News

“ကိုဗစ်ကာလမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတဲ့ လောင်းကစားဝိုင်းကြီး”

ဒီနေ့ ချောင်းဆုံမြို့နယ် နှီးမုတ်ကျေးရွာ ရွာသစ် (ရွာလွတ်) ကျေးရွာအနီးမှာ ကြက်ဝိုင်းတွေ အနီထောင်ဝိုင်းတွေနဲ့ လူစည်ကားလျက်ရှိနေပါတယ်။

တာဝန်ရှိသူတွေအိပ်ပျော်နေကြတာလားခင်ဗျ။

ခုလိုကာလမှာ လူစုလူဝေးတွေဒီလိုမျိုးနဲ့ စည်စည်ကားကားလုပ်ခွင့်ရနေတာက ဘယ်သူ့ခွင့်ပြုချက်လဲ နောက်ကွယ်ကနေဘယ်သူက မသိချင်ယောင်ဆောင်ပေးနေတာပါလဲခင်ဗျ။

စည်းကမ်းချက်တွေအမျိုးမျိုးထုတ်တဲ့အစိုးရလူကြီးတွေရော ဒါတွေကိုမသိဘူးလား၊ ပြည်နယ် အတွင်း ခုလိုဖြစ်ပျက်နေတာတွေကို မျက်ကွယ်ပြုပေးထားတာလား။

လုပ်နေကြတဲ့လူတွေရော ဆော့နေကြတဲ့လူတွေရော ရောဂါကူးစက်မှာကိုမစိုးရိမ်ကြဘူးလား ?

မသိချင်ယောင်ဆောင်နေတဲ့လူကြီးမင်းတွေသိအောင်တင်ပေးရတာပါ

@မွန်ပြည်နယ်သတင်းစုံ