအမျိုးအစားအများကြီးထဲမှာမှ ထောင်နဲ့ဆေးရုံကြားထဲ ရပ်တည်နေတဲ့ Ambulance ယာဉ်မောင်းဘဝတွေ။

စိတ်မကောင်းစရာ ပရဟိတအသင်းတွေရဲ့ မတော်တဆဖြစ်တဲ့ သတင်းတွေကြားမိတိုင်း ကိုယ်တွေရွေးချယ်မှု မှားခဲ့ပြီလားလို့ နောင်တအကြိမ်ကြိမ်ရမိပေမယ့် အကူအညီတောင်းသံတွေကြားတိုင်း မရုန်းထွက်နိုင်သေးဘူးဘဝတူညီအကိုများ အသင်းများအားလုံးဘေးကင်းကျန်းမာ စိတ်ချမ်းသာစွာ ကူညီနိုင်ကြပါစေ…