၎-၁၂-၂၀၂၀ ရက်နေ့ ည ၈:၀၀ နာရီအချိန်ခန့်တွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံကြီးသားပီသစွာ တာဝန်သိပြည်သူ ၁ ဦး၏ သတင်းပေးချက်အရ —မှန်လုံယာဉ်ဖြင့် ကျိုက်ထိုမြို့သို့ ရန်ကုန်မှပြန်လာသူ တစ်ဦးအား covid 19 ရောဂါ စစ်ဆေးခြင်းမရှိပဲ စစ်တောင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများ မသိရှိစေရန်
(မတွေ့ရှိစေရန်)အတွက် မှန်လုံယာဉ်ပေါ်ရှိ ထိုင်ခုံနှင့်ကြမ်းခင်းကြားတွင် ပုန်းအောင်း၍ လိုက်ပါစေခဲ့ကြောင်း သတင်းရရှိသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့ ၊ မြို့နယ် ရဲတပ်ဖွဲ့မှုးပါဝင်သော ရဲတပ်ဖွဲ့ဝင်များ ၊ လူမှုကူညီရေးအသင်း(ကျိုက်ထို)မှ အသင်းဝင်များ စုပေါင်း၍
ကျိုက်ထိုမြို့ ရှမ်းဈေးရှေ့တွင် အဆိုပါမှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ဖြစ်စဉ်မှန်ကန်ကြောင်း သိရှိ၍ မှန်လုံယာဉ်မောင်း+ယာဉ်နောက်လိုက်အား ၊ ညတွင်းချင်း
ဖက္ကလိပ်(cbfq) စခန်းသို့ ပို့ဆောင်ခဲ့ပြီး ၊ မှန်လုံယာဉ်ဖြင့်လိုက်ပါလာသူ နေရပ်ပြန် ၁ ဦးအား ဇေယျာမွန်(cbfq)သို့ ပို့ဆောင်စေခဲ့ပါသည်။
အဆိုပါ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်အား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကနဦး သတင်းရရှိပါသည်။
crd လူမှုကူညီရေးအသင်း ကျိုက်ထိုမြို့