News

ကိုဗစ် Positive အတည်ပြုလူနာ (၁)ဦး ထပ်မံသေဆုံး

မော်လမြိုင် သီရိမြိုင်(၈)လမ်းမှ အသက်(၅၉)နှစ်အရွယ်ကျောက်ကပ်ရောဂါအခံ ဆီးချိုသွေးချိုရောဂါအခံရှိသူဖြစ်ပြီး2.12.2020 ညနက်ပိုင်းက နေအိမ်တွင် အမောဖောက်လာ၍ ဆေးရုံကြီး OPD သို့ ရောက်ရှိလာစဉ် စစ်ဆေးရာမှPositive ပိုးတွေ့ရှိခဲ့ရပြီး ကုသဆောင်သို့ ကျွန်တော်တို့မော်လမြိုင် RESCUE ကွန်ယက်မှ ပို့ဆောင်ပေးခဲ့တဲ့သူပါ။

ဆေးရုံကြီး Ward-1 အထူးကြပ်မတ်ကုသဆောင်တွင်ဆေးကုသမှုခံယူနေစဉ် ယနေ့ (4.12.2020) ရက်နေ့တွင်သေဆုံးသွားခြင်း ဖြစ်ပါသည်။ Covid-19 ဟာ ကျန်းမာရေးကောင်း ကိုယ်ခံအားကောင်းသူတွေအတွက် ရောဂါလက္ခဏာမပြပဲ ပြန်ကောင်းနိုင်ပေမဲ့အသက်အရွယ်ကြီးသူတွေ ကလေးငယ်တွေနဲ့ ရောဂါအခံရှိသူတွေအတွက်တော့ တကယ့်ကို အန္တရာယ်ရှိပါတယ်။

မိသားစုဝင် အားလုံးလည်း Q ထဲမှာ ရောက်ရှိနေပါတယ်။Q ထဲမှ မိသားစုဝင်များ ဆန္ဒကိုမေးမြန်းပြီး နာရေးလိုက်ချင်သူတွေရှိရင် ကျန်းမာရေးဌာနမှ ချမှတ်ထားသည့် လမ်းစဉ်အတိုင်း ကူညီပေးမှာဖြစ်ပြီး မလိုက်လိုတော့ပါက မိသားစုဝင်များကိုယ်စား နောက်ဆုံးခရီးအား အကောင်းဆုံးဖြစ်အောင် ကူညီသဂြိုလ်မှု ဆောင်ရွက်ပေးပါမည်။

ဇင်မိုး

မော်လမြိုင် RESCUE ကွန်ယက်

မော်လမြိုင် (၁၀)မြို့နယ်ဆောင် CBFQ စခန်း။