News

သခင်နဲ့ ကွဲသွားတဲ့ ခွေးလေး အဖြစ်


ခွေးလေးကကြောက်လို့ထွက်ပြေးသွားတာနဲ့သူတို့အလာကိုစောင့်ပေးရင်း သခင်တွေကသူ့နာမည်ခေါ့်တော့ထွက်လာတယ်







——————

အပြင်ထွက်ရင်းဓါတ်တိုင်မှာခွေးပျောက်ကြော်ငြာလေးတွေ့လို့ ဖတ်ကြည့်ရင်း ဓါတ်တိုင်အောက်ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် အဲ့ခွေးလေး ထိုင်နေတာနဲ့ သခင်တွေ ဆီဖုနါးဆက်ကြည့်တော့ ချက်ချင်းလိုက်လာကြတယ်

ခွေးလေးကကြောက်လို့ထွက်ပြေးသွားတာနဲ့သူတို့အလာကိုစောင့်ပေးရင်း သခင်တွေကသူ့နာမည်ခေ့ါ်တော့ထွက်လာတယ်

ပြန်ဆုံသွားကြတာတွေ့တော့ဝမ်းသာလိုက်တာ ငိုကြတာတအား အန်တီကြီးကဗေဒင်တွက်ပြီးခုပဲပြန်လာတာ ပြန်တွေ့မယ်ပြောတယ်တဲ့ ဗေဒင်မှန်တာပေါ့နော်

ကျွန်မလည်းခွေးချစ်သူမို့ သခင်တွေဘယ်လောက်စိတ်ပူ သောကရောက်နေမလဲခံစားနားလည်လို့ရတယ်

ဝမ်းသာလိုက်တာ ပျော်လို့မျက်ရည်တောင်ဝဲတယ် သူတို့ကြည့်ပြီး

မဟုတ်ရင်ခွေးလေးဘယ်လောက်ဒုက္ခရောက်နေမလဲ

သခင်တွေလည်းပူပန်စိတ်သောကရောက်နေရမှာ

ခွေးကလေးနာမည်က ကိကိတဲ့