News

ဘုန်းကြီးကျောင်းများမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ခိုးယူရောင်းချသူများ ဖော်ထုတ်ဖမ်းဆီ

ဘုန်းကြီးကျောင်းများမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ခိုးယူရောင်းချသူများအား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နှင့် တံတားဦးမြို့နယ်များရှိ ကျေးရွာ ဘုန်းကြီးကျောင်းများမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ခိုးယူရောင်းချသူများအား

တိုင်းမှုခင်းအကူဌာနစိတ်မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

(သတင်းဖော်ပြချက်အပြည့်အစုံ)

၁။ ၁၄-၁၁-၂၀၂၀ ရက်နေ့ (၁၄၀၀)အချိန်ခန့်တွင် ကျပ်ပြင် ကျေးရွာ၊ သိပ္ပမဉ္ဇူကျောင်းဝန်း အတွင်းရှိ သီးခြားဂန္ဓကုဋိတိုက်အတွင်း ကိုးကွယ်ထားရှိသော လွန်ခဲ့သောနှစ်ပေါင်း(၁၅၀)ခန့်က တည်ထား

ကိုးကွယ်သော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၈)ဆူ ပျောက်ဆုံးသွားသဖြင့် စုံစမ်းဖော်ထုတ် အရေးယူ ပေးပါရန် ကျေးရွာဂေါပကဥက္ကဌမှ တိုင်တန်း၍ ချောင်းခွနယ်မြေရဲစခန်း (ပ)၅၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။

၂။ တိုင်းမှုခင်းအကူဌာနစိတ် တာဝန်ခံနှင့်တပ်ဖွဲ့ဝင်များသည် အမှုမှ တရားခံ ဖမ်းဆီးရမိရေးဘုရား ခိုးခံရမှု နှင့်ပတ်သက်၍ အသွင်ယူပြီး ထိုးဖောက်စုံစမ်းခဲ့စဉ်

ပျောက်ဆုံးဘုရားဆင်းတုတော်(၈)ဆူအနက် (၃)ဆူမှာ မိတ္ထီလာမြို့တွင် နေထိုင်သည့် ဦးဝင်းမြင့် ဆိုသူထံတွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ၁၉-၁၁-၂၀၂၀ ရက်နေ့ ညနေ ၁ နာရီခွဲအချိန် မိတ္ထီလာခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ နှင့်အတူ

မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်နေ ဦးဝင်းမြင့်(၅၇)နှစ်၏နေအိမ်အား သက်သေများနှင့် အတူ ဝင်ရောက်ရှာဖွေရာ ဦးဝင်းမြင့်အား အမှုမှ ပျောက်ဆုံးသွားသည့် ဘုရားဆင်းတုတော်(၃)ဆူနှင့် အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ဦးဝင်းမြင့် အား ရဲစခန်းသို့ခေါ်ဆောင်၍ အသေးစိတ်စစ်ဆေးရာ ၁၅-၁၁-၂၀၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က လှိုင်မင်း မှ ဖုန်းဆက်ပြီး ဘုရားဆင်းတုတော်(၃)ဆူ ရောင်းလိုကြောင်းပြောရာမဝယ်လိုကြောင်း

ငြင်းဆန်ခဲ့ကြောင်း၊ (၂)နာရီကျော်အကြာတွင် မန္တလေးမြို့ တွင် နေထိုင်သည်ဟုသိရသည့် ဦးမောင် မှ ဘုရားဆင်းတုတော်(၃)ဆူ ရောင်းလိုကြောင်း ဖုန်းဆက်ပြီး ၁၆-၁၁-၂၀၂၀ ရက်နေ့ နံနက်

၁၁ နာရီခွဲအချိန်တွင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ဗုဒ္ဓရုပ်ပွားတော်(၃) ဆူအား ငွေကျပ်(၁၄)သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၃။ ဦးဝင်းမြင့်၏ ထွက်ဆိုချက်အရ လှိုင်မင်း(ခ)ကျော်သူ အား ဖမ်းဆီးရမိရေး အသွင်ယူ သတင်းစုံစမ်း ခဲ့ရာ မန္တလေးမြို့တွင်ရောက်ရှိနေကြောင်းသတင်းအရ ၂၀-၁၁-၂၀၂၀ ရက်

နေ့ည ၈ နာရီ ၄၅ အချိန် ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးအရှေ့မုဒ်အနီးတွင် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိခဲ့ပြီး ဦးဝင်းမြင့် နှင့် လှိုင်မင်း(ခ)ကျော်သူတို့၏ ထွက်ဆိုချက်များအရ တရားခံတစ်ဦးဖြစ်သူ ဦးမောင်(ခ)ဦးမောင်မောင်အား ဖမ်းဆီးရမိရေး

ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၉-၁၁-၂၀၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ အချိန့် ဦးမောင်(ခ) ဦးမောင်မောင် အား ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး၊ သံဃာ့ဆေးရုံ အနောက်ဘက်အပေါက်အနီး ဆိုင်ကယ်ဖြင့် ထွက်ပြေးမည်ပြုစဉ် လုံးထွေးဖမ်းဆီးရမိပါသည်။

၄။ ဖမ်းဆီးရမိသော ဦးဝင်းမြင့်၊ လှိုင်မင်း(ခ)ကျော်သူ၊ ဦးမောင်(ခ)ဦးမောင်မောင် တို့အား စစ်ဆေး ချက်များအရ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ခိုးယူသူများမှာ မင်းခန့်နှင့် ကျော်ကျော်(ခ)ကုလားလေး ဆိုသူတို့ (၂)ဦးဖြစ်ကြောင်း သိရှိရသဖြင့်

ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၉-၁၁-၂၀၂၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ အချိန်တွင် ကျော်ကျော်(ခ)ကုလားလေးအား အောင်ချမ်းသာရပ်ကွက်အတွင်းတွင် လည်းကောင်း၊ ည ၈ နာရီ ၁၅ အချိန် မင်းခန့်အား သိပ္ပံလမ်းနှင့် ၅၆ လမ်းထောင့်အနီးတွင်လည်းကောင်း လုံးထွေးဖမ်းဆီး ရမိခဲ့ပါသည်။

ဖမ်းဆီးရမိသော မင်းခန့်နှင့် ကျော်ကျော်(ခ)ကုလားလေး တို့ ၂ ဦးအား အသေးစိတ်စစ်ဆေးခဲ့ရာ ခိုးယူလာသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအား တောင်သမန်ကန်ပတ်

လမ်း၏ အနောက်ဘက် xxxxx ဆိုင်တွင်လည်း ရောင်းချခဲ့ကြောင်း ထွက်ဆိုသဖြင့် သွားရောက် သိမ်းဆည်းရာ အမှုမှ ပျောက်ဆုံး၍ သိမ်းဆည်းရန်ကျန်သော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၅)ဆူအပြင်

မြင်းခြံမြို့နယ်နှင့် တံတားဦးမြို့နယ် အတွင်း အခြားကျေးရွာများရှိ ဘုန်းကြီးကျောင်းများမှ ခိုးယူရရှိလာသည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် (၁၁)ဆူအား သိမ်းဆည်းရမိသဖြင့် ရဲစခန်းအသီးသီးတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပါသည်။