ယူနီကုဒ်ဖြင့်ဖတ်ရန်
ကိုဗစ်ကာကွယ်ဆေး စပေါ်လာတာ အကြောင်းပြုပြီး နောက်လလောက်ဆို လုပ်စားတွေ ပွဲစားတွေက ငွေသိန်းချီတောင်းပြီး မိုးရည်ထိုးပေးတာမျိုး flu shot က်ု ကိုဗစ်ဆေးလို့ လိမ်ထိုးပေးတာမျိုး ခံရနိုင်တယ်။ ဝိသမ
လောဘသမားတွေ အများကြီးရောက်လာပါလိမ့်မယ်။ သတိထားပါ။ သတိထားပါ။ သတိထားပါ။ ဆေးဟာ သူဌေးနိုင်ငံတွေ အလုံးရေတွက်ပြီး စာရင်းဇယားနဲ့ လုနေကြတာ၊ ဒီအချိန်မှာ ဘယ်နိုင်ငံတကာ ဆေးကုမ္ပဏီမှ
ကျင့်ဝတ်ဖေါက်ပြီး မှောင်ခိုထုတ်ရအောင် မဆင်းရဲပါ။ လောဘဇော မတက်ကြပါ။ ဆေးကုမ္ပဏီဆိုတာ ကျင့်ဝတ်အဓိက လိုက်နာကြပါတယ်။ စတော့ချ်ဈေးကွက်မှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေ၊ မဟုတ်တာလုပ်ရင်
ကုမ္ပဏီ ဦးဆောင်သူတွေ ထောင်ကျသွားမှာပေါ့။ လောဘဇော တက်ရအောင် သူတို့ပိုင်ကုမ္ပဏီတွေမဟုတ်ဘူး ၊ အများပိုင်ကုမ္ပဏီတွေ။ ဘယ်နိုင်ငံခြားဆေးရုံမှ ကိုယ့်နိုင်ငံသားကိုကျော်ပြီး လာဘ်ပေးလာဘ်ယူ မလုပ်ကြပါဘူး။
ဘယ်သူမှလည်း သူ့သေဘေး က လွတ်ပေးမယ့် ဆေးကို တခြားလူ ရောင်းမစားပါဘူး။ ချက်ချင်း မြန်မာပြည် မျက်စိလည်ရောက်လာတဲ့အထိလည်း ထုတ်လုပ်တာ မပေါပါ။ လိုအပ်တဲ့ အအေးဒီဂရီ မရရင်၊
သယ်ယူပုံမမှန်ရင်လည်း ရေထိုးထည့်ရသလို အာနိသင်မရှိပါ။ သတိထားကြပါ။ အစိုးရအမိန့်မရပဲ ၆ လအတွင်း ဘယ် ကိုဗစ်ကာကွယ်ဆေးမှ မထိုးကြပါနဲ့။ မယုံကြပါနဲ့။ “လူ့အသက်ကယ်ချင်ရင် ရှယ်ပေးပါ”