ရည္းစားျဖစ္သူ Q ဝင္ေနခ်ိန္ အုတ္တံတိုင္းေက်ာ္ဝင္ကာခိုးေတြ႕သည့္အမ်ိဳးသမီး Q ဝင္ေနရ၊ တားျမစ္ထားေသာ ေနရာအတြင္း က်ဴးေက်ာ္ဝင္ေရာက္မႈျဖင့္ အေရးယူခံရမည္။ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ရည္းစားျဖစ္သူ Q ဝင္ေနရသည့္အတြက္
အုတ္တံတိုင္းေက်ာ္ၿပီး ဝင္ေရာက္ေတြ႕ဆုံခဲ့သည့္ အမ်ိဳးသမီးတစ္ဦးသည္ လက္ရွိအခ်ိန္တြင္ Q ဝင္ေနရၿပီး ေက်ာက္မဲၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီက အမႈဖြင့္အေရးယူထားသည္ ဟု သိရသည္။ တာခ်ီလိတ္မွ ျပန္လာၿပီးေက်ာက္မဲရွိ အထက (၃) Q စင္တာတြင္ အသြားအလာ
ကန႔္သတ္ထားေသာ အမ်ိဳးသားတစ္ဦးထံသို႔ ၎၏ ရည္းစားဆိုသူ အမ်ိဳးသမီးတစ္ဦးက ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔က အုတ္တံတိုင္းေက်ာ္ဝင္၍ ေတြ႕ဆုံျခင္း၊ ခိုးထုတ္၍ ေခၚေဆာင္သြားျခင္းမ်ား ရွိေနသည့္အတြက္ ပတ္ဝန္းက်င္ႏွင့္ တာဝန္ရွိသူမ်ားက ေစာင့္ၾကည့္
ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္ဟု ေက်ာက္မဲၿမိဳ႕နယ္ ကိုဗစ္ေရာဂါ တားဆီးကာကြယ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။ “သူက ခိုးဝင္ၿပီး သူ႔ရည္းစားကို ဝင္ေတြ႕တယ္၊ အဲ့ဒါကို အတိအက် သတင္းရလို႔ေစာင့္ၿပီး ဖမ္းေပးၾကတာေပါ့၊
ညတြင္းခ်င္းပဲ ရဲလက္အပ္ၿပီး အမႈဖြင့္ထားတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္ ကိုဗစ္ေရာဂါ တားဆီးကာကြယ္ေရးႏွင့္ အေရးေပၚတုန္႔ျပန္ေရးေကာ္မတီမွ ဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးႏိုင္ဝင္းက ေျပာသည္။ လက္ရွိအခ်ိန္တြင္ Q စင္တာအတြင္း က်ဴးေက်ာ္ဝင္ေရာက္သည့္
အမ်ိဳးသမီးသည္ အမွတ္ ၈ ရပ္ကြက္ရွိ အလက (၃)တြင္ Q ဝင္ေနရၿပီး ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ပုဒ္မ-၂၉ (အမိန႔္ထုတ္ျပန္ထားၿပီး တားျမစ္ထားေသာေနရာအတြင္း က်ဴးေက်ာ္ဝင္ေရာက္မႈ) ျဖင့္ အမႈဖြင့္ခံထားရသည္ဟု သိရသည္။
ယူနီကုဒ္ျဖင့္ဖတ္ရန္
ရည်းစားဖြစ်သူ Q ဝင်နေချိန် အုတ်တံတိုင်းကျော်ဝင်ကာခိုးတွေ့သည့်အမျိုးသမီး Q ဝင်နေရ၊ တားမြစ်ထားသော နေရာအတွင်း ကျူးကျော်ဝင်ရောက်မှုဖြင့် အရေးယူခံရမည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ရည်းစားဖြစ်သူ Q ဝင်နေရသည့်အတွက်
အုတ်တံတိုင်းကျော်ပြီး ဝင်ရောက်တွေ့ဆုံခဲ့သည့် အမျိုးသမီးတစ်ဦးသည် လက်ရှိအချိန်တွင် Q ဝင်နေရပြီး ကျောက်မဲမြို့နယ် ကိုဗစ်ကော်မတီက အမှုဖွင့်အရေးယူထားသည် ဟု သိရသည်။ တာချီလိတ်မှ ပြန်လာပြီးကျောက်မဲရှိ အထက (၃) Q စင်တာတွင် အသွားအလာ
ကန့်သတ်ထားသော အမျိုးသားတစ်ဦးထံသို့ ၎င်း၏ ရည်းစားဆိုသူ အမျိုးသမီးတစ်ဦးက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က အုတ်တံတိုင်းကျော်ဝင်၍ တွေ့ဆုံခြင်း၊ ခိုးထုတ်၍ ခေါ်ဆောင်သွားခြင်းများ ရှိနေသည့်အတွက် ပတ်ဝန်းကျင်နှင့် တာဝန်ရှိသူများက စောင့်ကြည့်
ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ကျောက်မဲမြို့နယ် ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သူက ခိုးဝင်ပြီး သူ့ရည်းစားကို ဝင်တွေ့တယ်၊ အဲ့ဒါကို အတိအကျ သတင်းရလို့စောင့်ပြီး ဖမ်းပေးကြတာပေါ့၊
ညတွင်းချင်းပဲ ရဲလက်အပ်ပြီး အမှုဖွင့်ထားတယ်”ဟု ကျောက်မဲမြို့နယ် ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောသည်။ လက်ရှိအချိန်တွင် Q စင်တာအတွင်း ကျူးကျော်ဝင်ရောက်သည့်
အမျိုးသမီးသည် အမှတ် ၈ ရပ်ကွက်ရှိ အလက (၃)တွင် Q ဝင်နေရပြီး ကျောက်မဲမြို့မရဲစခန်းတွင် ပုဒ်မ-၂၉ (အမိန့်ထုတ်ပြန်ထားပြီး တားမြစ်ထားသောနေရာအတွင်း ကျူးကျော်ဝင်ရောက်မှု) ဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။