News

ငယ်ငယ်တုန်းက ဘယ်သူ့ကို အချစ်ဆုံးလဲမေးတော့ အမေ့ကိုအချစ်ဆုံးဆို အမေ့ကိုညာခဲ့တဲ့ သမီးနဲ့သားများသိစေရန်

မိဘမေတ္တာဆိုတာ စုန်ရေသာရှိပြီး ဆန်ရေမရှိဘူးဆိုတာ သိပ်မှန်တာ။မိဘတွေကသားသမီးကို ပြစ်ရိုးထုံးစံမရှိပေမဲ့ သားသမီးများက အချိန်တန်အရွယ်ရောက်လာတဲ့အခါ အသက်အရွယ်ရလာတဲ့မိဘတွေကို စွန့်ပစ်တတ်ကြပါတယ်။

မိဘတွေကလေ သားသမီးအပေါ် မေတ္တာပေးသလောက် သားသမီးတွေက မိခင်အပေါ်ပေးတဲ့မတ္တာသိပ်ကိုနည်းပါးကြတယ်၊ သားမေ့မေ့ကို ညာခဲ့တယ်နော်။ ငယ်ငယ်တုန်းက ဘယ်သူ့ကိုအချစ်ဆုံးလဲလို့ မေးတဲ့အခါ မေ့မေ့ကိုအချစ်ဆုံးတဲ့။

သားမေ့မေ့ကို ညာခဲ့တယ်နော်။ သားကြီးလာရင် အလုပ်လုပ်ပြီးမေ့မေ့ကို ပြန်လုပ်ကြွေးမယ်တဲ့။ သားစကားကြားတုန်းက မေ့မေ့မှာပိတိဖြစ်ပျော်ခဲ့လိုက်ရတာသားရယ် ခုထိအမှတ်ရနေဆဲပါ။အ်ာလောကကြီးရယ် မတရားလိုက်တာကွာ မင်းတို့အလှည့်တုန်းကတော့တော့

အဖေအမေတွေမှာ သားသမီးလေးယောက်ကို လူ့ကြားထဲ မျက်နှာတစ်စက်လေးမငယ်ရအောင် ပင်းပန်ကြီးစွာကြိုးစားပြုစုပျိုထောင်ပေးခဲ့ကြပေမဲ့ မိအိုကြီးရဲ့နောင်ဆုံးနေဝင်ချိန်လေးမှာ အထီးကျန် သိမ်ငယ်အားငယ်မှုတွေနဲ့ တစ်ယောက်တည်း ဖြတ်သန်းနေရပါလားကွာ

ဧရာဝတီတိုင်းပုသိမ်မြို့ ပဒဲကောရွာလေးမှ အမေအိုကြီး သူနာမည်ကမမြရင် သူ့ယောက်ျားက ဆုံးသွားတာ ၆နှစ်လောက်ရှိပြီးအရင်ကတော့ သားသမီးလေးယောက်ရှိပါတယ် သား၃ယောက် သမီးတစ်ယောက်၊ သားအကြီးက ၂၀၁၃လောက်ကတည်းက ထိုင်းတက်သွားတယ် စာမလာသတင်းမကြားနဲ့ ကျန်သုံးယောက်ကတော့ သူ့အိမ်ထောင်တွေနဲ့သူ ယခုအခါ အမေအိုကြီးမှာ ဘဝနေဝင်ချိန်မှာတစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလို့လာခဲ့ပါပြီ။

ဒီစာလေးကို ဒကာမကြီး သားသမီးတွေများ မြင်ခဲ့ရင် ဘဝနေဝင်ချိန်မှာ တစ်ယောက်တည်း ဖြတ်သန်းနေရတဲ့ အမေကြီးအတွက် ဒကာ ဒကာမလေးတွေကျေးဇူးကြွေး ပြန်ဆပ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ အခုဒကာမကြီးခြေထောက်မှအနာမှာ အတွင်းလှိုက်စားပြီး

တော်တော်အခြေနေဆိုးနေပါသည် ပေါင်မှအသားအား အစားထိုးကုသရန်လိုအပ်နေပါသည် ကုန်ကျစာရိတ်အား ဘုန်းဘုန်းတစ်ယောက်တည်းမတက်နိုင်လို့ ၁၀၀၀/၂၀၀၀မှအစ တက်နိုင်သလောက်လေး ဝိုင်းဝန်းကူညီပေးကြပါရန်နိဗ္ဗာန်နိုးဆော်အပ်ပါတယ်။

လှူဒါန်းလိုပါက ဦးဇင်းဖုန်းနံပါတ်လေး KPZ PAYနဲ့ wave pay ဖွင့်ထားပေးပါတယ် အမေအိုကြီးအတွက် တက်နိုင်သလောက်လေး ဝိုင်းဝန်းကုသိုလ်ယူနိုင်ကြပါစေ။ စာဖတ်ပရိတ်သတ်ကြီးလဲ မိဘမေတ္တာကိုသိရှိခံစားနိုင်ကာ

မိဘကျေးဇူးကိုအထူးသိတတ်ကာ ဆပ်နိုင်တဲ့သားသမီးလေးများ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ အဆုံးထိဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီးအား ကျေးဇူးအထူးတင်ရှိပါတယ်။

ဦးပညာစာရKBZ Pay -09789611305/U Hla Than – Wave Pay-09789611305။