News

“စံပြလယ်ယာမြေတွေ ဖော်ဆောင်ပေးပြီး သဖန်းဆိပ် ဆည်ရေသောက် လယ်သမားတွေဘ၀ကို မြှင့်တင်ပေးတော့မယ့် JICA”

သဖန်းဆိပ်ရေလှောင်တမံမှ ‌ရေများကို ကင်းတပ် ရေလွှဲဆည်မှ ကင်းတပ် လက်ျာတူးမြောင်း။ ကင်းတပ် လက်ဝဲတူးမြောင်းများမှ ရေပေးဝေနေပါသည်။

ကာဘိုးရေလွှဲဆည်မှ ရေဦးတူးမြောင်း ( YMC ) ရွှေဘိုတူးမြောင်း ( SMC )တို့မှ ရေပေးဝေနေပါသည်။

ရွှေဘိုခရိုင် စိုက်ပျိုးရေး အတွက် တောင်သူလယ်သမား တို့၏ ဘဝမြှင့်တင်ရန် ခွင့်တောင်းခြင်း။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် က နိုင်ငံခြားရေးဝန်ကြီး အဖြစ်နှင့် ဗီယက်နမ် နိုင်ငံ၌ အစည်းအဝေးတက်ရောက်စဉ် ဂျပန်နိုင်ငံမှ ရွှေဘိုခရိုင် သဖန်းဆိပ်ဆည်ရေသောက် တောင်သူလယ်သမားများအတွက် သီးသန့်ပြုပြင်ပေးလိုကြောင်း တင်ပြခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ ခွင့်ပြုလိုက်ပြီးနောက် ၂၀၁၇ ခုနှစ်၌ဂျပန်များ စကားပြန်ဖြင့် ရောက်ရှိလာပြီး တောင်သူများအား မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။

ကင်းတပ် လက်ျာတူးမြောင်း နှင့် လက်ဝဲတူးမြောင်း အား အဓိကထား ပြင်ဆင်မည်ဟု ဆုံးဖြတ်ကြောင်း သိရပါသည်။

၂၀၁၈ အစောပိုင်း၌ ရေဦးမြို့နယ် လက်ျာတူးမြောင်း ပေအရှည်တိုင်းတာခြင်း။ ရေထုတ်ပြွန်များတိုင်းတာခြင်း များအား ဆည်မြောင်း ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ရပါသည်။

ဂျပန်လူမျိုး ( ၁၇ )ဦး အပါအဝင် JICA နှင့် ဆည်မြောင်း တည်ဆောက်ရေး ( ၄ ) တို့ ပူးပေါင်းဆောင်ရွက် မည်ဟုသိရပါသည်။

JICA အစီအစဉ် ကြိုတင်ဆောင်ရွက်မှုအနေဖြင့်

၁။ ရွေဘိုမြို့နယ် လိပ်ချင်းကျေးရွာအနီး စံပြလယ်ယာ ဧက ( ၄၀၀ ) ဖော်ခြင်း။

ယခုဆောင်ရွက်ပြီး ဧက ( ၅၀၀ ) ကျော်

၂။ ဒီပဲယင်းမြို့နယ် ကံပြားကျေးရွာအနီး စံပြလယ်ယာ ဧက ( ၄၀၀ ) ဖော်ခြင်း။

၃။ ရေဦးမြို့နယ် မုတ်စီကျေးရွာအနီး စံပြလယ်ယာ ဧက ( ၄၀၀ ) ဖော်ခြင်း။

ယခု၂၀၂၀ – ၂၀၂၁ ဆောင်ရွက်မည်။

ယခုဆိုလျှင် JICA က ပြုပြင်မည့် တူးမြောင်းများဆီသို့ စက်ယန္တရားများ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်စေရန် လမ်းများ ခင်းခြင်း။ပြင်ခြင်း ဆောင်ရွက်နေပါသည်။

စက်ယန္တရားများ ထားရန်နေရာ လည်း သတ်မှတ်ထားပါသည်။

ဥပမာ – ပထမအသုတ် စက်ယန္တရား အစီး ( ၆၀ ) ပို့ပါမည်။ ရွှေဘို EE ရုံး ( ၃၁ )စီး ထား၍ ရေဦး EE ရုံး ( ၂၉ ) စီးထားပါမည်။

ဂျပန်နိုင်ငံ JICA အစီအစဉ်က ( ၆ ) နှစ်ကြာပါမည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ဖြစ်ပါသည်။

ပထမ ၂ နှစ်၌ တူးမြောင်းများ ပြုပြင်မည်ဖြစ်ပြီး ဒုတိယ ၄ နှစ်၌ လယ်ယာမြေများ ပြုပြင်ပါမည်။

လယ်ယာမြေများအား စံပြလယ်ယာ အဖြစ် ပြုပြင်ပါမည်။

မိမိတို့လယ်ယာမြေထဲ၌ ရေဂါလံဘယ်လောက် ရောက်နေပြီလဲဆိုတာ ဆည်မြောင်း ရုံးက ထိုင်ကြည့်သိနေသည့် အဆင့်ထိ ပြုပြင်ပေးမည်ဟု သိရပါသည်။

ယခုနှစ် ၂၀၂၁ မှစတင်ကာ တူမြောင်းများစတင်ပြင်မည်ဖြစ်၍ လက်ျာတူးမြောင်း နွေစပါး ရေပေးနိုင်မည်မဟုတ်ပါ။

( ရေဦးဆည်မြောင်းရုံး၌ EE ဦးဆန်းလွင်ဦး တာဝန်ထမ်းဆောင်စဉ်က ပြောပြ ရှင်းပြသိရှိ ထားသည်များအား တစ်ဆင့်ပြန်လည်ရှင်းပြခြင်းဖြစ်ပါသည်။ )

၂၀၂၀ ဒီဇင်ဘာ ( ၄ ) ။ ရေဦး